|
ဝိုင်းမော်မြို့နယ်တွင်း သစ်ခုတ်လှဲမှုကြောင့် စိုက်ခင်းများ ရေပြတ်မည်ကို
ဒေသခံများ စိုးရိမ်နေ
သတင်းနှင့် မီဒီယာ ကွန်ယက်။
ဧပြီလ ၂၇ ရက်၊ ၂၀၀၈ ခုနှစ်။
ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် အတွင်း ရေဝေတောင်တန်းပေါ်မှ သစ်တောများ
ခုတ်လှဲမှုကြောင့် တောင်ခြေရှိ လယ်ယာမြေ ဧက ၆၀၀ ကျော် ရေအခက်အခဲကြုံမည်ကို ဒေသခံ
လယ်သမားများက စိုးရိမ်နေကြသည်။
ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊နောင်းချိန်းကျေးရွာအရှေ့ဘက်
တောင်ပေါ်ရှိသစ်များကို တရုတ်နိုင်ငံမှာအလုပ် သမား လေးရာကျော်ဖြင့်
ခုတ်လှဲလျက်ရှိသည်ဟု ဒေသခံ နောင်းချိန်ကျေးရွာသားတဦးက ပြောသည်။
“သစ်တွေက
ကျနော်တို့ရွာရဲ့အရှေ့ဘက် အူဂမ်းတောင်ဆိုတဲ့နေရာမှာ၊ ရေဝေရေလဲ အဓိကပေါ့၊ အဲဒီ
တောင်က ထွက်တဲ့ရေ ချောင်းလေး ခုနှစ်ချောင်းရှိတာပေါ့၊ ချောင်းက နဂိုကတည်းက
ချောင်းလေး တွေဘဲ၊ ပျောက်တော့မှာဘဲ၊ သစ်ပင်ကြီးတွေခုတ်တော့
သစ်ပင်လေးတွေအကုန်ပါတော့ ပျောက်တော့ မှာဘဲ၊ ကျတော်တို့တရွာလုံးရဲ့ လယ်ဧက
ခြောက်ရာကျော်ရှိတယ်၊ အဲဒါ အဓိက ရေသောက်မြစ်ပေါ့၊ တောင်ကထွက်တဲ့ရေကို သုံးနေတာ၊
အခုခုတ်လိုက်ပြီ၊ အခု ဖေဖေါ်ဝါရီလပိုင်းကနေ စခုတ်နေတာ၊ အခုက ကုန်သလောက်တောင်
ရှိနေပြီ၊ စက်ယန္တယား သစ်ဖြတ်စက်တွေလည်း ပါတယ်၊ တရုတ် အလုပ်သမားတွေက
လေးရာလောက်ရှိမယ်၊ တရက်ကို အဲဒီတောင်ကနေ ကားအစီး နှစ်ဆယ်ကျော် သုံးဆယ် အဲဒါ
ပုံမှန်ထွက်တယ်။”
သစ်တောများအတွင်း တရုတ်နိုင်ငံသား သစ်လုပ်ငန်းရှင် သုံးဦးက
တရုတ်အလုပ်သမားများဖြင့် လုပ်ကိုင်နေပြီး ဒေသခံရွာသားများက သစ်မခုတ်ရန်
မောင်းထုတ်တားမြစ်သော်လည်း အာဏာပိုင်များကိုယ်တိုင် ပါဝင်ပတ်သက် နေသည့်အတွက်
ကျေးရွာသားများ ဘာမှလုပ်၍ မရသည့်အကြောင်း အဆိုပါ ကျေးရွာသားက အခုလိုပြော သည်။
“ကျနော်တို့ရွာသားတွေက
ဘယ်လောက်ဘဲ သွားမောင်း သွားမောင်း မရဘူး၊ဒါနဲ့မြို့နယ်အာဏာပိုင် တွေ
အကြောင်းကြားပြီး ဒါကို မခုတ်ပေးပါနဲ့ သွားအကြောင်းကြားလည်း မြို့နယ်အာဏာ
ပိုင်တွေက ဘာမှ အကြောင်းမပြန်ဘူး၊ အဲဒီအချိန်မှာ ရွာဥက္ကဌဖြစ်တဲ့
ဦးလမျှော်လွန်းခေါင်။ စာရေး ဦးဒွန်ခေါင်း လွန်းခေါင်။ အတွင်ရေးမှူး
ဦလဂဋ္ဌန်လွန်းခေါင်။ သူတို့သုံးယောက်က အဲဒီတရုတ်ဆီက ၀မ်းတူးဖိုက်
ဆိုင်ကယ်သုံးစီးကို လက်ခံယူပြီးမှ ရွာရန်ပုံငွေဆိုပြီး နာမည်ပြောင်းပြီး
ခုတ်ခိုင်းလိုက်တယ်၊ စစ်တပ်က ဂွေထူးဆိုတဲ့နေရာမှာ အမှတ်(၅၈)ခြေလျင်တပ်ရင်းက
ထိုင်တယ်၊ သူတို့က အခွန်ကောက်စားနေတာ၊ သူတို့ကိုယ်တိုင်ပါနေတာ၊ ကျနော်တို့က
လုပ်လို့မရဘူး၊ စစ်တပ်ရှေ့ကကို ဖြတ်သွားတာ၊ သူတို့ ဂိတ်ထိုင်ပြီး ကောက်နေတာ။”
ယခုအခါ ချောင်းရေများ သိသိသာသာ နည်းပါးလာသည့်အတွက် မကြာမီ ချောင်းပျောက်ပြီး
စိုက်ပျိုးရေ အခက် ခဲဖြစ်သွားမည့်အရေးအတွက် ကျေးရွာသားတို့ စိုးရိမ်နေရသည်ဟု
အဆိုပါ ဒေသခံက ပြောသည်။
နောင်းချိန်းကျေးရွာသည် ၀ိုင်းမော်မြို့ မြောက်ဘက်၊
(၁၄)မိုင်အကွာတွင်တည်ရှိပြီး အိမ်ခြေ(၅၀၀)ကျော်ရှိကာ လူဦးရေ
သုံးထောင်ကျော်နေထိုင်နေကြသည်။
|