|
လက်နက်ကိုင်လမ်းစဉ်စွန့်ပါက အစစ တာဝန်ယူမည်ဟု စစ်အစိုးရက ကေအဲန်ပီပီကို
ကမ်းလှမ်း
မတ်လ ၂၆ရက်၊
၂၀၀၇ခုနှစ်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP )အနေဖြင့် လက်နက်ကိုင်လမ်းစဉ်ကို
စွန့်လွတ်ပြီး ဥပဒေဘောင် အတွင်းသို့ ၀င်ရောက်လာပါက စစ်အစိုးရက အစစ အရာရာ
တာဝန်ယူသွားမည်ဖြစ်ကြောင်း စစ်အစိုးရ ကိုယ် စားလှယ်များ ကေအဲန်ပီပီကို
ကမ်းလှမ်းလိုက်သည်။
ယခုလ ၂၃ရက်နေ့က
ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့တွင် ကျင်းပခဲ့သော
ကေအဲန်ပီပီကိုယ်စားလှယ်များနှင့် စစ်အစိုးရ. ကိုယ်စားလှယ်တို့အကြား
တွေ့ဆုံဆွေးနွေးပွဲတွင် ယခုကဲ့သို့ ဖိတ်ခေါ်လိုက်ခြင်းဖြစ်သည်။
ယင်းနှင့်ပတ်သက်၍
ကေအဲန်ပီပီ ကိုယ်စားလှယ်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ အထွေထွေ အတွင်းရေးမှူး ၁
ခူးရီးမွန်ထူး က ယခုလို ပြောသည်။
“ခင်ဗျားတို့သာပြန်လာမယ်ဆိုရင်တော့ ခင်ဗျားတို့ရဲ့ လုံခြုံရေး၊
စားဝတ်နေရေးအားလုံးကတော့ ဘာမှ စိုးရိမ်စရာ မရှိဘူးပေါ့။ အားလုံး
အဆင်ပြေသွားမှာပါ။ ခင်ဗျားတို့ရဲ့ ရေတို ရေရှည်စီးပွားရေးလုပ်ငန်းတွေလည်း
ခင်ဗျားတို့ လုပ်နိုင်တယ်။ လိုအပ်တဲ့ ရင်းနှီးမြုပ်နှံမှုလည်း နိုင်ငံတော်ကနေ
လုပ်ပေးမှာပါလို့ ပြောတယ်။ ”
နှစ်ဖက်တွေ့ဆုံ
ဆွေးနွေးပွဲသို့ ကေအဲန်ပီပီဖက်မှ ခူးရီမွန်ထူးခေါင်းဆောင်သော ကိုယ်စားလှယ်
၃ဦးနှင့် စစ်အစိုးရ ဖက်မှ စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့
စစ်ဦးစီးပထမတန်းအရာရှိ ဒု ဗိုလ်မှူးကြီး မြ၀င်း ခေါင်းဆောင် သော ကိုယ်စားလှယ်
၎ဦး တက်ရောက်ခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ၁၉၉၅ခုနှစ်က သဘောတူညီခဲ့သော အချက် ၁၆ချက်အပေါ်တွင်
အခြေခံ၍ ဆွေးနွေးခဲ့ပြီး ကေအဲန်ပီပီက တပ်စခန်းများမတိုးချဲ့ရေးကို အဓိကထား
တောင်းဆိုခဲ့သည်။
ယင်းတောင်းဆိုချက်များကို စစ်အစိုးရကိုယ်စားလှယ်များက အထက်သို့ တင်ပြပြီးနောက်
နိုင်ငံတော် လုံခြုံရေး အတွက် ၁၉၉၅ခုနှစ်နောက်ပိုင်း တပ်မတော်မှ
တိုးချဲ့သိမ်းပိုက်လိုက်သော တပ်စခန်းများကို ပြန်ဆုတ်ပေး နိုင် မည်မဟုတ်ဟု
အကြောင်းပြန်ခဲ့သည်။
ကေအဲန်ပီပီ
အဖွဲ့ဝင်များ ပြန်လာမည်ဆိုပါက ယခင်သတ်မှတ်ထားသော ကရင်နီပြည်နယ်ရှိ ဒေသ၅ခုအနက်
ဒေါတမကြီးနယ်မြေတွင် ပြန်လည် နေရာချထားမည်ဖြစ်ပြီး ကရင်နီဒုက္ခသည်များသည်
မူလနေရင်းဒေသများ တွင် ပြန်လည်နေထိုင်နိုင်သည်ဟု စစ်အစိုးရကိုယ်စားလှယ်များက
သဘောတူညီကြောင်း ခူးရီမွန်ထူးက ပြော သည်။
ကေအဲန်ပီပီကိုယ်စားလှယ်အဖွဲ့သည် ယခုတွေ့ဆုံဆွေးနွေးပွဲမှ သဘောတူညီချက်များကို
ဗဟိုကော်မတီသို့ တင်ပြပြီး နောက် စစ်အစိုးရထံ အကြောင်းပြန်ကြားမည်ဖြစ်သည်။
သို့သော်
ကေအဲန်ပီပီအနေဖြင့် လက်နက်ချရန် အစီအစဉ်မရှိကြောင်း ခူးရီမွန်ထူးက
ဆက်လက်ပြောသည်။
ကေအဲန်ပီပီသည်
၁၉၉၅ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့သော်လည်း ၃လအကြာတွင် သဘောတူညီ
မှု ပျက်ပြားခဲ့သည်။
ကေအဲန်ပီပီကိုယ်စားလှယ်များသည် ၁၉၉၆ခုနှစ်နှင့် ၁၉၉၈ခုနှစ်တွင် ရန်ကုန်သို့
နှစ်ကြိမ်သွားရောက် ဆွေးနွေး ခဲ့ပြီး ၂၀၀၄ခုနှစ်တွင် စစ်ထောက်လှမ်းရေးအကြီးအကဲ
ဗိုလ်ချုပ်ကြီးခင်ညွှန့်ဖယ်ရှားခံရပြီးနောက် တွေ့ဆုံ ဆွေး နွေး မှုများ
ရပ်ဆိုင်းခဲ့ကာ ယခုနှစ်တွင် ပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။ |