|
တရုတ်နယ်စပ်
နိုင်ငံဖြတ်အဝေးပြေးလမ်းပိုင်းသစ်ဖွင့်လှစ်
သတင်းနှင့်မီဒီယာကွန်ယက်။
ဧပြီ
(၂၆) ရက်၊
၂၀၀၇ ခုနှစ်။
ကချင်ပြည်နယ် အရှေ့ပိုင်း
တရုတ်-မြန်မာနယ်စပ်မှ မြစ်ကြီးနားတဖက်ကမ်း
ဝိုင်းမော်အထိ ကီလိုမီတာ ကိုးဆယ်
ကျော် ရှည်လျားသည့်
လမ်းမသစ်ကြီး
အား ယနေ့တွင်
စတင်ဖွင့် လှစ်ခဲ့သည်။
ယခုလမ်းပိုင်းမှာ တရုတ်နိုင်ငံ ထိန်ချုံးခရိုင်မှ မြန်မာနိုင်ငံ မြစ်ကြီးနားသို့
ဆက်သွယ်ထားပြီး
လီဒိုလမ်းမကြီးနှင့်
သွားရောက်ဆက်မိမည်ဖြစ်သည်။
လမ်းဖောက်လုပ်ခဲ့သည့် အခြေအနေနှင့် ယနေ့ဖွင့်ပွဲပြုလုပ်သည့်အကြာင်းကိုဒေသခံတဦးကအခုလို
ပြောသည်။
“ဒီနေ့
လမ်းဖွင့်ပွဲလုပ်တာ၊ ဒေသခံအာဏာပိုင်တွေ၊
တရုတ်ပြည်က တိုင်းနဲ့ပြည်နယ်က
အရာရှိတွေ
ရယ်၊
ဗမာ
ဘက်က လာကြမယ်လို့
ကြားတယ်၊
တရုတ်ဘက်က အကုန်ကျခံ ဖောက်တာ၊ တရုတ်
အလုပ်သမားတွေနဲ့
တရုတ်ကုန်ကျငွေတွေနဲ့
အကုန်လုံး တရုတ်တွေ ဘဲ လုပ်သွားတာ။
”
ယခု
ဖွင့်လှစ်လိုက်သော လမ်းမပိုင်းသည် မြန်မာနိုင်ငံကို ဖြတ်ဖောက်မည့် အာရှလမ်းမ
ကြီးများအနက်
တခုတွင် အပါအ၀င် ဖြစ်သည်။
ယခုလမ်းကို တရုတ်အကူအညီဖြင့် ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး
အရှည် ကီလို ၉၀ ကျော်
ရှိသည်။
အဆိုပါလမ်းပိုင်း စတင်ဖောက်လုပ်ရာ ကချင်အထုးဒေသ(၁) ကချင်ပြည်ဒီမိုကရေစီ
တပ်မတော် (အန်ဒီအေ
ကေ)
ထိန်းချုပ်ရာ ကန်ပိုက်တီးတွင် အဆိုပါလမ်းဖွင့်ပွဲကို ပြုလုပ်ခဲ့ပြီး
မပခ တိုင်းမှူး ဗိုလ်ချုပ်အုန်းမြင့် နှင့်အဖွဲ့။
ကချင်အထူးဒေသသ(၁)မှ
ဥက္ကဌ ဆခုန်တိန့်ယိန်းနှင့်အဖွဲ့။
ကချင်ပြည်လွတ်လပ်ရေးအဖွဲ့မှ
ကိုယ်စားလှယ်
အဖွဲ့နှင့်အတူ
ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့တို့
တက်ရောက်ခဲ့သည်ဟု အန်ဒီအေကေနှင့် နီး စပ်သူ အခြားဒေသခံ တဦးက ပြောသည်။
မြစ်ကြီးနားမှ
တနိုင်းကိုဖြတ်ကာ
အိန္ဒိယအထိ
ပေါက်သွားသည့်
လီဒိုလမ်းခေါ် စတီးဝဲလ် လမ်းနှင့် တဆက်တစပ်
တည်းဖြစ်သွား၍
တရုတ်နှင့် အိန္ဒိယအကြား
မြန်မာကိုဖြတ်ပြီး
ဆက်သွယ်နိုင်မည့် လမ်းကြောင်း
တခုလည်း ဖြစ်လာသည်။
ယခုလမ်းပိုင်းသည် တရုတ် နှင့် အိန္ဒိယ
ဆက်သွယ်မည့် အရေးပါသော လမ်းမကြီးဖြစ်လာမည်ဟု
ကချင် ဒီမိုကရေစီ သစ် တပ်မတော်မှ တပ်မှူးတဦးဖြစ်သူ ဗိုလ်မှူး ဒွဲလာက ပြောသည်။
“လမ်းဖွင့်ပွဲ
ဖွင့်ပွဲက ဟုတ်ပါတယ်၊ မှန်ပါတယ်၊ တရုတ်ပြည်အစိုးရနဲ့
ဗမာပြည်အစိုးရ သဘောတူ ဖွင့်
ထားတဲ့ လမ်းမကြီးပေါ့၊
လမ်းကတော့ အင်္ဂလိပ်ဖောက်ထားတဲ့ လမ်းဖြစ်နေတာ၊ မြစ်ကြီးနားအဆင်း။
လီဒိုလမ်းနဲ့
တဆက်တည်း ဖြစ်သွားတာ။
”
တရုတ်နယ်စပ်မှ အာရှလမ်းမကြီးများအဖြစ်
မြန်မာနိုင်ငံကိုဖြတ်၍
ရထားလမ်း။ ကားလမ်း များဖောက်လုပ်ရန် တရုတ်အစိုးရက လွန်ခဲ့သည့် နှစ် အတန်ကြာကတည်းက
ကြိုးပမ်းခဲ့ရာ
ယခုလမ်းမကြီးမှာ
တရုတ်အကူအညီဖြင့် ပထမဆုံး ဖောက်လုပ်ပြီးစီးသွားသော
လမ်းမ ကြီးဖြစ်သည်။
|