|
ရွှေဓါတ်ငွေ့စီမံကိန်းကို ရပ်တန့်ရန် နိုင်ငံတကာ၌ တောင်းဆိုဆန္ဒပြ
မတ်လ ၂၆ ရက်၊ ၂၀၀၇ ခုနှစ်။
မြန်မာနိုင်ငံ
ရခိုင်ပြည်နယ်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းကို ရပ်တန့်ရန် ဒေ၀ူးကုမ္ပဏီအား
ရွှေဓာတ်ငွေ့ ဆန့် ကျင် လှုပ်ရှားမှုအဖွဲ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ
တောင်ကိုးရီးယား သံရုံးရှေ့တွင် ယနေ့ ဆန္ဒပြ တောင်းဆို သည်။
ဒေ၀ူးကုမ္ပဏီကို
မြန်မာနိုင်ငံ၌ နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပေါ်လာသည့်အချိန်မှသာ လာရောက်
ရင်းနှီးမြုပ်နှံ ရန်နှင့် လက်ရှိ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုကို
ချက်ချင်းရပ်တန့်ရန် ဒေ၀ူးကုမ္ပဏီအား ရွှေဓာတ်ငွေ့ ဆန့်ကျင် ရေးအဖွဲ့ က
တောင်းဆိုခြင်းဖြစ်သည်။
ယနေ့
ဆန္ဒပြရခြင်းရည်ရွယ်ချက်နှင့် ပတ်သက်၍ ရွှေသဘာဝဓာတ်ငွေ့ ဆန့်ကျင်ရေးအဖွဲ့မှ
တာဝန်ရှိသူ ကိုဝင်း အောင် က ယခုလို ရှင်းပြသည်။
“ရည်ရွယ်ချက်က
သိပ်မကြာခင်ကပဲ ဒေ၀ူးရဲ့ ကိုးရီးယား တရားရုံးမှာ တရားရင်ဆိုင်နေရတာရယ်၊ နောက်
အိန္ဒိယ ကနေ လက်နက်ထောက်ပံ့တဲ့ဟာရယ် အဲဒါကို ကျနော်တို့ အမြန်ဆုံးရပ်စဲရန်
တောင်းဆိုတာတွေ တောင်းပန်တာတွေ၊ နောက်ပြီးတော့ ဒီစီမံကိန်းကို အတတ်နိုင်ဆုံး
ဒီစစ်အစိုးရနဲ့ ဆက်လက်ပြီးတော့ မလုပ်ဖို့ အဲဒါတွေ တောင်းဆိုတာရှိတယ်၊။ ”
ရွှေဓာတ်ငွေ့
ဆန့်ကျင်လှုပ်ရှားမှု အဖွဲ့ဝင် ၁၄ ဦးတို့သည် ထိုင်းစံတော်ချိန် မနက် ၁၀ နာရီမှ
၁၀နာရီခွဲအထိ ဆန္ဒပြ ခဲ့ကြပြီး ဒေ၀ူးကုမ္ပဏီဓာတ်ငွေ့တူးဖော်မှုကြောင့်
မြန်မာပြည်တွင်လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပွား နေသဖြင့်
မြန်မာစစ်အစိုးရနှင့် စီးပွားရေး မပြုလုပ်သင့်ကြောင်း တောင်းဆိုစာ တစ်စောင်ကို
သံရုံးဝန်ထမ်း တဦးမှ တဆင့် ကိုးရီးယားသမ္မတထံသို့ လိပ်မူပေးအပ်ခဲ့သည်။
လက်ရှိအခြေအနေတွင်
သဘာဝဓာတ်ငွေ့ကို ရောင်းချ၍ ရသည့် ငွေကြေးများသည် ပြည်သူလူထုအတွက် မည် သည့်
အကျိုးအမြတ်မှ မရသည့်အပြင် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် လယ်ယာမြေ
သိမ်းဆည်းမှုစသည့် ဆိုး ကျိုးများ ဆက်လက်ဖြစ်ပေါ်လာရန် အနေအထားရှိကြောင်း
ကိုဝင်းအောင်က ပြောသည်။
“ပိုက်လိုင်းတည်ဆောက်မယ်ဆိုရင် အများကြီးပဲ ဖြစ်လာမှာတွေက။ ဥပမာ တရုပ်ကို
သွယ်မယ့် ပိုက်လိုင်းပဲ ဖြစ် ဖြစ်၊ အိန္ဒိယကို သွယ်မယ့် ပိုက်လိုင်းပဲဖြစ်ဖြစ်
ဒါတွေက လူတွေ ထူထပ်တဲ့နေရာကို ဖြတ်သွားမှာဆိုတော့ လော လောဆယ်တောင်မှ
လယ်ယာမြေသိမ်းပိုက်မှုတွေက ဧကတွေ ထောင်နဲ့ချီ ပြီးတော့ ဖြစ်ပေါ်နေပြီလေ။ နောက်
ဆိုရင် လုပ်အားပေးတွေ အများကြီးဖြစ်လာမှာပဲ။ နောက်တူးနေတဲ့ နယ်မြေတွင်းမှာလည်း
ငါးမဖမ်းရတဲ့ လုပ်ငန်း တွေ၊ တခြား ရွာတွေကို ရွေ့ပြောင်းခံရမယ့်ဟာတွေ
အဲဒါတွေအများကြီး ဖြစ်လာနိုင်တာပေါ့နော်။ စစ်တပ် တွေက လည်း အင်အားတွေ
တိုးချဲ့လာတယ်။ အရင်တုန်းကဆိုရင် ၁၉၉၀ ၀န်းကျင်ကဆိုရင် စစ်တပ်က သုံးတပ်ပဲ
ရှိတယ်။ အခုဆိုရင် တပ်ရင်းတွေက ငါးဆယ်ကျော်နေပြီ။ ”
ရွှေဓါတ်ငွေ့ဆန့်ကျင်လှုပ်ရှားမှုအဖွဲ့က ထုတ်ပြန်သောကြေညာချက်တွင် ဆန္ဒပြပွဲများကို
ထိုင်း၊ ကိုးရီးယား၊ အိန္ဒိယနိုင်ငံတို့အပါအ၀င် တိုက်ကြီးလေးတိုက်မှ
နိုင်ငံပေါင်း ၁၆ နိုင်ငံတွင် ကျင်းပမည်ဖြစ်ကြောင်း ဖေါ်ပြထားပြီး
တောင်ကိုရီးယားနှင့် အိန္ဒိယအစိုးရတို့ကို မြန်မာပြည်ရှိ ရွှေသဘာဝဓါတ်ငွေ့
စီမံကိန်းရပ်တန့်ရန်နှင့် စစ်အစိုးရ အား စစ်လက်နက်တင်ပို့မှုများ မပြုလုပ်ရန်
တောင်းဆိုထားသည်။
ယနေ့ဆန္ဒပြပွဲသည်
ဒေ၀ူးကုမ္ပဏီပြုလုပ်နေသည့် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းအား အမြန်ဆုံးရပ်တန့်ရန်
တောင်းဆိုသော စတုတ္ထအကြိမ်မြောက် နိုင်ငံတကာ ဆန္ဒပြပွဲဖြစ်သည်။ |