|
လက်နက်ကိုင်တိုက်ပွဲကို အဓိကထားရန် ပအိုဝ်းအဖွဲ့နှစ်ဖွဲ့ သဘောတူ
ခွန်အောင်မြတ်။
ဇူလိုင်လ ၂၆ ရက်၊ ၂၀၀၇ ခုနှစ်။
ပအိုဝ်းပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ပီပီအယ်လ်အို)နှင့် ယခင်လက တောပြန်ခိုလာသည့်
ပအိုဝ်းနီ ခေါ် ရှမ်း ပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့
(ရလလဖ)အဖွဲ့ တို့သည် ယမန်နေ့က တွေ့ဆုံဆွေးနွေးခဲ့ ကြပြီး
လက်နက်ကိုင်တိုက်ပွဲကို အဓိကထားကာ အမျိုးသား ရေးအတွက် လူထုတိုက်ပွဲ၊ သံတမန်ရေး
တိုက်ပွဲ တို့ဖြင့် ပူးတွဲ တိုက်ပွဲဝင်သွားမည်ဟု ကြေညာချက်ထုတ်ပြန်သည်။
“ပအိုဝ်း
ပြည်သူလူထုတွေကနေပြီးတော့ မခံမရပ်နိုင် ဖြစ်ပြီးတော့ ဆူပူအုံကြွလာပြီးတော့
သို့တည်းမ ဟုတ် စီးပွားရေးကြောင့် အကြောင်းကြောင်းကြောင့် ဒီလူထုတွေအနေနဲ့ကလည်း
မိမိတို့ရဲ့ အမျိုး သားအခွင့်အရေးကို တောင်းဆိုလာမယ်ဆိုရင် လူထုတိုက်ပွဲဆိုတဲ့
လှုပ်ရှားမှု တွေနဲ့ ပေါင်းစပ်နိုင် တယ်။ နောက်ပြီးတော့ သံတမန်တိုက်ပွဲလို့
ခေါ်တဲ့ ဒီအိမ်နီးနားချင်း နိုင်ငံတွေ၊ နိုင်ငံတကာ အင်အား စုတွေ ကုလသမဂ္ဂအပါအ၀င်
အဲဒီက ဖိအားတွေ ရရှိဖို့အတွက် လည်း ကျနော်တို့ ပအိုဝ်းအဖွဲ့အစည်း တွေနေနဲ့
မိမိတို့ရဲ့ တိုင်းရင်းသားအခြေအနေတွေကို တင်ပြပြီးတော့ ဖိအားတွေ
ရရှိဖို့အတွက်လည်း ဆောင်ရွက်သွားနိုင်တယ်။”
ဟု ပီပီအယ်လ်အို၏ ဥက္ကဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။
နှစ်ဖွဲ့ပူးပေါင်းထုတ်ပြန်သောကြေညာချက်တွင် နအဖ ကျင်းပနေသည့်
အမျိုးသားညီလာခံကို လုံးဝဆန့်ကျင်ပြီး ထွက်ပေါ်လာမည့် ရလဒ်များကို
အသိအမှတ်မပြုရန်နှင့် ပအိုဝ်းအမျိုးသား စည်းလုံးညီညွှတ်ရေး၊ နိုင်ငံရေး မြှင့်
တင်ရေး၊ လူမျိုး၏ အမျိုးသား လက္ခဏာနှင့် အမျိုးသား ဂုဏ်သိက္ခာကို
ထပ်ဆင့်မြှင့်တင်နိုင်ရေး စသည့် လုပ်ငန်း များ ပူးပေါင်းလုပ်ဆောင်သွားရန်
သဘောတူညီခဲ့ကြောင်း ဖော်ပြထားသည်။
ပအိုဝ်းအမျိုးသားအဖွဲ့နှစ်ဖွဲ့ ရေရှည်ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်၍
ဗိုလ်မှူးကြီး ခွန်ဥက္ကာက ယခုလို ဆက်လက်ပြောသည်။
“ရေရှည်အတွက်ကတော့
ဒီနေ့ဟာ ပထမအကြိမ် အပြန်အလှန် ရင်းရင်းနှီးနှီး ဖလှယ်ကြတယ်ဆို တော့
အဖွင့်မိတ်ဆက်သဘောမျိုးဖြစ်ပြီးတော့ ဆက်လက်ဆွေးနွေးသွား ဖို့တော့ရှိတယ်ခင်ဗျား။
အခါ အားလျှော်စွာ တွေ့ဆုံ ဆွေးနွေး ဆက်လက်ဆွေးနွေးသွား ပြီးတော့
ဒီလုပ်ငန်းအသေးစိပ်တွေ ချမှတ် သွားဖို့ ဆိုပြီးတော့ အဲလိုတော့ အကြမ်းဖျင်း
လျာထားတာတော့ ရှိတယ်ခင်ဗျ။”
ရလလဖနှင့်
ပီပီအယ်လ်အိုသည် အနာဂတ်တွင် ပအိုဝ်းနိုင်ငံရေးအင်အားစုများ ပူးပေါင်းပါဝင်မည့်
စစ်ရေး၊ နိုင်ငံ ရေးအရ အင်အားကြီးသော ပအိုဝ်းအမျိုးသားအဖွဲ့တဖွဲ့ ပေါ်ပေါက်လာရန်
ရည်မှန်းထားသည်ဟု ရလလဖ၏ အ ထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်သူရိန်က
ပြောသည်။
“ကျနော်တို့ SNPLO
(ရလလဖ) ဆိုတာက ယာယီဆိုတဲ့ဟာထက် အခြေအနေတခုကို ကြည့်ပြီး တော့မှ ကျနော်တို့
ဖြတ်သန်းသွားမှာ ဖြစ်ပါတယ်။ နောက်ထပ်ပြီးတော့မှ ကျနော်တို့ရဲ့ အခု အခြေ အနေထက်
ပိုမိုပြီးတော့မှ ကျယ်ပြန့်တဲ့ဟာကိုပဲ ပိုမိုပြီးတော့မှ လုပ်ဆောင်သွားမှာ
ဖြစ်ပါတယ်။ အဲဒီ ပိုမိုပြီးတော့မှ ကျယ်ပြန့်အောင်ဆိုတာက ပြောရမယ်ဆိုရင် အခု
ပီပီအယ်လ်အို ရော နောက်ပြီးတော့ ကျနော်တို့ရဲ့ SNPLO (ရလလဖ) ရော ဆိုတာက ဒါဟာ
တဖွဲ့ချင်းရဲ့ အနေအထားပဲ ဖြစ်ပါတယ်။ နောက်နောင်ဆိုရင်တော့ ဒီတဖွဲ့ချင်း
အနေအထားထက် ပိုမိုပြီးတော့မှ ကြီးမားတဲ့ဟာကို လုပ်ဆောင် သွားမယ်ဆိုတဲ့ဟာပဲ
ဖြစ်ပါတယ်။”
ပအိုဝ်းပြည်သူ့လွတ်မြောက်ရေးအဖွဲ့သည် ဦးအောင်ခမ်းထီ ဦးဆောင်သည့် ပအိုဝ်းဖြူ
ခေါ် ပအိုဝ်းအမျိုးသား တပ်မတော်က မြန်မာစစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေးရာတွင်
လိုက်ပါမသွားပဲ မြန်မာစစ်အစိုးရကို ဆက်လက် တော်လှန်နေသည့် အဖွဲ့ဖြစ်သည်။
ပအိုဝ်းနီခေါ် ရလလဖ
အဖွဲ့သည် မြန်မာစစ်အစိုးရနှင့် ၁၃ နှစ်ကြာ အပစ်ခတ်ရပ်စဲရေးပြုလုပ်ခဲ့ပြီး
နိုင်ငံရေး နည်းအရ တွေ့ဆုံဆွေးနွေးရန် အခြေအနေ မပေးသည့်အပြင် လက်နက်ချရန်
ဖိအားပေးခံရသည့်အတွက် ဗိုလ်မှူးကြီး ခွန်ထိဆောင်၊ ဗိုလ်မှူးကြီး
ခွန်သူရိန်တို့ဦးဆောင်သော လက်နက်အင်အား ၁၀၀ ကျော်သည် ဗဟိုမှ ခွဲထွက်ကာ
တောပြန်ခိုလာခဲ့သည်။
ယခုလလည်က
ရှမ်းပြည်တပ်မတော် တောင်ပိုင်းသည် ရလလဖနှင့် တဖွဲ့တည်းအဖြစ် ပူးပေါင်းရေးအတွက်
တွေ့ဆုံ ဆွေးနွေးခဲ့သည်။
|