|
ဘင်္ဂလားဒေ့ရှ်တွင် မိုင် ၂၅၀ လမ်းလျှောက်၍
လူထုဆန္ဒခံယူပွဲကို ဆန့်ကျင်ဆန္ဒပြ
ခွန်အောင်မြတ်။
မတ်လ ၂၇ ရက်၊
၂၀၀၈ ခုနှစ်။
မြန်မာစစ်အစိုးရက မေလတွင် ကျင်းပမည့် လူထုဆန္ဒခံယူပွဲကို
ဆန့်ကျင်ကန့်ကွက်သည့် အနေဖြင့်
ဘင်္ဂလား ဒေ့ရှ်နိုင်ငံရောက် ရခိုင်ရဟန်းတော်များနှင့်
ဒီမိုကရေစီ လှုပ်ရှားသူများက
မိုင် ၂၀၀ကျော် ခရီးရှည် လမ်းလျှောက်
ချီတက်ပွဲကို ယနေ့ စတင်လိုက်သည်။
ရဟန်းတော် ၆ ပါးအပါအ၀င် လမ်းလျှောက်ဆန္ဒပြသူ
၁၃ ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော်
ဒါကာမြို့မှယနေ့
နံနက် ၉ နာရီတွင် စတင်ချီတက်ကြပြီး
ကော့ဘဇားမြို့အထိ လမ်းလျှောက်ဆန္ဒပြကြမည်ဟု
လမ်းလျှောက်ဆန္ဒ ပြပွဲတွင်
ပါဝင်သူ ကိုကံမြင့်က ပြောသည်။
“နအဖက
မေမှာ ကျင်းပမယ့် လူထုဆန္ဒခံယူပွဲကို
ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့
ကျနော်တို့ အခုလို မျိုး လမ်းလျှောက်ချီတက်
ဆန္ဒပြကြတာ ဖြစ်ပါတယ်ခင်ဗျား။”
လမ်းလျှောက်ဆန္ဒပြပွဲတွင်
ဦးဆောင်ပါဝင်သည့် ဘင်္ဂလားဒေ့ရှ် အခြေစိုက် သံဃာ့ဥသျှောင်
အဖွဲ့၏ စည်းရုံးရေး တာဝန်ခံ အရှင်သီလာဝံသက
မြန်မာစစ်အစိုးရ ဦးဆောင်ကျင်းပမည့် ဆန္ဒခံယူပွဲကို
သပိတ်မှောက်ကြရန် မြန်
မာနိုင်ငံအတွင်း တိုင်းနှင့်ပြည်နယ်အသီးသီးတွင် သီတင်းသုံးနေသည့်
ရဟန်းသံဃာတော်များကို လျှောက်ထား
တောင်းဆိုခဲ့သည်။
“နောက်ပြီးတော့
ပြည်ထောင်စု မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ ဦးဇင်းတို့
ဒကာ၊ ဒကာမတွေကလည်းပဲ မြန်မာနိုင်ငံရဲ့
န၀တတွေဟာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို
အတည်ပြုဖို့အတွက် ပြည်သူ့ဆန္ဒ
ခံယူပွဲတွေကို အဲဒီ ဒကာ၊ ဒကာမတွေကလည်းပဲ လက်မခံပြီးတော့
ကန့်ကွက်ကြပါလို့
အဲဒီလို တောင်းဆိုပါတယ်။ ရာသီဥတု အခြေအနေ ကတော့
တော်တော်ပူပါတယ်။ ပူပေမယ့်လို့
ဦးဇင်းတို့ ဇွဲ မလျော့ပါဘူး။
ဦးဇင်းတို့ရဲ့ လိုအင်ဆန္ဒတွေကို
မြန်မာပြည်သူတွေ သိကြပါစေဆိုတဲ့ အသိအမှတ်
အနေနဲ့ ဦးဇင်းတို့
ပြနေတာပါ။ ”
လမ်းလျှောက်ချီတက်မည့်
ခရီးမိုင်ပေါင်း ၂၄၅ မိုင်ရှိပြီး ၁၅ ရက်ခရီးလျှောက်ကြမည်ဖြစ်သည်။
ယခုလမ်းလျှောက် ဆန္ဒပြပွဲသည်
ဘင်္ဂလားဒေ့ရှ်အာဏာပိုင်ကို တရားဝင်
ခွင့်တောင်းခြင်းမပြုသော်လည်း ဒေသခံ အာဏာပိုင်များ
တားဆီး နှောက်ယှက်ခြင်း မပြုလုပ်ကြောင်း သိရသည်။
ယနေ့လမ်းလျှောက်ဆန္ဒပြသူများကို
ဘင်္ဂလားဒေ့ရှ်ရှိ မြန်မာ့အရေး လှုပ်ရှားသူများက
ဘတ်စ်ကားများဖြင့် ဒါကာ မြို့လယ်အထိ
လိုက်ပါ ပို့ဆောင်ပေးခဲ့သည်။
ဆန္ဒပြ
ချီတက်ရာ လမ်းတလျှောက်တွင် သာသနာ့အလံ၊
ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ နှင့် သံဃာသတ်တဲ့ မိစ္ဆာတွေ
မိုးကြိုးပစ်လို့သေပါစေ၊
သံဃာတော်ကို သတ်သည့် နအဖ စစ်အစိုးရ စသည့် ပို့စတာများ
ကိုင်ဆောင် ပြီး မြန်မာစစ်အစိုးရပြုလုပ်မည့် ပြည်သူ့ဆန္ဒခံယူပွဲကို
ဆန့်ကျင်ကန့်ကွက်ကြရန်
လက်ကမ်းစာစောင် များကို လည်း အားပေးကြည့်ရှု
သူများကို ပေးဝေခဲ့သည်။
|