|
ကေအဲန်ပီပီတပ်စခန်းအား နအဖက လက်နက်ကြီးနှင့် ပစ်ခတ်
မတ်လ ၂၇ ရက်၊ ၂၀၀၇
ခုနှစ်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီနှင့် နအဖတို့
ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ပြီး သုံးရက် အကြာတွင် နအဖ စစ်တပ်က
ကရင်နီတပ်မတော် အခြေစိုက်စခန်းကို လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ခဲ့သည်ဟု
ကရင်နီတပ်မ တော် ဒုစစ်ဦးစီးချုပ်ကပြောသည်။
“မနေ့ညက
လေးလုံးလောက်ထုတယ်။ အခု စပြီလေ နှစ်လုံးစထုပြီ။ အခုမှပဲ သူတို့ နှစ်လုံးပစ်တယ်။
ခုနမှပဲ တစ်မိနစ် ကျော်ကျော်လောက်ကပေါ့။”ဟု ကရင်နီတပ်မတော်၏ ဒု-စစ်ဦးစီးချုပ်
ဗိုလ်မှူးချုပ်အောင်မြတ်က ပြော သည်။
ယမန်နေ့ည ၆
နာရီခွဲခန့်မှ စတင်၍ ကရင်နီတပ်မတော်၏ ဌာနချုပ်စခန်းဖြစ်သည့် ညာမူကုန်း ရှေ့ရှိ
အခြေစိုက် စခန်းကို လက်နက်ကြီးဖြင့် လေးချက်ပစ်ခတ်ခဲ့ပြီး ယနေ့ နေ့ခင်း
၃နာရီခန့်က နှစ်ချက် ထပ်မံပစ်ခတ်ခဲ့သည်။
နအဖစစ်တပ်
ပစ်ခတ်လာသည့် လက်နက်ကြီးကြောင့် ကရင်နီတပ်မတော်ဖက်တွင် ထိခိုက်ပျက်စီးခြင်း
မရှိသကဲ့ သို့ တန်ပြန်တိုက်ခိုက်မှု မပြုလုပ်ခဲ့ဟု ဗိုလ်မှူးချုပ်အောင်မြတ်က
ပြော သည်။
ညာမူကုန်းအနီးတွင်
အခြေစိုက်ထားသော နအဖစစ်တပ်များသည် ယခုကဲ့သို့ မကြာပစ်ခတ် လေ့ရှိပြီး လွန်ခဲ့
သည့် ဒီဇင်ဘာလ ၃၁ ရက်နေ့ည ၁၂ နာရီခန့် ကလည်း အလားတူ ပစ်ခတ်ခဲ့သည်ဟု ၎င်းက ဆက်လက်
ပြောသည်။
နအဖစစ်တပ်အနေနှင့်
စစ်ရေးအရ ဆက်လက်တိုက်ခိုက်လာပါက နှစ်ဖက် နှစ်ဖက် တွေ့ဆုံဆွေးနွေးမှုကို အဟန့်
အတားဖြစ်လာနိုင်သည်ဟု ကေအဲန်ပီပီ အတွင်းရေးမှူး ခူးရီမွန်ထူး က ပြောသည်။
“(၆၂) နှစ်မြောက်
ဗမာတပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် သူတို့ဒီလိုမျိုး လက်နက်ကြီးကို
ပစ်ဖောက်တာ တော့ အကြောင်းမဟုတ်ဘူးလေ။ ကျနော်တို့ဖက်ကို ဦးတည်လာလည်း အကြောင်း
မဟုတ်ဘူးလေ။ ဒါပေမယ့် လို့ ကျနော်တို့ကို ရှေ့ဆက်ပြီးတော့ တိုက်ခိုက်လာမယ်
ဆိုရင်တော့ ကျနော်တို့ ပြောဆိုထားတဲ့ တွေ့ဆုံဆွေးနွေး ထားတဲ့
Cease-fire
(အပစ်အခတ်ရပ်စဲရေး)
ကိစ္စတွေကို အဟန့်အတား ဖြစ်သွားနိုင်စရာအကြောင်း ဖြစ်သွားစေ နိုင်တာပေါ့။”
ယခုလ ၂၃ ရက်နေ့က
တာချီလိတ်မြို့တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအဲန်ပီပီ) နှင့်
စစ်အစိုးရ တို့၏ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း တိကျသော
သဘောတူညီချက်များ မရခဲ့ကြပေ။ |