|
ထိုင်းနိုင်ငံသားတစ်ဦး
အသတ်ခံရ၍ နယ်စပ်ဖြတ်ကျော်ခွင့် ပိတ်ပင်ထား
သတင်းနှင့်မီဒီယာကွန်ယက်။ ဇော်ကြီး။
နိုဝင်ဘာလ ၂၅ ရက်၊ ၂၀၀၉ ခုနှစ်။
ထိုင်းမြန်မာနယ်စပ် တာ့ခ်ခရိုင်၊ အုန်းဖန်မြို့နယ် ၀ါဗွေးထာ့ရွာတွင်နေထိုင်သည့်
ထိုင်းရွာသား တစ်ဦး အသတ်ခံရ သဖြင့် နယ်စပ်ဖြတ်ကျော်ခွင့်ကို
ထိုင်းအာဏာပိုင်ဖက်က ပိတ်ပင်လိုက် သည်။
ယင်း
ထိုင်းနိုင်ငံသားကို တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်မတော် (DKBA) ကသတ်ဖြတ်
လိုက်သည့် အ တွက် နယ်စပ် ဖြတ်ကျော်ခွင့် ပိတ်ထားခြင်း ဖြစ်သည်ဟု ကရင်အမျိုးသား
အစည်းအရုံး(KNU)၏ နယ်မြေခံတပ် မှူးတစ်ဦးက ယခုလို စွပ်စွဲပြောဆိုသည်။
“၂၀ ရက်ညက သူတို့သွားခေါ်တာပဲ။သွားခေါ်ပြီးတော့
လမ်းမှာသတ်လိုက်တယ်။ သွားခေါ်တုန်းက သူ တို့(ရွာသား)သိတယ်လေ။ (DKBA)
မှန်းသိတယ်လေ။ (DKBA) တကယ်သေချာ တယ်။ အဲဒီတော့ ထိုင်းက
ဒီနယ်စပ်တလျှောက်ကိုပိတ်လိုက်တာလေ။”
နယ်စပ်ဖြတ်ကျော်ခွင့်အား ယခုလ ၂၃ ရက်နေ့က စတင်ပိတ်ပင်လိုက်သဖြင့်
ထိုင်း-မြန်မာနယ်စပ်ကို အမှီပြုသွား လာနေကြသည့် ကော်ဆဲ၊ ပလက်ဝ၊ ဟောဗွီးလာထာအာ့၊
ဟောဘိုးကေး စသည့်ကျေးရွာများမှ ရွာသားများ အ ခက်အခဲဖြစ်နေကြသည်ဟု ၎င်းကဆက်
ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ဒေသခံရွာသားတစ်ဦးက လူတစ်ဦးအသတ် ခံရသည်မှာ မှန်သော်လည်း
မည်သူ့လက် ချက်မှန်း မသိကြောင်းနှင့် နယ်စပ် အခြေအနေနှင့် ပတ်သက်၍
“သွားလို့လာလို့မရဘူး။ အကုန်လုံးပိတ်ထား တယ်။” ဟု ပြောသည်။
ယခုလိုနယ်စပ်ပိတ်ပင်ခြင်းမှာ ထိုင်းနယ်ခြားစောင့်တပ် တာဝန်ရှိသူများနှင့် (DKBA)အဖွဲ့
တို့ညှိနိုင်း လုပ်ဆောင် ခြင်းဖြစ်ပြီး အသတ်ခံရသူနှင့်ပတ်သက်၍ (DKBA) မှ
နယ်မြေခံတပ်မှူးတဦးက ယခုလိုငြင်းဆိုလိုက်သည်။
“ကျနော်တို့ဆီက မသတ်ဘူးလို့လည်း အတိအလင်းပြောရဲတယ်။ နောက်ပြီးတော့လည်း သူတို့(KNU)က
သတ်တယ်လို့စွပ်စွဲခဲ့ရင် ဒီလူကလည်းထိုင်းနိုင်ငံမှာ (KNU) အမာခံလူလည်း
ဖြစ်နေတယ်။ ဒါပေ မယ့် ကျနော်တို့ဆီကတော့ လုံးဝသတ်တာမဟုတ်ဖူး။ ဒီမှာ
ထိုင်းနယ်ခြား စောင့်တပ်ကလည်းရှိနေ တယ်လေ။”
အသတ်ခံရသူမှာ (KNU) တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံသားလက်မှတ်
ကိုင်ဆောင်ထားကာ (KNU) အဖွဲ့အစည်းအလုပ်ကို မလုပ်ရန် (DKBA)မှ သတိပေးခဲ့ဘူး
သည်ဟု ၎င်းကဆက်ပြောသည်။
“တချိန်တုန်းကလည်း ကျနော်တို့ ဒီကေဘီအေကလည်း
သူ့ကိုတစ်ခါစစ်ဆေးမေးမြန်းခဲ့ ဖူးပါတယ်။ သူ့ကို (KNU) အဖွဲ့အစည်းထဲမှာ
လုံးဝတာဝန်မထမ်းဆောင်တဲ့အကြောင်း ကျနော်တို့ အနေနဲ့ သစ္စာ ရေသောက်ပြီးတော့
အဲလိုမျိုးပြန်လွတ်ထားတာတော့ရှိတယ်။”
ထိုင်းမြန်မာနယ်စပ်တလျှောက်၌ ယခုလိုပြဿနာမျိုး မကြာခနဖြစ်ပွားလေ့ရှိပြီး
ပြဿနာဖြစ်သည့်အခါတိုင်း ထိုင်း တာဝန်ရှိသူများအနေနှင့် နယ်စပ်ပိတ်ပင်မှုများ
ပြုလုပ် လေ့ရှိသည်ဟု ၎င်းကဆက်ပြောသည်။
|