|
ညမထွက်ရ အမိန့်ထုတ်လိုက်ပြီ
သတင်းနှင့်မီဒီယာကွန်ယက်။
စက်တင်ဘာလ ၂၆ ရက်၊
၂၀၀၇ ခုနှစ်။
ဆန္ဒပြမှုကြီးထွားလာမှုကို
ဟန့်တားသည့်
အနေဖြင့် မြန်မာအစိုးရက ရန်ကုန်နှင့် မန္တလေးမြို့ကြီးနှစ်မြို့မှာ
ညမ
ထွက်ရ၊
လူ ၅ ယောက်ထက်ပိုမစုရ အမိန့်ကို
ထုတ်ပြန်လိုက်သည်။
ယခုထုတ်ပြန်သော အမိန့်ကို
အစိုးရပိုင်သတင်းမီဒီယာများမှ ထုတ်လွှင့်ဖော်ပြခဲ့ခြင်းမဟုတ်ပဲ
ကားများဖြင့် လှည့်
လည် ကျေညာခဲ့ခြင်းဖြစ်သည်။
ကာဖျူးက
ဒီကနေ့
အချိန်မတော်မှာ ထုတ်လိုက်တာလေ၊
အမိန့်တခုအနေနဲ့
ထုတ်လိုက်တာ။
ကား
တွေနဲ့
လှည့်ပြီး
အော်တာ
ဟု ရန်ကုန်မြို့ခံ
တဦးက ယမန့်နေညနက်ပိုင်းက
ပြောပြသည်။
ယခုထုတ်ပြန်သော အမိန့်တွင်
ရန်ကုန်၊
မန္တလေးမြို့ကြီးများ၌
ည ၉ နာရီမှ
မနက် ၅ နာရီ အတွင်း အိမ်ပြင်မ
ထွက်ရန်နှင့် လူ ၅
ယောက်ထက်ပို မစုရန် ဖော်ပြထားသည်။
ညမထွက်ရ
အမိန့်ထုတ်ပြန်ခဲ့သော်လည်း
သံဃာနှင့် ကျောင်းသားခေါင်းဆောင်များက သပိတ်တိုက်ပွဲ ဆက်
လက်ဆင်နွဲသွားမည်ဟု
ပြောဆိုကြသည်။
|