|
ဒီကေဘီအေက
ရွာသားများကို ခေါ်ဆောင်သွား
စောရန်နိုင်။
ဧပြီလ ၂၇ ရက်၊ ၂၀၀၇ ခုနှစ်။
ကရင်ပြည်နယ်၊
ကော့ကရိတ်မြို့နယ် အတွင်းရှိ မကြာသေးမီက တိုက်ပွဲဖြစ်ပွားရာနေရာ ဖြစ်သည့်
ကျေးရွာမှ ရွာ သား ၄၀ ခန့်ကို တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်ဖွဲ့ (ဒီကေဘီအေ) က
ခေါ်ဆောင်သွားခဲ့သည်ဟု ဒေသခံ တဦးက ပြောသည်။
ကွီးလယ်စူးကျေးရွာသည်
ယခုလ ၂၄ ရက်နေ့တွင် ဒီကေဘီအေနှင့် ကရင်အမျိုးသား အစည်းအရုံး (ကေအဲန် ယူ)
တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သော နေရာတနေရာဖြစ်ပြီး ထိုင်းနိုင်ငံ
ဖုတ်ဖတ်မြို့နယ် တဖက်ကမ်းတွင် တည် ရှိသည်။
ဒီကေဘီအေမှ
ဒု-တပ်ခွဲမှူး တဦး ဦးဆောင်ပြီး ရွာသားများအား လာရောက်ခေါ်ဆောင်
သွားခြင်းဖြစ်သည်။
ယမန်နေ့က
ထွက်ပြေးလွှတ်မြောက်လာသည့် ကွီးလယ်စူးမှ ရွာသားတဦး က ယခုလို ပြောပြသည်။
“ညနေ သုံးနာခွဲကနေစပြီးတော့ ရွာသားတွေကို ဖမ်းတယ်။ ဖမ်းတဲ့အခါကျတော့
ကျနော်ကျတော့ ပြေးလို့ လွတ် တာပေါ့။ ကျန်တဲ့ဟာတွေကျတော့ သူတို့က အကုန်လုံး
ဒီကေဘီအေ ဖမ်းထား လိုက် တယ်လေ။ သူတို့ ဖမ်းတာ က ယောက်ျားတွေသက်သက်ပဲ။ အခုလူ ၄၀
ကျော်လောက်ဖြစ်မယ် ထင်တယ်။ ယောက်ျား သက်ကြီး ရွယ်အိုက အစ အကုန်လုံး
သူတို့ဖမ်းတယ်။”
ဒေသခံရွာသား၏
ပြောပြချက်အရ ယခင်က နို့ဖိုးနှင့် ထီးမူးထကျေးရွာမှ အရပ်သားများကို ယခုကဲ့သို့
ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး အကာအကွယ် သဘောဖြင့် စစ်မြေပြင်တွင်
၎င်းတို့နှင့်အတူတူ လိုက်ပါစေခဲ့ပြီး စစ်ပွဲအပြီး တွင် ပြန်လည်လွှတ်ပေးခဲ့သည်။
စစ်မြေပြင် အတွင်းတွင် ရွာသားများ မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရမှု ရှိခဲ့ဖူး
သည်ဟုလည်း ပြောသည်။
ဒီကေဘီအေသည် ယခင်က
စစ်ဆင်ရေးများတွင် အရပ်သားများကို ခေါ်ယူအသုံးပြုမှု ရှိခဲ့သည်ဟု ကရင် အမျိုးသား
အစည်းအရုံး (ကေအဲန်ယု) ၏ အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှန်လာဖန်း က ယခုလို
ပြောသည်။
“သူတို့တောနင်းတဲ့အခါကျတော့ တခါတခါလူထုတွေကို ခေါ်ခေါ်ပြီးတော့ တခါတည်း လူထုတွေ အ
များကြီးနဲ့ ၀ိုင်းပြီးတော့ တောနင်းခိုင်းတာရှိတယ်။ အဲဒါမျိုးတွေ လုပ်တယ်။
အရင်တလော တုန်းက ဆိုလို့ရှိရင် နို့ဖိုးတို့၊ မဲ့ကနဲ တို့၊ ထီးမူးထ အဲ့ဒီဂွင်
ဒီရွာသုံးလေးရွာ ပေါ့လေ။ အဲလိုပဲလုပ်တာပဲ။”
ကွီးလယ်စူးကျေးရွာအပြင် ယင်းဒေသအနီးတ၀ိုက်ရှိ ကျေးရွာများဖြစ်သည့် ဖလူး၊
သေဘောဘိုး၊ တာအုထနှင့် လေးဝေါ် ကျေးရွာများမှ ရွာသားများကိုလည်း ပေါ်တာလိုက်လံ
ဖမ်းဆီးခေါ်ယူနေသည်ဟု အဆိုပါရွာသားက ပြောသည်။
ဒီကေဘီအေ က
ကွီးလယ်စူးကျေးရွာအနီးတ၀ိုက်တွင် တောနင်းမည်ဖြစ်ပြီး တောတွင်းတွင်
တွေ့ရှိသူများအားလုံး ကို ပစ်သတ်မည်ဟု ခြိမ်းခြောက်ထားသည်ဟုလည်း ပြောသည်။
ကရင်အမျိုးသားတပ်မတော်
(ကေအဲန်အယ်လ်အေ) တပ်ရင်း ၁၀၃ နယ်မြေအတွင်းတွင် ယခုလ ၁၂ ရက်နေ့ တွင်တကြိမ်၊ ၂၄
ရက်နေ့တွင်တကြိမ် ကေအဲန်ယူနှင့် ဒီကေဘီအေ များအကြား တိုက်ပွဲများ
ဖြစ်ပွားခဲ့သည်။
မြန်မာစစ်အစိုးရနှင့်
ပြန်လည်ပူးပေါင်းခဲ့သော ကေအဲန်ယူ တပ်မဟာ ၇ မှူးဟောင်း ဗိုလ်မှူးချုပ်ထိန်မောင်
ဦး ဆောင်သည့် ကရင်ခွဲထွက်အဖွဲ့အပါအ၀င်၊ ဒီကေဘီအေနှင့် နအဖတို့ပူးပေါင်း၍ ယခုလ
၁၀ ရက်နေ့တွင် ကေအဲန်ယူ၏ တပ်မဟာ ၇ အဓိက ဗျူဟာကုန်းကို
တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ကေအဲန်ယူ တပ်မဟာ ၆ နယ်မြေဘက်သို့
စတင်ထိုးစစ်ဆင်လာခဲ့သည်။
|