|
မြစ်ကြီးနားနှင့်
ဗန်းမော်တွင် ရာနှင့်ချီသော သံဃာတော်များအား ဖမ်းဆီး
အကြမ်းဖက်ရိုက်နှက်မှုများ
ရှိခဲ့
သတင်းနှင့်မီဒီယာကွန်ယက်။
စက်တင်ဘာလ ၂၆ ရက်၊
၂၀၀၇ ခုနှစ်။
ယနေ့
နံနက် လင်းအားကြီး
အချိန်က စစ်သားများက ဗန်းမော်နှင့် မြစ်ကြီးနားရှိ
ဘုန်းကြီးကျောင်း
အချို့ကို
ဝင်
ရောက် စီးနင်းခဲ့ပြီး
ရာနှင့် ချီသော သံဃာတော်များအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ယနေ့
ဗန်းမော်က ရသော သတင်းများ အရ ယခင်ရက်များက ဆန္ဒပြမှုများတွင်
ဦးဆောင်ပါဝင်သော သိမ်တော် ကြီးကျောင်းတိုက်မှ
သံဃာ ၁၀၈ ပါးကို ယနေ့နံနက်
လင်းအားကြီးတွင်
စစ်တပ်က ၀င်ရောက်ဖမ်းဆီးသွားခဲ့
သည်။
ထွက်ပြေးရန်ကြိုးစားသည့်
သံဃာများနှင့် လိုက်ပါရန်ငြင်းဆန်သည့် သံဃာများအား စစ်တပ်က အကြမ်းဖက်
ရိုက်နှက်မှုများ
ရှိသည်ဟု မြို့ခံ
တဦးက ဆိုသည်။
ဖမ်းဆီးသွားသော သံဃာများကို ဗန်းမော် အခြေစိုက် ခလရ ၂၃၆ တွင် ထိန်းသိမ်းထားသည်။
တချိန်တည်းမှာပင် မြစ်ကြီးနားတွင်လည်း
ခေမာသီရိကျောင်းတိုက်နှင့် ယုဇန ကျောင်းတိုက်များကို စစ်တပ်က
ဝင်ရောက်စီးနင်းခဲ့သည်။
ယုဇန ကျောင်းတိုက်မှ သံဃာ အပါး ၉၀ နှင့် ခေမာသီရိကျောင်းတိုက်မှ သံဃာတော် ၄၂
ပါးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ဝန်းသိုကျောင်းတိုက်မှ သံဃာတော် ၂၉ မှာမူ ထွက်ပြေးတိမ်းရှောင်
နေသည်ဟု သိရသည်။
ဗန်းမော်တွင် ဆန္ဒပြပွဲတွင်
ပါဝင်သော အရပ်သားများအားလည်း ဖမ်းဆီးမှုများ
ရှိသည်ဟု သတင်းများ ထွက်
ပေါ်နေသော်လည်း အတိအကျ
အတည်မပြုနိုင်သေးပါ။
|