|
သွင်းကုန်ပစ္စည်းများအားလုံး ပြင်ပဒေါ်လာပေါက်ဈေးဖြင့် အခွန်စည်းကြပ်
သတင်းနှင့်မီဒီယာ ကွန်ယက်။
ဖေဖေါ်ဝါရီလ ၂၆ ရက်၊ ၂၀၁၀ ခုနှစ်။
သွင်းကုန်ပစ္စည်းများအားလုံးအပေါ် အခွန်ပေးဆောင်ရာတွင် ပြင်ပဒေါ်လာပေါက်ဈေးဖြင့်
သတ်မှတ် ရန် ယမန် နေ့က စတင် လိုက်သည်။
ယခင်က သွင်းကုန်ပစ္စည်းများအား
ကုန်သွယ်လုပ်ငန်းခွန်၊ အကောက်ခွန်နှင့် အမြတ်ခွန်ဟုဆိုကာ ပစ္စည်း အမျိုး အစား
အပေါ်မူတည်၍ အခွန်စည်းကြပ်ရာတွင် တဒေါ်လာလျှင် ကျပ်(၄၅၀)နှုန်း သတ်မှတ်ကာ
မြန်မာငွေဖြင့် သာ ပေးဆောင်နေကြရာမှ ယမန်နေ့ကစ၍ ပြင်ပဒေါ်လာဈေးအတိုင်း
ပေးဆောင်ကြရန် ကြေညာချက်ထုတ် ခဲ့သည်ဟု သွင်းကုန်လုပ်ငန်းရှင်တဦးက ပြောသည်။
“သွင်းကုန်အားလုံကို
အပြင်ပေါက်ဈေး သတ်မှတ်လိုက်ပြီ။ အခုက တဒေါ်လာ (၁၀၁၀)ဆိုတော့ အဲဒီ
ဈေးနဲ့ဆောင်ပေါ့။ ကားတွေ၊ ဆိုင်ကယ်တွေလိုဘဲ သွင်းကုန်ပစ္စည်းအားလုံးကို အခုက
(၄၅၀)နဲ့ မ သတ်မှတ်တော့ဘူး။ ကိုယ်ဂျူတီဆောင်မယ့်နေ့ ငွေပေါက်ဈေးနဲ့
သွားရတော့မယ်။”
ယခုနှစ်ဆန်း (၁)ရက်မှစ၍
မော်တော်ကားနှင့် စက်ယန္တယားယာဉ်များအား ပို့ကုန်မှ ရရှိငွေ (Earning) ရှိသူ
များအနေဖြင့် ပြည်ပမှ တင်သွင်းခွင့်ပြုလိုက်ပြီး အခွန်စည်းကြပ်ရာတွင်
ပြင်ပဒေါ်လာဈေးဖြင့် အခွန်ပေးဆောင် ကြရသည်။ မော်တော်ဆိုင်ကယ်အပါအ၀င်
ယာဉ်အပိုပစ္စည်းများအား ပြင်ပဒေါ်လာဈေးဖြင့်ပြောင်းလဲသတ်မှတ် ခဲ့သည်။
ယခုလို
တဒေါ်လာ(၄၅၀)ကျပ်နှုန်းဖြင့် အခွန်ဆောင်နေရာမှ ကျပ်(၁၀၀၀)ကျော်အထိ အခွန်တိုး
ဆောင်နေရ တာဖြစ်၍ အခွန် တစ်ဆကျော် တိုးမြင့်ကောက်ခံလိုက်တာဖြစ်ပြီး
သွင်းကုန်ပစ္စည်းများ ဈေးတက်ရန်ရှိနိုင်မည်ဟု သွင်းကုန်လုပ်ငန်းရှင်များက
ပြောသည်။
|