|
မဲဆောက်မြို့တွင် ဖမ်းဆီးမှု စတင် ၊ တရားမ၀င်သူ ၆၀၀ ကျော် ဖမ်းဆီးခံရ
သီတာထွန်း။
ဖေဖော်ဝါရီ ၂၆ ရက်၊ ၂၀၀၉ ခုနှစ်။
ထိုင်း-မြန်မာနယ်စပ်
မဲဆောက်မြို့နယ်တွင် တရားမ၀င်အလုပ်သမားများကို ထိုင်းဒေသခံ အာဏာပိုင်များက
အထူးစီမံချက်အနေဖြင့် စစ်ဆေးဖမ်းဆီးရာ ယနေ့နံနက်တွင် မြန်မာအလုပ် သမား (၆၀၀)
ကျော် ဖမ်းဆီးခံခဲ့ ရသည်။
ဖမ်းဆီးမှုနှင့်
ပတ်သက်ပြီး မြန်မာအလုပ်သမားအရေးကို ကူညီဆောင်ရွက်နေသူ ကိုမိုးကြိုးက ယခုလို
ပြော သည်။
“အလုပ်သမားလက်မှတ်၊ နေထိုင်ခွင့်လတ်မှတ်မရှိတဲ့ မြန်မာပြည်သား (၆၀၀) ကျော်လောက်
အဖမ်းခံ ရတယ်လို့ ကျနော်သတင်းရပါတယ်၊ အဓိကကတော့ မဲဆောက်မြို့ရဲ့ အရပ်လေး
မျက်နှာနဲ့ ဖုတ်ဖရ မြို့နယ် နောက် မယ်ရမတ်မြို့နယ်၊ အဲဒီမြို့နယ်နှစ်ခုမှာ
ဖမ်းဆီးခံရတာ ဖြစ်ပါ တယ်၊ မနေ့တုန်း ကဖမ်းတဲ့ အဖမ်းအဆီးဖြစ်ပြီးတော့
မဲဆောက်ကတော့ ဒီနေ့မှ အဖမ်းအဆီး ကြမ်းတဲ့အနေအထားပါ။”
မဲဆောက်မြို့တွင်
တရားမ၀င်အလုပ်သမားများကို ရာနှင့်ချီဖမ်းဆီးမှုပြုလုပ်ရာ ယခုနှစ်ဆန်းပိုင်းတွင်
ဒုတိယ အကြိမ်ဖြစ်ပြီး ဇန်န၀ါရီလက ၄၀၀ကျော် ဖမ်းဆီးခဲ့သည်ဟု ကိုမိုးကြိုးက ပြောသည်။
ယခုဖမ်းဆီးမှုတွင်
ယခင်ကနှင့်မတူဘဲ နံနက်ငါးနာရီခန့်တွင် မြန်မာအလုပ်သမားများ နေထိုင်ရာ
နေရာများကို အင်အားသုံးဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု မဲဆောက်မြို့ရှိ မြန်မာနိုင်ငံ
သား တဦးက ပြောသည်။
“တန်းလျားတွေလိုက်ဖမ်းတယ်ဆိုတော့ ပါကုန်တာပေါ့၊ တန်းလျားလူရှိသလောက်ပေါ့၊
ကလေးအမေ တွေ၊ အဖွားကြီးတွေဘာမှမကျန်ဘူး၊ အကုန်ဖမ်းတင်သွားတယ်၊ အခုက ပိုကြမ်း
လာတယ်၊ ဘယ်လို ကြမ်းလည်း ဆိုတော့ အစတုန်းကဆို ဒီကလေးအမေတွေ၊ အဖွားကြီးတွေ ဘာတွေ
မခေါ်ဘူး၊ အစ တုန်းကဆို ဒီလိုမျိုးကားနဲ့ ဘာနဲ့လိုက်မဖမ်းဘူး၊ သူတို့ကားနဲ့ပဲ
လာတယ်၊ သူတို့ဖမ်းတယ်ပေါ့၊ ခုကျတော့ ဆိုင်ကယ်လည်းပါတယ်၊ လူတွေလည်း အများကြီး
ပါတယ် ပုလိပ်တွေလည်း၊ အယောက် နှစ်ဆယ်လောက်ပါတယ်”
စက်ရုံ၊
အလုပ်ရုံများကိုမူ ၀င်ရောက်ဖမ်းဆီးခြင်းမပြုဘဲ တန်းလျားများ၊ အိမ်များနှင့်
လမ်းပေါ်တွင်သာ ဖမ်းဆီး နေခြင်းဖြစ်သည်။
အလားတူ
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင်လည်း ယမန်နေ့ နံနက်ငါးနာရီ
အချိန်ခန့်တွင် တန်းလျားအချို့ကို ၀င်ရောက်ဖမ်းဆီးမှုများရှိနေပြီး
အချို့ရပ်ကွက်အတွင်းတွင် ယခုလ (၂၅) ရက်နေ့ နောက်ဆုံး ထားပြီး
မြန်မာအလုပ်သမားများရှိပါက ရပ်ကွက်ရုံးသို့ လာရောက် အသိပေးရန် အသံချဲ့စက်ဖြင့်
နေ့စဉ် နှိုးဆော်နေသည်။
အသိမပေးသူများကို
စစ်ဆေးတွေ့ရှိပါက လက်ခံသူအိမ်ရှင်အား ဒဏ်ငွေ ငါးသောင်းနှင့် ထောင်ဒဏ် ငါးနှစ်
အရေးယူမည်ဟုလည်း ကြေငြာသောကြောင့် အခန်းပိုင်ရှင်အချို့မှာ ငှါးရမ်းနေထိုင်သည့်
မြန်မာအလုပ်သမားများ ရှိကြောင်း ရပ်ကွက်ရုံးတွင် သွားရောက်
အကြောင်းကြားပြီးဖြစ်သည်ဟု ချင်းမိုင်မြို့နေ မြန်မာအလုပ်သမ တဦးဖြစ်သူ
ဒေါ်အေးသန်းက ပြောသည်။
ယခုအခါ
ထိုင်းနိုင်ငံအနှံ့အပြားတွင် ရွှေ့ပြောင်းအလုပ်သမားများအား
ဖမ်းဆီးမှုများပြားနေပြီး အလုပ်သမား အများစုမှာ တိမ်းရှောင်နေရသဖြင့်
အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်နေရသည်ဟု အလုပ်သမားအရေး ဆောင်ရွက် သူများက
ပြောသည်။
|