|
တနသာင်္ရီတိုင်း မှတ်ပုံတင် မဟုတ်ရင်
ထိုင်းဘက်ကမ်းသို့ သွားခွင့်မပြု
နွယ်လေး။
ဇွန်လ ၂၆ ရက်၊ ၂၀၀၉ ခုနှစ်။
မြန်မာနိုင်ငံတောင်ပိုင်း ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် ကော့သောင်းတွင်
တနသာင်္ရီ တိုင်း မှတ်ပုံတင် ကိုင် ဆောင်သူမဟုတ်ပါက လူဝင်မှုကြီးကြပ်ရေးဌာန (လ၀က)
တားမြစ် ခရီးသည် အဖြစ်သတ်မှတ်ပြီး ကော့သောင်း-ရနောင်းသို့ သွားလာခွင့်
ပိတ်ပင်ထားသည်။
ထိုင်းနိုင်ငံ တစ်ဘက်ကမ်းရနောင်းသို့ တနသာင်္ရီတိုင်း ၆ မျဉ်းစောင်း မှတ်ပုံတင်
ကိုင်ဆောင်သူများကိုသာ ဖြတ် သန်း ၀င်ရောက်ခွင့်ပြုသည်ဟု ကော့သောင်း ဒေသခံ
တစ်ဦးက ယခုလိုပြောသည်။
“ကော့သောင်းကနေ ဟိုဘက်ကမ်း ရနောင်းကူးဖို့နည်းနည်းအခက်အခဲရှိတယ်။ ၆
မျဉ်းစောင်းက လွဲ ပြီး ကျန်တာ မလုပ်ပေးဘူး။ အာမခံတောင် မလုပ်ပေးဘူး။ အရင်ကလ၀က
တစ်ဖွဲ့လုံးရှင်းသွားတယ်။ နောက်တဖွဲ့ ရောက်လာတယ်။ အသစ်တွေကြီးပဲခု။ အရင်က
အိမ်ထောင်စုနဲ့ မှတ်ပုံတင် ထောက်ခံရင် လွတ်ပေးတယ်။ ခုကျတော့ အခြေအနေ ကြပ်နေတာ။
၆ မျဉ်းစောင်းတောင် ဘယ်နှစ်နာရီကျ ပြန် အဲလို မသကာင်္ရင်တောင် လုပ်မပေးဘူး။ ”
ကော့သောင်းခရိုင်ရုံးမှ လူဝင်မှုကြီးကြပ်ရေးဌာန
(လ၀က)မှ တာဝန်ရှိသူအသစ်များ ယခင်အပတ်ရောက် လာချိန် မှစ၍ ထိုင်းဘက်ကမ်းသို့
သွားလာရေး တင်းကြပ်ခဲ့ခြင်း ဖြစ်သည်။
နိုင်ငံနယ်စပ် ဖြတ်သန်းသွားလာရေး တင်းကြပ်သဖြင့် စီးပွားရေးအခက်အခဲဖြစ်သည်ဟု
နောက်ထပ် မြို့ခံ တစ်ဦး က ပြောသည်။
“အကုန်တမြို့လုံးပဲ။ အဲလိုဖြစ်တော့ စီးပွားရေး တအားကြပ်သွားပြီ။ ဟိုတုန်းက
တရက်ဆို လေးငါးရာ လောက်ရတယ်။ မရတာ မရှိဘူး လှေသမားတိုင်း တော်တော်များများရတယ်။
ခုချိန်တော့ တစ်ရာ တစ်ရာကျော် မနည်းရအောင် လုပ်နေရတယ်။ ဆိုင်ကယ်သမားဆို
မမေးနဲ့တော့ အုန်နာခ နှစ် ထောင်မနည်း ရှာနေရတယ်။ စီးပွားရေး မတရားကြပ်သွားတယ်
အကုန်လုံး။ ကော့သောင်းမြို့ တစ် မြို့လုံးပဲ”
ဟုပြောသည်။
မေလ
၁၈ရက်နေ့တွင် စက်လှေ တိမ်းမှောက်သဖြင့် ခရီးသည်များ သေဆုံးမှု ဖြစ်ပွားပြီး
နောက် အခြားနယ်မှ ရောက်လာသူ မသင်္ကာသည့် ခရီးသည်များကို သက်ဆိုင်ရာ
ရပ်ကွက်ရုံးများအလိုက် နေ့စဉ် စစ်ဆေးထိန်းသိမ်း ပြီး နေရပ်ဒေသသို့
ပြန်ပို့ခဲ့သည်။
လူကုန်ကူးမှု ပြသာနာများကြောင့် ယခုဇွန်လဆန်းပိုင်းမှ စပြီး
ထိုင်းတစ်ဘက်ကမ်းသို့ တစ်ပတ်စာ သွားရောက် လည်ပတ်ခွင့် လက်မှတ်ကို
ကော့သောင်းဗျူဟာမှုးက ပိတ်ပင် ထားသည်။
|