|
မိဘမဲ့ကလေးများ ပညာရေးအတွက်
NLD
မှ ဦးဆောင်
လှူဒါန်းမည်
သတင်းနှင့်မီဒီယာ
ကွန်ယက်။ ဇော်ကြီး။
မေလ ၂၆ ရက်၊ ၂၀၁၀ ခုနှစ်။
မြန်မာနိုင်ငံတောင်ပိုင်း
ကော့သောင်းမြို့နယ်အတွင်းရှိ မိဘမဲ့ကလေးများ ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်
သည့်
စာရေးကရိယာပစ္စည်းများ ကော့သောင်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)
ပါတီက ဦးဆောင်
၍ လှူဒါန်းသွားမည်ဟု
ပါတီခေါင်းဆောင် တဦးက ပြောသည်။
မြို့ပေါ်
ဘုန်းကြီးကျောင်းများတွင် ပညာသင်ကြားနေသည့် မိဘမဲ့ကလေးများကို စတင်
လှူဒါန်းမည်ဟု အမည်
မဖော်လိုသည့်
ပါတီခေါင်းဆောင်တစ်ဦးက ပြောသည်။
“အဓိကကတော့
မိဘမဲ့ကလေးတွေပေါ့။ ဘုန်းကြီးကျောင်း စာသင်ကျောင်းတွေလေ။ ကျောင်းမနေ
နိုင်တဲ့ ကလေးတွေကို
ဘုန်းကြီးတွေက စာသင်ပေးနေတာတွေရှိတယ်။ အဓိက အဲဒီကျောင်းတွေကိုပဲ
လှူမယ်လေ။
နောက်ရပ်ကွက်ထဲမှာ တကယ့်ဆင်းရဲတဲ့ ရပ်ကွက်တွေထဲက စာသင်ချင်တဲ့ ကလေးတွေ
ကို ကျောင်းအပ်ပေးမယ်။
စာရွက်စာတမ်း ထောက်ပံ့ ပေးမယ်ပေါ့။”
ယခုနှစ်အတွင်းကျင်းပမည့်
ရွေးကောက်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုရန်
NLD ပါတီက
ဆုံးဖြတ်ခဲ့ပြီး
နောက်
ပိုင်း
အဖွဲ့ဝင်များအနေနှင့် ဒေါ်အောင်ဆန်းစုကြည်၏ အမှာစကားအရ လူမှုရေးလုပ်ငန်းများကို
အကောင်ထည်
ဖော်
ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်ကလည်းပြောတာကိုး။
နောင်တချိန် မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့ ပညာရေး
အတွက်ကိုဘဲ
သူအာရုံစိုက်မယ်လို့ပြောတော့ အဲဒီဒေါ်စုရဲ့ရည်ရွယ်ချက်တွေ လည်း အများကြီးပါတာ
ပေါ့လေ။
အခုလုပ်နေတာတွေက။”
ကော့သောင်းမြို့ပေါ်၌
မိဘမဲ့ကလေးများအား စာသင်ပေးသည့် ဘုန်းကြီးကျောင်း ၇ ကျောင်းရှိပြီး
NLD
ပါတီ
ဝင်ဟောင်းများနှင့်
စေတနာရှင်များက စုပေါင်းလှူဒါန်း ကြခြင်း ဖြစ်သည်။
မိဘမဲ့ကလေးဦးရေ အတိအကျရနိုင်ရေးအတွက်
မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများ တွင် စာရင်းကောက်ယူ
နေဆဲဖြစ်ပြီး
စာရေးကရိယာများအပါအ၀င် စာအုပ်ဒါဇင် တစ်ရာကျော် ကောက်ခံရရှိထားပြီး
ယခုလကုန်ပိုင်းတွင် လှူဒါန်းမည်ဟု သိရသည်။
NLD
ပါတီ၏ လုပ်ဆောင်နေမှုများအား
စစ်အစိုးရမှ မျက်ခြေမပြတ် စောင့်ကြည့်နေသော်လည်း တစုံတစ်ရာ
နှောင့်ယှက်မှုမရှိသေးပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့် ယခုနှစ်ရွေးကောက်ပွဲအတွက်
ရွေးကောက်ပွဲကော် မရှင်ထံမှတ်ပုံတင်
ခြင်း
မရှိသော်လည်း
ပါတီရုံးများကို ဆက်လက်ဖွင့်ထား၍ ပါတီအလံကို လည်း တင်ထားဆဲဖြစ်သည်ဟု ကော့
သောင်း
NLDပါတီ
ခေါင်းဆောင်က ပြောသည်။
ယခုလ ၅ ရက်နေ့က ရန်ကုန်တိုင်းအတွင်းရှိ
နိုင်ငံရေး အကျဉ်းသားများ၏ သားသမီးများအား ပါတီ၏ လက်ကျန်
ရံပုံငွေထဲမှ
ပညာသင်ထောက်ပံ့ကြေး ပေးအပ်သည့် အခမ်းအနားကို ရွှေဂုံတိုင်လမ်းရှိ
အမျိုးသားဒီမိုကရေစီအဖွဲ့
ချုပ် ပါတီရုံးချုပ်တွင်
ပြုလုပ်ခဲ့သည်။
|