|
ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်သူတချို့၏ မိဘများကို လ၀က က ခြိမ်းခြောက်ပြီး
ငွေညစ်
ခွန်အောင်မြတ်။
သြဂုတ်လ ၂၆ ရက်၊ ၂၀၀၉ ခုနှစ်။
ထိုင်းနိုင်ငံရောက်
ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ထားကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အချို့၏
နေရာ ဒေသရှိ မိဘဆွေမျိုးများကို သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဌာန (လ၀က)
ဝန်ထမ်းများက ခေါ်ယူပြီး ခြိမ်း ခြောက်ကာ ငွေညစ်နေသည်ဟု အလုပ်သမားများက ပြောသည်။
ရှမ်းပြည်တောင်ပိုင်း
ဟိုပုံးမြို့နယ် လ၀က ၀န်ထမ်းများက ကျေးရွာများရှိ အလုပ်သမားများ၏ မိဘများကို
ဆင့် ခေါ်က ၎င်းတို့၏သားသမီးများ ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်သည်မှာ
မှန်၊ မမှန်မေးမြန်းသည်ဟု ဘန်ကောက်ရောက် အလုပ်သမား မောင်ခမ်းက ပြောသည်။
“ဒီကနေ မှတ်ပုံတင်၊
အိမ်ထောင်စုဇယားစာရင်း ပေးလိုက်တာ။ မြန်မာပြည်က လူဝင်မှုကြီးကြပ် ရေး ဌာနက
သူတို့ မိဘတွေ ဆွေမျိုးတွေကို ခေါ်တယ်။ ခင်ဗျားတို့ သားသမီး နာမည် ဒီလိုဒီလို က
ထိုင်း နိုင်ငံမှာ ရောက်နေတာ ဟုတ်လား၊ ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်နေတာ
ဟုတ်လား အဲဒီလိုမေးတယ်။ အဲလို ဟိုမေးဒီမေးလုပ်ပြီး ဟုတ်တယ်ဝန်ခံရင်။ ဒီမှာ
သူတို့စာရင်းပေးလာတယ်။ ခင်ဗျားတို့ သားသမီး က ခိုးသွားတယ် ဘာညာဆိုပြီး
ခြိမ်းခြောက်ပြီး တောင်းစား တာပေါ့ဗျာ။ အဲလိုခြိမ်းခြောက်ပြီး အေး ဒီတပတ်တော့
ခင်ဗျားတို့ ငွေလေးထောင် ကုန်ရမယ် အဲလိုလုပ်တာ။”
လ၀ကက
တလလျှင်နှစ်ကြိမ်သုံးကြိမ်ခေါ်၍ မေးမြန်းပြီး မကြာခဏငွေညစ်နေသည့်အတွက် မိဘများက
စိုးရိမ် ထိတ်လန့်ပြီး ထိုင်းနိုင်ငံရှိ သားသမီးများကို ပြန်လာကြရန် ခေါ်နေသည်ဟု
၎င်းက ပြောသည်။
“အဲဒါကြောင့်
အလုပ်သမားလက်မှတ်လုပ်ထားတဲ့ ပအိုဝ်းအလုပ်သမားတွေ တချို့က ယူရင်ကောင်းမ လား
မကောင်းဘူးလား၊နောက်နှစ် ပတ်စပို့စ်သွားလုပ်ရင်ကောင်းလားမကောင်းဘူးလား။
သွားလုပ်ရင် လည်း ဟိုးအထဲက မိဘတွေကိုငွေညစ်တောင်းစားတယ်။
ဒီထိုင်းနိုင်ငံမှာလည်း ကုန်ကျသင့်သလောက် လည်း ကုန်ကျပြီးပြီ။ အဲလိုစဉ်းစားပြီး
စိုးရိမ်နေကြတယ်။”
မော်လမြိုင်မြို့မှ
လာရောက်ပြီး မဟာချိုင်တွင် အလုပ်လုပ်နေသည့် အလုပ်သမားတဦးကမူ လ၀က အိမ်ကို လာ
ရောက်စုံစမ်းသော်လည်း ခြိမ်းခြောက်ပြောဆိုခြင်း မရှိဟု ပြောသည်။
“သူတို့မနေ့က
မေးတာကတော့ မော်လမြိုင်အိမ်ကို သွားမေးတာပေါ့နော်။ ဟုတ်လားပေါ့။ နေတာ မှန်
လားပေါ့။ ရှိတာသေချာလား သွားမေးတာ။ ဒီလောက်ပါပဲ။”
နယ်စပ်မြို့များဖြစ်သည့် ကော့သောင်း၊ မြ၀တီနှင့် တာချီလိတ်မြို့တို့တွင်
ရုံးဖွင့်လှစ်ထားပြီး မြန်မာအလုပ်သမား များအတွက် ယာယီနိုင်ငံကူးလက်မှတ်ကို
ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့ မှစ၍ ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလအထိ
ပြုလုပ်ပေးနေသည်။
ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရာတွင် အလုပ်သမား လက်မှတ်၊ မြန်မာမှတ်ပုံတင်၊
နေရပ် လိပ်စာနှင့် ရဲစခန်း ထောက်ခံစာ စသည်များကို လိုအပ်ပြီး တဦးလျှင် ဘတ်ငွေ
သုံးထောင် ကုန်ကျသည်။
ထိုင်းနိုင်ငံတွင်
မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်သန်းခန့်ရှိသည်ဟု အလုပ်သမားအရေး
ကူညီဆောင်ရွက်ပေး နေသည် အဖွဲ့များက ခန့်မှန်းထားကြသည်။
|