|
မံစီလူထု အများစု ကြွေးကြော်သံများ မဆိုဘဲ ဆန္ဒ ထုတ်ဖော်
သတင်းနှင့်မီဒီယာကွန်ယက်။
အောက်တိုဘာလ ၂၅ ရက်၊ ၂၀၀၇ ခုနှစ်။
ကချင်ပြည်နယ် မံစီမြို့တွင် ယနေ့ပြုလုပ်သည့် လူထုဆန္ဒထုတ်ဖေါ်ပ္ပွဲ၌
တက်ရောက်သူပြည်သူအများစုမှာ ကြွေး ကြော်သံများ မဆိုဘဲ ဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟု
ဆန္ဒထုတ်ဖော်ပွဲတက်ရောက်သူ မြို့ခံတဦးက ပြောသည်။
လူထုဆန္ဒထုတ်ဖော်ပွဲသို့ လူအင်အားသောင်းချီတက်ရောက်ခဲ့သော်လည်း
ကလေးငယ်ရာဂဏန်းလောက်ကသာ ကြွေးကြော်သံများ အော်ဟစ်ခဲ့ကြသည်ဟု ယင်းမြို့ခံက
ပြောသည်။
“ကြိုတင်ပြီးတော့
စာရွက်ကလေးတွေ ပေးတယ်။ ဒို့အရေးအော်ရမယ်ဆို ဒို့အရေး ဒို့အရေး၊ ဆန့် ကျင်ကြဆို
ဆန့်ကျင်ကြ ဆန့်ကျင်ကြ၊ အောင်ရမည်ဆို အောင်ရမည် အောင်ရမည် အဲလိုမျိုးတွေ
အော်ခိုင်းထားတာ။ အော်ခိုင်းထားတဲ့ခါမှာ ဘယ်လိုဖြစ်သလဲဆိုတော့ လူကြီးပိုင်းတွေက
နားလည် တော့ မအော်ကြဘူး။ လူအုပ်စုကြီး ကတော့ အင်အား သောင်းဂဏန်းလောက်ရှိမယ်။
ကလေးတွေက နှစ်ရာ၊ သုံးရာလောက်ရှိမယ်။ နှစ်ရာ၊ သုံးရာ အသံပဲ ထွက်တယ်။
သောင်းဂဏန်းဆိုတဲ့ အသံက ထွက် မလာဘူး။ ရှေ့ကနေ တိုင်ပေးတာ ကလေးတွေ အသံပဲ
ထွက်တယ်။ လူကြီးတွေတွေကတော့ ဆယ် ယောက်၊ ဆယ့်နှစ်ယောက် ပြောင်သလို နှောက်သလို
အော်တာပဲ ရှိတယ်။ လူထုရဲ့ သဘောထား အ မှန်တော့ အဲဒီမှာ ပြနေတာပဲ။”
သက်ဆိုင်ရာ ရပ်ကွက် အာဏာပိုင်များမှ တဆင့် မတက်မနေရ ဆင့်ခေါ်သည့်အတွက် သောင်းနဲ့
ချီသော လူ ထုက ဆန္ဒထုတ်ဖော်ပွဲကို တက်ရောက်ခဲ့ရခြင်းဖြစ်သည်ဟု အဆိုပါ
မံစီမြို့ခံက ဆက်လက် ပြောသည်။
“ဒီနေ့
မနက်ခြောက်နာရီအရောက်ပေါ့ မံစီမြို့၊ ဘော့လုံးကွင်းကြီး မံစီမြို့နယ်ကလူတွေ
မလာမနေရ တအိမ် တယောက် မလာမနေရ ခေါ်တယ်။ မလာလို့ရှိရင် အရေးယူခံရမယ်ပေါ့၊ မလာဘဲ
မနေရဲ ကြဘူး။ အကုန်လုံး လာရတယ်။ မြို့ထဲမှာ မပတ်ဘူး။ အားကစားကွင်းကြီးက ထွက်လာ၊
(ခမရ)၃၁၉ စစ်တပ်နား လမ်းခွဲ ရောက်တဲ့ခါကျတော့ ပြီးသွားတယ်။ တမိုင်နီးပါးလောက်
လမ်းလျောက်ရတယ်။ ခြောက်နာရီကနေ ခုနှစ်နာရီ ကျတော့ ပြီးသွားတယ်။ ”
မံစီမြို့နယ်အတွင်းရှိ ကျေးရွာများမှ လူများအနေဖြင့် မနက်လေးနာရီထိုးကတည်းက
ကျေးရွာများတွင် စုစည်းခဲ့ ရပြီး ချောဆွဲထားသည့် ဒေသအတွင်းမှ မော်တော်ကား၊
ထော်လာဂျီများဖြင့် လာရောက်ခဲ့ရသည်။
|