လာဘ်ငွေတောင်းသည့် စစ်သားကို သတ်ဖြတ်သူများ ဖမ်းဆီးရမိ

သတင်းနှင့်မီဒီယာကွန်ယက်                                                                                         မေလ ၂၆ရက် ၂၀၀၇ခုနှစ်။

ကချင်ပြည်နယ် မံစီမိုနယ်အတွင်းရှိ တရုတ်နယ်စပ်သွား မှောင်ခိုတောလမ်းတနေရာ စစ်သားတဦးအား သတ် ဖြတ် ခဲ့သည့် တရားခံများ ရဲတပ်ဖွဲက ကာသာပတေးနေက ဖော် ထုတ်ဖမ်းဆီးလိုက်သည်

ယင်းသတ်ဖြတ်မှုသည် ယခုလ အစောပိုင်းတွင် ဖြစ်ပွားခဲ့ပီး ယခုလ ၂၄ရက်နေတွင် သတ်ဖြတ်သူ ညီအကိုသုံး ဦး ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်းဖြစ်သည်

မံစီရဲစခန်းက လူနှစ်ဆယ်ကျော် ဖမ်းဆီးစစ်ဆေးပီးနောက်တွင် တရားခံကို ဖော်ထုတ်နိုင် ခဲ့ခြင်းဖြစ်သည်ဟု ဒေ ခံတဦးက ယခုလို ပြောသည်

ကမ်းနီက ညီအကိုသုံးယောက်က သတ်တယ်ဆိုတာ ပေါ်သွားပီ၊ မနေက စပေါ်တာ၊ မံစီမိုနယ်မှာ ရှိတဲ့ ကမ်းနီရွာက ညီအကိုသုံးယောက်ကနေ သတ်တာ၊ ပေါ်သွားတယ်ဆို တာက လူ(၂၁)ယောက်ကို ဖမ်းလိုက်တာပေါ့၊ ဖမ်းတာက (၁၉)ရက်နေလောက်ကနေ ဖမ်းတာ၊ ရဲကဖမ်းတာ၊ မံစီရဲစခန်းက ဖမ်း တာ၊ မသင်္ကာတဲ့ လူ(၂၁) ယောက်ကို ဖမ်းပီး တော့ ရဲကထုံးစံအတိုင်း စစ်လိုက်တဲ့ခါမှာ အဲဒီထဲမှာ တ ယောက်ပါလာတယ်တဲ့၊ ညီအကို ထဲက တယောက် ပါလာတယ်၊ ပါလာတဲ့တယောက်က ပေါ်သွားတဲ့ခါ ကျတော့ ညီအကို သုံး ယောက် ပေါင်းသတ် ပါတယ်ဆိုပီး ပေါ်သွားတယ်။”

သတ်ဖြတ်ခံရသူမှာဗန်းမော်ထောက်ပိုတပ်မှ တပ်ကပ်ထွန်းနောင်ဆိုသူဖြစ်ပီး သေဆုံးချိန် ခနာကိုယ်အနှံ အပြား တွင် ဓားဒ်ရာ ၁၈ချက်ခန်ရရှိထားကာ အလောင်းကို မန်စီဆေး ရုံ သို ပို့၍ ဆေးစစ်ချက်ယူခဲ့သည်ဟု ၄င်းက ပြောသည်

လူသတ်မှု ဖြစ်ပွားရခြင်းနှင့် ပတ်သက်အဆိုပါ ဒေသခံက ယခုလို ဆက်လက်ပြောသည်

ဘာကောင့် အသတ်ခံရသလဲဆိုရင် အဲဒီကမ်းနီဆိုတဲ့ရွာက ကျွန်းမှောင်ခို လုပ်တဲ့ဟာတွေ ရှိတယ်၊ ကျွဲမှောင်ခို လုပ်တဲ့ဟာတွေ ရှိတယ်၊ ကျွဲတွေကို တဖက်နိုင်ငံ ပိုတာပေါ့၊ တဖက်နိုင်ငံပိုတဲ့ခါ အဲဒီက နေ ဖြတ်သွားတဲ့ခါမှာ အဲဒီမှာ တောင်းက။ ရမ်းကပေါ့၊ သူတယောက်တည်းတော့ မဟုတ်ပါဘူး၊ ကျန် တဲ့ လူတွေလည်း တောင်းတာပေါ့၊ ဒါပေမယ့် သူကတော့ နည်းနည်း ကမ်းတယ်လို ပြောတယ်၊ အ တောင်းကမ်းတာပေါ့၊ အတောင်းကမ်းတဲ့ခါကျတော့ မခံမရပ်နိုင်ဖြစ်ပီးမှ အညှိုးအတေးရှိတာပေါ့၊ အ သတ်ခံ ရတာ၊ လူသတ်မှုဖြစ်တာက ရက်နှစ်ဆယ်ကျော်သွားပီ။”

ဗန်းမော်နှင့် တရုတ်နယ်စပ်အကား မှောင်ခိုပစည်း ကူးသန်းသယ်ဆောင်ရာ လမ်းတ လျောက်တွင် ဒေသခံစစ် တပ်မှ စစ်သားများက တဦးချင်းအနေဖြင့်လည်းကောင်း။ နှစ်ဦး။ သုံးဦး အဖွဲနှင့် လည်းကောင်း ကင်းပုန်း ၀ပ်ကာ ကုန်သည်များထံက ငွေတောင်းနေကသည်

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။