ရာနှင့်ချီသော ပအိုဝ်းရွာသားများ ထွက်ပြေးတိမ်းရှောင်

ခွန်အောင်မြတ်
မေလ ၂၆ ရက်
၂၀၀၈ ခုနှစ်

ရှမ်းပြည်တောင်ပိုင်းရှိ ရာနှင့်ချီသော ပအိုဝ်းရွာသားများသည် ရှမ်းပြည်တပ်မတော်-တောင်ပိုင်း အဖွဲက ရန်ပြု မည်ကို စိုးရိမ်သဖြင့် ထွက်ပြေးတိမ်း ရှောင်နေကရသည်ဟု ရွာသားများကပြောသည်

ရှမ်းလက်နက်ကိုင်အဖွဲ့၏ တပ်သားသစ် ခေါ်ယူမကာင့် ထွက်ပြေးတိမ်းရှောင်နေသည့် ရှမ်းပြည်တောင်ပိုင်း ဆီ ဆိုင်မိုနယ်ရှိ ရွာသားများသည် ကျေးရွာကို ပြန်လာလျှင် အပြစ်ပေး အရေးယူ ခံရမည်စိုးသောကောင့် မို ပေါ်တွင် ဆက်လက် တိမ်းရှောင်နေရခြင်း ဖြစ်သည်ဟု ရွာသားတဦးက ပြောသည်

အာရ်စီအက်စ်အက်စ် ရှမ်းအဖွဲတွေ ရွာကိုဝင်လာပီး အိမ် ဆယ်လုံးကျော် မီးရှို့ဖျက်ဆီး ပစ်တယ် နောင်ခဲုင်း ပန်ရန်း ဗန်းမတ် နားဟီး စတဲ့ ရွာတွေမှာ သူတိုစစ်သားခေါ်တဲ့ လူတွေ အကုန်ထွက် ပြေးကုန်တော့ အဲဒီ ထွက်ပြေးတဲ့ အိမ်တွေကို လာဖျက်ဆီးတယ် ပစည်းတွေ အကုန်ယူတယ် သေတာတွေကို ဖျက်ပီး ရေတွေ ငွေတွေယူသွားတယ်အမျိုးသမီးတွေလည်း တချိုကာက်ပီး ထွက် ပြေးကတယ် ပိုက်ဆံတွေ အများကီး ပါသွားတယ် ပစည်းတွေ တန်ဖိုးက သိန်းရာချီ ထင်တယ် ပါ သွားတာ တချိုအိမ်တွေဆိုရင် ရေတွေ အပုံလိုက် ပါသွားတယ် ပိုက်ဆံလည်း အများကီးပဲ။”

ပွန်ချောင်း အရှေဖက်ခြမ်းရှိ ရွာသားများသည် ဆီဆိုင် နောင်ထောင်ဝ် စသည့် မို့ကြီးများတွင် အိမ်ယာအသစ် များဝယ်ပီး ပြောင်းရွှေ့နေထိုင်ကသည်ဟု ရွာသားတဦးက ပြောသည်

အခု ဆီဆိုင် နောင်ထောင်ဝ်မှာ မိသားစု သုံးဆယ်ကျော်တယ် အများစုကတော့ မပြန်ရဲကတော့ ဘူး ကားကီးတွေနဲ ဆင်းလာတာ လေးငါးစီးတောင်မှ ပြောင်းရွှေ့လာကတာ အယောက်ပေါင်း ၇၀၀-၈၀၀ လောက်ရှိတယ် တချိုတွေကတော့ အမျိုးသားတွေပဲ ရှမ်းစစ်သားကို ရှောင်ပြေးတာပေါ့ အခုက။”

ပီးခဲ့သည့်အပတ်အတွင်း မြန်မာစစ်တပ်က အက်စ်အက်စ်အေ - တောင်ပိုင်းကို ထိုးစစ်ဆင် တိုက်ခိုက်သဖြင့် မြန် မာအစိုးရ တပ်များ ပြန်ဆုတ်ခွါလျှင် အက်စ်အက်စ်အေ-တောင်ပိုင်းက ရွာသားများကို လာရောက် နှိပ်စက် မည် ကို စိုးရိမ်နေကရသည်ဟု ကျေးရွာသားများ ညီးညူနေကသည်

အရင်တုန်းက ဗမာစစ်သားတွေ လာအနိုင်ကျင့်လိုရှိရင် ရွာအပြင်ထွက်ပြေးပီး တောင်ယာ ခံမှာ သွားပုန်းအောင်းရင် လွတ်ပီ အခုတော့ အဲလို မဟုတ်တော့ဘူး ရှမ်းစစ်သားတွေ လာအကျင့်တဲ့ အခါ ကျတော့ ဘယ်နေရာမှာ ထွက်ပြေးတိမ်းရှောင်ရမှန်း မသိတော့ဘူးရှမ်းစစ်သားတွေ တောထဲမှာ ကျွမ်း ကျင်တော့ ဘယ်နေရာ ပြေးပြေး မလွတ်တော့ဘူး အခု မိုထဲမှာပဲ ထွက်ပြေးလာရတယ် သိပ်ဒုက ရောက်တယ်ဗျာ ခံယာတွေလည်း မလုပ်နိုင်ဘူး။”

ယခုမေလ (၈) ရက်နေတွင် အက်စ်အက်စ်အေ - တောင်ပိုင်း တပ်ရင်း ၃၆၁ တံဆိပ်တုံးပါ အမိန်စာဖြင့် တပ် သားသစ်များ ဆင့်ခေါ်မကာင့် ဗန်းမတ်ကျေးရွာအုပ်စု နားဟီး လုံးကျောက် ပန်ရန်း စသည့် ကျေးရွာ (၇) ရွာ ကျော် ရွာသားများ ရာနှင့်ချီ ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်

ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးစုတိုင်း အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း အမျိုးသားတိုင်း အနည်း ဆုံး ငါးနှစ် စစ်မထမ်းကရန် ရှမ်းပြည်တပ်မတော်တွင် မူဝါဒရှိသည်ဟု အက်စ်အက်စ်အေ - တောင်ပိုင်း က ပြော သည်

ဒေသခံ အပစ်ရပ် အဖွဲဖြစ်သည့် ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ(ရလလဖ) ကလည်း  ထွက်ပြေး တိမ်းရှောင် နေကရ သည့် ကျေးရွာသားများကို ကာကွယ်မ တစုံတရာ ပေးနိုင်ခြင်းမရှိဟု ကျေးရွာသားများက ပြောသည်

ယင်းဒေသတွင် ရလလဖအပြင် မြန်မာအစိုးရစစ်တပ် ရှမ်းပြည်တပ်မတော်နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက် ရေး အဖွဲတိုလည်း လပ်ရှားကသည်

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။