ဗန်းမော်အနှိပ်ခန်းများ ဆက်ကြေးပိုပေးလာရ၊ နှိပ်ခဈေးတက်

သတင်းနှင့်မီဒီယာ ကွန်ယက်။
မေလ ၂၆ ရက်
၂ဝ၁ဝ ခုနှစ်

ကချင်ပြည်နယ်၊ ဗန်းမော်မြိုပေါ်ရှိ အနှိပ်ခန်းများမကြာခဏအပိတ်ခံရကာ ဆက်ကြေးပေးပြန်ဖွင့်နေရသဖြင့် နှိပ်ခ ဈေးနူန်းများ မြင့်တက်လာသည်။

ပြီးခဲ့သည့် ဧပြီလလယ်ပိုင်းမှစ၍ မြိုပေါ်ရှိ အနှိပ်ခန်းများ ပိတ်လိုက်၊ ဖွင့်လိုက်ဖြစ်နေပြီး မိုနယ်မယကနှင့် ရဲတို့ အား ပုံမှန်လစဉ်ကြေးအဖြစ် တလကျပ်တသိန်းစီ ဆက်ကြေးပေး ဆောင်နေရသည်ဟု အနှိပ်ခန်းပိုင်ရှင်များနှင့် နီးစပ်သူတဦးက ပြောသည်။

ပြီးခဲ့တဲ့ သင်္ကြန်တုန်းက အနှိပ်ခန်းတွေက ပြည့်တန်ဆာခန်းလို ဖြစ်သွားတယ်။ မတရားောင်း ကျန်နေတာ။  တရုတ်သစ်လောပန်းတွေတောင် ပွဲစားတွေကတဆင့် တောထဲ ခေါ်တာတွေလုပ်တယ်။ အဲဒီနောက်ပိုင်း ရဲတွေ၊ အက်စ်ဘီတွေ၊ မယကတွေလည်း ငွေပိုညစ်ဖို့ အကွက်ရသွားတယ်။ အထက် လူကြီးတွေက ဗန်းမော်ခဏခဏလာတော့  ပိတ်ပေးရတယ်၊ ခဏခဏပိတ်ရဆိုတော့ နှိပ်ခက သင်္ကြန် တုန်းကအထိ တနာရီ ကျပ်သုံးထောင်ဘဲ။ အခုလေးထောင်၊ ဈေးတက်လိုက်တယ်၊ ဆက်ကြေးပေး တာက လည်း အရင်ကခုနှစ်သောင်း၊  ရှစ်သောင်းလောက်နဲ့ ဈေးညှိလို့ရတယ်။ အခုကတော့ တဖွဲ့ တ သိန်းလို့ပြောတယ်။ အထက်ကိုပါ ပေးရတာမို့တဲ့။ အထက်ကိုရောက်၊ မရောက်တော့ မသိဘူး။ ဟု ဗန်း မော်ဒေသခံတဦးက ပြောသည်။  

ဗန်းမော်မြိုပေါ်၌ အနှိပ်ခန်း(၈)ခန်းရှိ အားလုံးမှာ အနှိပ်ခန်းထက် ပြည့်တန်ဆာခန်းလို ဖြစ်နေပြီး အရက်၊ ဘီ ယာ၊ ရာဘဆေးပြားများပါ ရနိုင်ကြောင်း အဆိုပါ ဒေသခံက ပြောသည်။

အနှိပ်ခန်းကနေ တည်းခိုးခန်းကိုခေါ်သွားပေါ့။ ဆယ်နာရီစာ ကျပ်သုံးသောင်းကနေ လေးသောင်းအ ထိ ပေးနိုင်ရင်ရတယ်၊ အနှိပ်ခန်းထဲကနေ ကိုယ်ကြိုက်တဲ့သူကို ခေါ်ထုတ်သွားပေါ့။ ပိုင်ရှင်က ပြည့တန် ဆာခေါင်းဖြစ်သွားတာ။ အနှိပ်ခန်းတွေမှာလည်း အရက်၊ ဘီယာ၊ ရာဘတွေရတယ်။”

ခုအခါ ဘောလုံးပွဲနှင့် နှစ်လုံးထီ၊ ချဲစသည့် လောင်းကစားဒိုင်များမှာ ဥရောပဘောလုံး ကလပ်ရာသီပွဲကုန် ဆုံး၍လည်းကောင်း၊ ထိုင်းနိုင်ငံတွင်း ဆန္ဒပြမှုများကြောင့်လည်းကောင်း ရပ်နားထားပြီးနောက်ပိုင်း  အာဏာပိုင် များက အနှိပ်ခန်းနှင် မူးယစ်ဆေးရောင်းသူများထံ  ဆက်ကြေးတောင်းမှု ပိုလုပ်လာသည်ဟု အဆိုပါ ဒေသခံက ပြောသည်

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။