|
ကေအဲန်ယူ ဥက္ကဌ
ဈာပနအခမ်းအနား ကျင်းပပြီး
သီတာထွန်း။
မေလ ၂၆
ရက်၊ ၂၀၀၈ ခုနှစ်။
ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ
ပဒိုစောဘသင်စိန်၏ ဈာပန အခမ်းအနားကို ကေအဲန်ယူ ထိန်းချုပ်နယ်မြေ တနေရာတွင်
ယမန်နေ့ ညနေက ကျင်းပခဲ့သည်။
ပဒိုစောဘသင်စိန်၏ ဈာပန အခမ်းအနားကို
အဆင့်သုံးဆင့်ခွဲ၍ ကျင်းပခဲ့သည်ဟု ကေအဲန်ယူ၏ နိုင်ငံခြားရေး
တာဝန်ခံ စောဒေးဗစ်ထောက ပြောသည်။
"အခမ်းအနားကို
သုံးဆင့်ခွဲပြီး ကျင်းပပါတယ်၊ ပထမအဆင့်ကတော့ ဖဒိုစောဘသင်စိန်ရဲ့ အထုပ္ပတ္တိနဲ့
သူ့ရဲ့လုပ်ဆောင်ခဲ့တဲ့ အဖွဲ့အစည်းတွေရဲ့ ဂုဏ်ပြုအကြောင်းအရာတွေကို
ပြောကြားတယ်။ နောက် ဒုတိယအစီအစဉ်ကတော့ ခရစ်ယာန်ဘာသာဝင်တွေရဲ့ အစီအစဉ်အတိုင်း
ဈာပနကိစ္စကို စီစဉ်ကြ
တယ်။ နောက် တတိယအဆင့်ကတော့ အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တယောက်အနေနဲ့
အဖွဲ့အစည်းရဲ့ အစီအစဉ်အရ တပ်မတော် အခမ်းအနားနဲ့ သင်္ဂြီိုလ်ခြင်းဖြစ်ပါတယ်"
၎င်းအခမ်းအနားသို့ မြန်မာနိုင်ငံအမျိုးသားကောင်စီ
(အန်စီယူဘီ)၊
အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု
(အန်ဒီ
အက်ဖ်)၊
တိုင်းရင်းသားလူမျိုးများကောင်စီ
(အီးအန်စီ)၊
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်
(လွတ်မြောက်နယ်မြေ)
စသည့် အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင် များ တက်ရောက်ကြပြီး
၎င်းခေါင်းဆောင်များက သ၀ဏ်လွှာများ ဖတ်ကြားခြင်း၊ ကွယ်လွန်သူအတွက်
အမိန့်ပြန်ခြင်းများ ပြုလုပ်ကြသည်။
ဖဒိုစောဘသင်စိန်သည် မေလ ၂၂ရက်နေ့က
ထိုင်း-မြန်မာနယ်စပ် တော်လှန်ရေး နယ်မြေတွင်
လူကြီးရောဂါ
ဖြင့်
ကွယ်လွန်ခဲ့သည်။
ကရင်အမျိုးသားအစည်းအရုံးမှ နိုင်ငံခြားရေးတာဝန်ခံ ဖဒိုဒေးဗစ်ထောက
ဖဒိုစောဘသင်စိန် ကွယ်လွန်ခြင်းသည် ကေအဲန်ယူ ဥက္က
ဋ္ဌတယောက် ဆုံးရှုံးသည် သာမက တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်း အားလုံးအတွက်
ဆုံးရှုံး
မှုကြီးဖြစ်သည် ဟု ပြောသည်။
ဖဒိုစောဘသင်စိန်သည် ၁၉၄၉ ဇန်န၀ါရီ (၃၁) ရက်နေ့မှ စ၍ ကရင့်တော်လှန်ရေးသို့ စတင်
ဝင်ရောက်ခဲ့သည်။ ထို့နောက် တော်လှန်ရေးတာဝန်များကို အဆင့်ဆင့် ထမ်းဆောင်ခဲ့ရာ
၂၀၀၀ပြည့်နှစ်
(၁၂)ကြိမ်မြောက်နှင့်
၂၀၀၄ ခုနှစ် (၁၃)ကြိမ်မြောက် ကေအဲန်ယူကွန်ဂယက်တို့တွင် ဥက္ကဋ္ဌ
အဖြစ်ရွေးချယ်ခံရပြီး ကွယ်လွန်ချိန်ထိ ကေအဲန်ယူ ဥက္ကဋ္ဌတာဝန်ကို
ထမ်းဆောင်ခဲ့သည်။
၎င်းကွယ်လွန်ချိန်တွင် ဇနီး နော်အုံးမြိုင်နှင့် သမီး သုံးဦး၊ သားတဦး
ကျန်ရစ်သည်။
|