|
ဘုရားသုံးဆူမိုင်းကွဲမှု တပ်ရင်းမှူးအပါအ၀င် လေးဦးဒဏ်ရာရ
သတင်းနှင့်မီဒီယာ
ကွန်ယက်။ ဇော်ကြီး။
သြဂုတ်လ ၂၆ ရက်၊ ၂၀၁၀ ခုနှစ်။
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်
ဘုရားသုံးဆူမြို့၌
မိုင်းဗုံးတစ်လုံးထပ်မံပေါက်ကွဲ ခဲ့ပြီး
စစ်အစိုးရတပ်မှ တပ်ရင်းမှူးအပါအ၀င် လေးဦးဒဏ်ရာရခဲ့သည်။
မြို့နယ် စိုက်ပျိုးရေးရုံးနှင့်
မြို့နယ်ဆေးရုံကြီးကြား၊ ရပ်ကွက်(၃)တွင် ထောင်ထားသည့် မိုင်းအား ဒေသခံ စစ်အစိုး
ရတပ်ဖွဲ့နှင့် တိုးတက်သောကရင် ဗုဒ္ဓဘာသာတပ်မတော် (DKBA)တပ်ဖွဲ့တို့က
ရှင်းလင်းခဲ့ပြီး ဖောက်ခွဲရန်ပြင် ဆင်နေစဉ် ပေါက်ကွဲခဲ့သည်ဟု ဒေသခံတစ်ဦးက
ယခုလိုပြောသည်။
“ဒဏ်ရာပြင်းထန်တာက နှစ်ယောက်တစ်ယောက်က ရဲဘော်စိုးဝင်း၊ ကန်ချနဘူရီဆေးရုံမှာ
ဘယ်ဖက် ခြေထောက် ဖြတ်ရမယ်ထင်တယ်။ နောက်တစ်ယောက်ကတော့ ဒီကေဘီအေ က နာမည်မသိသေး
ဘူး။ အဲတာတော့ ၀င်းကဆေးရုံရောက်နေတယ်လို့ကြားတယ်။ပေါင်မှာထိတယ်။
အားလုံးလေးယောက် ထိတယ်။”
ဒဏ်ရာရသူ လေးဦးအနက် “အဲဒီထဲမှာ တပ်ရင်းမှူး
ဒုဗိုလ်မှူးကြီး အောင်တင့်ခိုင်ပါတယ်။ လက်မောင်း မှာ ရှပ်ထိတာပေါ့ဗျာ။ပြီးတော့
ဗိုလ်ကြီးနိုင်လင်းဦး၊ သူက IO (ထောက်လှမ်းရေး)၊ သူကပါးမှာ ရှပ်ထိ တယ်။” ဟု
၎င်းကဆက်ပြောသည်။
ယခုလအတွင်း ဘုရားသုံးဆူမြို့ပေါ်တွင်
မိုင်းဗုံးများ မကြာခနဆိုသလိုတွေ့နေရပြီး ပေါက်ကွဲမှုများ ဖြစ်ပေါ်နေ သည့်အတွက်
ဒေသခံလူထုများ ထိတ်လန့်နေကြသည်ဟု ဆက်ပြောသည်။
“ဒီနေ့လည်း ဗုံးအတုတစ်လုံးတွေ့တယ်။ အမှိုက်ထုပ်ပေါ့ဗျာ။ ဗုံးထင်ပြီး ဒီမှာ
လှုပ်လှုပ်ရွရွ ဖြစ်လိုက် သေးတယ်။ ရေကန်ဘေးနားက လမ်းဘေးတောထဲမှာ သွားပစ်ထားတာ။
ကြည့်ရတာ ၀ါယာကြိုးစ တွေလည်းပါတော့ မိုင်းထုပ်ထင်ပြီး အရပ်သားက လာပြောတော့
ဒီကောင်တွေ(စစ်တပ်)ကသွားကြည့် တာ အမှိုက်ထုပ်ဖြစ်နေရော။”
ယမန်နေ့ညနေ ငါးနာရီကျော်က
ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး မည်သူမည်ဝါ၏ လက်ချက် ဖြစ်သည်ကို မသိရသေးပေ။
ဘုရားသုံးဆူမြို့နယ်အတွင်း၌
မြန်မာစစ်အစိုးရ၏ ခလရ(၃၂)တပ်ရင်းအပါအ၀င် ရဲ၊ ပြည်သူ့စစ်တပ်ဖွဲ့များအပြင်
စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေးပြုလုပ်ထားသည့် တိုင်းရင်း သား
လက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားရာဒေသ ဖြစ်သည်။
|