အခွင့်အရေးအာမခံချက်ပိုမိုအားကောင်းသောဖွဲစည်းပုံအခြေခံဥပဒေမူကမ်းသစ်ကို

မြန်မာအတိုက်အခံများ ထပ်မံရေးဆွဲ

စောရန်နိုင်                                                                                                             ပီလ ၂၆ ရက် ၂၀၀၇ ခုနှစ်

တိုင်းရင်းသားများ နှင့် အမျိုးသမီးများ အခွင့်အရေးကို  ပိုမိုကာကွယ်ပေးနိုင်မည့် ဖွဲစည်းပုံအခြေခံဥပဒေ မူကမ်းသစ် တရပ်ကို ပြည်ပရှိ နိုင်ငံရေးအတိုက်အခံ အဖွဲများပူးပေါင်း ဖွဲစည်း ထားသော  ဖက်ဒရယ်ဖွဲစည်းပုံ အခြေခံ ဥပဒေ (မူကမ်း) ရေးဆွဲရေး နှင့် ညှိနှိုင်းမှုကော်မတီ က ရေးဆွဲပီးစီးပီ ဖြစ်ကောင်း ထုတ်ပြန်သည်

ယင်းဖွဲစည်းပုံအခြေခံဥပဒေသည် ပြည်နယ်များအလိုက်အခြေခံပီး ရေးဆွဲထားသည့်အတွက် တိုင်းရင်းသားများ အခွင့်အရေးများကို ကာကွယ်ပေးနိုင်ရန် ရည်ရွယ်ထားကောင်း ဥပဒေ မူကမ်းရေးဆွဲရေးကော်မတီ အတွင်း ရေးမှူး ဦးသိန်းဦး က ယခုလို ပြောသည်

တိုင်းရင်းသားလူမျိုးစုလေးတွေရှိတယ်၊ ဥပမာ ရှမ်းပြည်နယ်မှာကည့်မယ်ဆိုလိုရှိရင် ရှမ်းထဲမှာမှ တချို ပအိုးဝ် တို့၊ ပလောင်တို့၊ ၀တို့၊ လားဟူတို ကိုးကန်တို အဲလိုရှိတာပေါ့၊ သူတိုတွေ ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်တွေ ဘယ်လိုဖန်တီးမလဲဆိုတဲ့ဟာတွေရယ်၊ အဲ့ဒီထဲမှာ သိပ်ပီးတော့ လူနည်းနေတဲ့ လူနည်းစုလေးတွေရှိတယ်၊ ဥပမာ နာဂတို အဲဒီဟာမျိုးတွေပေါ့ နော်၊ ကျနော်တို ပြည်ထောင်စု အထူးဒေသတွေ သတ်မှတ်ပေးဖို ဆိုတဲ့ဟာ မျိုးတွေ၊ အဲ့ဒါတွေကစပီးတော့ ဒီပြည်နယ်တခုတည်း အတွင်းမှာတောင်မှ တိုင်းရင်းသား လူမျိုးတမျိုးရဲ ပြည်နယ် တခုတည်း အတွင်းမှာတောင်မှ အဲလိုလူနည်းစုတွေရဲ အခွင့်အရေးတွေ ကာကွယ် ပေးဖိုဆိုပီးတော့ အဲ့ဒီဖွဲစည်း ပုံအခြေခံ ဥပဒေကို ကျနော်တို (modify) (မွမ်းမံ) လုပ်ထား ပါတယ်

ဖွဲစည်းပုံအခြေခံဥပဒေမူကမ်းသည် ယခင်ရေးစွဲခဲ့သော ဖွဲစည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ များထက် အခွင့်အရေး ပိုင်းဆိုင်ရာတွင် တိုးတက်မှုရှိသည်ဟု ဥပဒေမူကမ်း ရေးဆွဲရေး ကော်မတီ အတွင်းရေးမှူး ဖြစ်သူ ဦးသိန်းဦးက ယခုလို ပြောသည်

လူအခွင့်အရေးနဲ ပတ်သက်တဲ့ကိစ တွေပေါ့နော်၊ အဲဒါတွေ ပိုပီးတော့ ကောင်းမွန်တဲ့ အချက်အလက်တွေ ပေါ် လာတယ်၊ ဥပမာဆိုရင် တီထွင်ဖန်တီးပိုင်ခွင့် နဲပတ်သက်တဲ့ကိစတွေ ပိုပီးတော့ အထူးပြုလာတယ်၊ အဲ့ဒီ အပြင် ကျနော်တို အမျိုးသမီးများနဲ ပတ်သက်တဲ့ကိစတွေ ပိုပီးတော့ အထူးလုပ်ဆောင် ပေးရမယ့်ကိစတွေ ပေါ်လာ တယ်၊ ထူးခြားချက်ကတော့ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါရမည် ဆိုတဲ့ဟာကတော့ ထူးခြားချက် ပေါ့

မြန်မာအတိုက်အခံ တပ်ပေါင်းစုဖြစ်သည့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီက ယခင်ကလည်း ဖွဲ စည်းပုံ အခြေခံဥပဒေမူကမ်းတရပ်ကို ရေးဆွဲခဲ့ဖူးသည်

ယခုရေးဆွဲခဲ့သည့် ဖွဲစည်းပုံ အခြေခံဥပဒေသည် ပြည်နယ်အသီးသီး. သဘောထားများ ပါဝင် သဖြင့် ပိုမိုကျယ် ပြန့်ပြီး တရားဝင်အတည်ပြုနိုင်ရန်အတွက် ဆက်လက်ကိုးပမ်းသွားမည်ဟု ဖွဲစည်းပုံအခြေခံဥပဒေရေးဆွဲရေး ကောင်မတီ အဖွဲဝင်တဦးဖြစ်သည့် အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု (NDF) မှ ဗိုလ်မှူးကီး ခွန်ဥက ကပြော သည်

ယခုဖွဲစည်းပုံအခြေခံဥပဒေသည် တရားဝင်အတည်ပြှုမရသော်လည်း သက်ဆိုင်ရာ ပြည်သူ လူထု နှင့် တိုင်းရင်း သား များအကား အသိပညာပေးသည့် အစီအစဉ်များဖြစ်စေပီး လက်ရှိ မြန်မာစစ်အစိုးရက ရေးဆွဲနေသည့် ဖွဲ စည်းပုံ အခြေခံဥပဒေနှင့် နှိုင်းယှဉ်ဝေဖန်သုံးသပ်နိုင်မည်ဟု ယုံကည်ကောင်း ဗိုလ်မှူးကီး ခွန်ဥက ကဆက် လက် ပြောသည်

ဖွဲစည်းပုံအခြေခံမူကမ်း ရေးဆွဲရာတွင် ပါဝင်သည့် တပ်ပေါင်းစု အဖွဲအစည်းများမှာ အမျိုးသား ဒီမိုကရေစီ တပ် ပေါင်းစု (NDF)။ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ (NCUB)ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမို ကရေစီအဖွဲချုပ် (လွတ်မြောက်နယ်မြေ) ( UNLD-LA) တိုင်းရင်းသားလူမျိုးများကောင်စီ (ENC) အမျိုးသမီး အဖွဲချုပ် (မြန်မာနိုင်ငံ) WLBနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားလူငယ် ကွန်ကရက် (SYCB)စသည့် အဖွဲများ ပါဝင်သည်

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။