|
တာချီလိတ်တွင် ဆိုင်ခန်းခွန်များ တိုးမြှင့်ကောက်ခံ
နွယ်လေး။
စက်တင်ဘာလ ၂၅
ရက်၊ ၂၀၀၈ ခုနှစ်။
ရှမ်းပြည်နယ်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ်ရှိ
တာချီလိတ်မြို့အတွင်းမှ ဈေးဆိုင်ခန်းများကို ယခုနှစ်တွင်
အမြတ်
တော်ခွန်
တ၀က်နီးပါးခန့် တိုးမြင့်ကောက်ခံသဖြင့်
ဆိုင်ခန်းရှင်များ အခက်အခဲတွေ့နေကြရသည်။
ယခုနှစ် အမြတ်တော်ခွန်ငွေ
တိုးမြှင့်ကောက်ခံမှုကို တာချီလိတ်မြို့မှ ဆိုင်ခန်းရှင်တစ်ဦးက ယခုလို ပြောသည်။
"ဇွန်လဆို ၀င်ငွေခွန်ပြေလွှာ စာလာပြီ။၂၀၀၈
ခုနှစ်က ကြိုတင်ခွန်ငွေဆိုပြီး (၇)သိန်း ဆောင်ခိုင်း
တယ်။ ခု
အားလုံး ၂၀၀၈ခုနှစ်အပြီး နောက်ဆုံးပြေစာလာတော့ ထပ် (၇)သိန်း ဆိုတော့ ကျနော်က
မှားများ မှားလားဆိုတော့ မမှားဘူးတဲ့ အဲဒါ အားလုံး(၁၄ ) သိန်း သွင်းရတယ်။ ခု
၂၀၀၉တွက် ကြို
တင်ခွန်ဆိုပြီးတော့လေ (၁၀) သိန်းထပ်လာတယ် ။ အဲဒါ နှစ်ကုန်ထိ
နောက်ဆုံးအားလုံးပေါင်းရင် သိန်း (၂၀ )ဖြစ်တော့မှာပေါ့
အဲတိုင်းဆို။"
အခွန်တိုးမြှင့်ကောက်ခံခြင်းသည် နိုင်ငံတော်တွင်
စီးပွားရေးကျဆင်းကာ လိုငွေပြသည့်အတွက် အမြတ်တော်ခွန် ပိုကောက်ရခြင်းဖြစ်
သည်ဟု အမြတ်တော်ခွန်ရုံး ပြောကြောင်း ဒေသခံတဦးက ပြောသည်။
"အခွန်ဆောင်ဖို့
စာရွက်လာပေးတော့ ဒီလောက်အများကြီး အခွန်က
ဘာလို့ပို သွားရတာလဲ။ အ
ရောင်းဝယ်
မရှိတဲ့ကြားက အမြတ်တော်ခွန်ကဘာလို့ ပိုကောက်ရတာ လဲမေးတော့ အရောင်း အ၀ယ်
က
အရင်နှစ်ထက် အရမ်းကျတယ်၊ အထက်ကအမိန့် သူတို့ဘတ်ဂျက်လိုလို့ ပိုကောက်တာလို့
ပြောတယ်။
သူတို့ကပြောတယ် မကျေနပ်ရင် ဆိုင်ပိတ်ထားရုံပဲရှိတာပဲ အရောင်းဝယ်မလုပ်နဲ့လို့။"
အချို့ဆိုင်ပိုင်ရှင်က ငိုယိုတောင်းပန်သော်လည်း
အာဏာပိုင်များက ဂရုမစိုက်ကြောင်း ရွှေဆိုင် ပိုင်ရှင်တဦးက ပြောသည်။
"သူတောင်းတဲ့နှုန်း တိုင်းမပေးလို့ သူတို့
တိတိကျကျ လာစစ်တော့ ကျနော်တို့အတွက် ပိုဆိုးမှာပေါ့။ သူတို့ကောက်နှုန်းက
အခြားနိုင်ငံနဲ့ မတူဘူးလေ။ သူတို့မေးတာက ရောင်းအား ဘယ်လောက်လဲ ပဲမေးတာ။
သုံးတဲ့နှုန်း၊ စားစရိတ်၊ ရေ၊ မီးကို သူတို့က မတွက်ဘူး။ ရောင်းတဲ့ဈေးကို
ငွေဈေးနဲ့
ပဲတွက်ပြီး
သူတို့က ဘယ်လောက်မှ မကျဘူးဆိုပြီး ကောက်နေကြ တာလေ။ မုဆိုးမ အဘွား
အိုတစ်ဦးဆို ငိုတောင်ငိုတယ်။ ဘာဖြစ်လို့လဲဆို
သူရတာက တစ်ခန်းကိုငှားခ လေးထောင် အဲဒါကို
သူ့ကိုလေးသိန်းကျော်ဆောင်ခိုင်းတယ်။ ရွှေဆိုင်က လူတွေလည်း အခွန်ဆောင်ရတာ
များလို့ဆိုပြီး ညည်းနေကြတာပဲ "
အမြတ်တော်ခွန်ရုံးသို့ အခွန်ငွေများအပြင် ဘတ်ငွေ
နှစ်ထောင်ကို သီးခြားရံပုံငွေအဖြစ်လည်း
နှစ်စဉ်ပေးဆောင်
ရသည်။
ဆိုင်ခန်းပိုင်ရှင်နှင့်
ဆိုင်ခန်းငှါးရမ်းသူများက အမြတ်တော်ခွန် တိုးမကောက်ခံရန်အတွက် စုပေါင်း
လက်မှတ်ထိုး
ကာ
ဒေသခံအာဏာပိုင်ထံ အသနားခံစာ တင်ပြရန် ပြင်ဆင်နေ ကြသည်ဟု သိရသည်။
|