|
မြန်မာအလုပ်သမားများ၏
လူ့အခွင့်အရေးဆိုင်ရာ
လျောက်ထားချက် ထိုင်းတရားရုံးပယ်ချ
နွယ်လေး။
မေလ ၂၈ ရက်၊
၂၀၀၈ ခုနှစ်။
ထိုင်းအစိုးရထံမှ မသန်မစွမ်းအလုပ်သမား နစ်နာကြေးရလိုမှုဖြင့်
တရားရုံးတွင် ဦးတိုက် လျောက်ထားသည့် မြန် မာရွှေ့ပြောင်းအလုပ်သမား၏
လျောက်ထားချက်ကို တရားရုံးက ကြားနာရန် ငြင်းဆိုလိုက်သည်။
အစိုးရ၏
တရားဝင် မသန်မစွမ်းထောက်ပံ့ကြေးရရန် ထိုင်း
အလုပ်သမားရုံးအဆင့်ဆင့်တွင် တင်ပြတောင်းခံခဲ့ရာ တရားဝင် နိုင်ငံကူးလက်မှတ်ဖြင့်
နေထိုင်ခြင်းမရှိသဖြင့် ထိုင်းအလုပ် သမားရုံးများက ငြင်းဆိုခဲ့သည်ကို လူ့အခွင့်
အရေးနှင့် ကိုက်ညီခြင်းမရှိဆိုကာ မြန်မာ အလုပ်သမားများက
ချင်းမိုင် စီမံခန့်ခွဲမှုတရားရုံးတွင်
လျောက်ထား
ခဲ့ရာ စီမံခန့်ခွဲမှု
တရားရုံးက
၎င်းတို့နှင့်
မသက်ဆိုင်သဖြင့် လက်မခံနိုင်ကြောင်း ဧပြီ(၂၅)ရက်နေ့တွင်
တရားဝင် ပြောကြားသည်ဟု
အလုပ်သမားများအား အကူအညီပေးနေသည့် ဘန်ကောက် အခြေစိုက် လူ့အခွင့်အရေးနှင့်
ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့
(အိတ်ခ်ျအာရ် ဒီအက်ဖ်) ကကြေညာချက်ထုတ်ပြန်သည်။
ချင်းမိုင်မြို့
ရှန်ဂရီလာဟော်တယ် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်း မတော်တဆထိခိုက် မှု
ဖြစ်ခဲ့သူ
ရှမ်းအမျိုး
သမီး အလုပ်သမ
တစ်ဦး အပါအ၀င် ရှမ်းအလုပ်သမားများ၏
အမှုနှင့်
ပတ်သက်သည့် လျောက်ထားချက်ကို ချင်းမိုင်စီမံခန့်ခွဲမှု
တရားရုံးက
ပယ်ချခဲ့ကြောင်းကို
အိပ်ခ်ျအာရ်ဒီအက်ဖ်မှ စိုင်းဖူးမိုင်းက ယခုလို ပြောသည်။
“ကျနော်တို့
တရားရုံးကိုတင်သွင်းတဲ့ တောင်းဆိုချက်ကို တရားရုံးကအသက်အာမခံ စာအုပ်က ဥပဒေ
မူနဲ့ နိုင်းယှဉ်ပြီး
လျော်ကြေးငွေ တရားဝင်ခံစားခွင့်ရတဲ့သူဟာ နိုင်ငံကူး
လက်မှတ် ကိုင်ဆောင်ထားသူ အလုပ်လုပ်ခွင့် လက်မှတ်ရှိသူ
ဖြစ်ရမယ်။ အလုပ်ရှင် ကိုယ်တိုင်လည်း
လုပ်ငန်းကန်ထရိုက်ကို တရား ၀င် အခွန်ဆောင်သူ
ဖြစ်ရမယ်ဆိုလို့ ကျနော်တို့က
အယူခံဝင်ခွင့် တစ်လတွင်း လျှောက်ခွင့်အရ
လာမယ့်မေ ၂၈ ရက်နေ့မှာ ဘန်ကောက်
တရားရုံးမှာ ဆက်ပြီးသွားဖို့
ချင်းမိုင် တရားရုံးကတဆင့် လွှဲပေးဖို့
စီစဉ်ထားတယ်။”
အသက်(၃၆)နှစ်အရွယ်ရှိ
နန်းနွမ်သည် ဒီဇင်ဘာ ၄ ရက် ၂၀၀၆ခုနှစ်တွင် မတော်တဆ လုပ်ငန်းခွင်တွင်း ထိခိုက်
ဒဏ်ရာရပြီး နောက် ခန္ဓာကိုယ်အောက်ပိုင်း
မလှုပ်ရှားနိုင်တော့ပဲ
ချင်းမိုင်မြို့ မဟာရတ်
ဆေးရုံတွင် ၁၁လကြာ ဆေးကုသမှု
ခံယူခဲ့ရသည်။
ဆေးရုံဆင်းပြီးနောက်တွင်
ခန္ဓာကိုယ်အောက်ပိုင်း မသန်မစွမ်းဖြစ်သွားရာ
အလုပ်သမားရုံးအဆင့်ဆင့်တွင် အစိုးရ ၏ နစ်နာကြေးရရှိရန်
တောင်းဆိုခဲ့ရာ အလုပ်သမားရုံးများက တရားဝင် နိုင်ငံကူးလက်မှတ်မရှိသဖြင့်
မရရှိနိုင် ကြောင်း ဆုံးဖြတ်ပြီး
အလုပ်ရှင်ကိုသာ လျော်ကြေးပေးရန် ဆုံးဖြတ်ခဲ့သည်။
အဆိုပါ အလုပ်သမားရုံးများ၏
ဆုံးဖြတ်ချက်သည် ထိုင်းနိုင်ငံ ဖွဲ့စည်းပုံ
အခြေခံဥပဒေတွင် ပြဌာန်းထားသည့် လူ့အခွင့်အရေးနှင့်
ကိုက်ညီမှု
မရှိဟုဆိုကာ
အလုပ်သမားရုံးများ၏
ဆုံးဖြတ်ချက်များကို စီစစ်ပေးရန် နန်းနွမ်နှင့် မြန်မာအလုပ်သမားများက
အဲန်ဂျီအိုအဖွဲ့များ အကူအညီဖြင့်
ဦးတိုက်လျောက်ထားခဲ့ခြင်းဖြစ်သည်။
|