|
မြစ်ဆုံရေကာတာစီမံကိန်း ရပ်တန့်ပေးရန် တရုတ်သမ္မတထံ အသနားခံလွှာပို့
သတင်းနှင့်မီဒီယာ ကွန်ယက်။ အားမီ။
မေလ ၂၇ ရက်၊ ၂၀၁၀ ခုနှစ်။
ကချင်ပြည်နယ်မြစ်ဆုံရေကာတာတည်ဆောက်ရေးစီမံကိန်း ရပ်တန့်ပေးရန် ကချင်လူမှု
ဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့(KDNG)က
မြန်မာနိုင်ငံကို မကြာမီသွားရောက်လည်ပါတ်မည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတထံ
ယနေ့ နေ့ စွဲဖြင့် အသနားခံလွှာတစ်စောင် ပေးပို့ခဲ့သည်။
မြစ်ဆုံရေကာတာတည်ဆောက်ခြင်းသည် ဒေသခံပြည်သူများ၏ စိတ်ဆန္ဒမပါရုံသာမက
တရုတ်နိုင်ငံ၏ ရေကာ တာတည်ဆောက်ခြင်းဆိုင်ရာ လမ်းညွန်ချက်များနှင့် နိုင်ငံတကာ
စံချိန်စံညွန်းများကိုပါ ချိုးဖောက်နေခြင်းဖြစ် သည်ဟု ယင်းစာတွင်ဖော်ပြထားသည်။
စီမံကိန်းရပ်တန့်ပေးရန်အတွက် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး
သန်းရွှေထံ အသနားခံလွှာပေးပို့ခဲ့သော် လည်း
တစ်စုံတစ်ရာတုံ့ပြန်ပြောဆိုခဲ့ခြင်းမရှိပေ။
အလားတူ
တရုတ်စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း CPI ကုမ္ပဏီထံသို့ အသနားခံလွှာ
ပေးပို့ခဲ့သော်လည်း တုံ့ပြန်ပြောဆိုခြင်းမရှိခဲ့သည့်အတွက် ယခုလို တရုတ်သမ္မတကြီး
ဝူကျင်းတောဝ်ထံ အသနားခံလွှာပေးပို့တောင်း ဆိုခြင်းဖြစ်သည်ဟု KDNG အဖွဲ့
ပြောရေးဆိုခွင့်ရှိသူ မအားနန်က ယခုလိုပြောသည်။
“တုံ့ပြန်မှုကတော့
မရှိဘူးရှင့်။ အဲ့ဒါကြောင့်မို့လို့ ကျမတို့ကလည်း ဒီလိုနည်းနဲ့ ဆက်ပြီး
ဖိအားပေး နေရတာ၊ ကျမတို့ထပ်ပြီးရေးရတဲ့အကြောင်းကလည်း ဒီမြစ်ဆုံဒေသမှာ လူ့အခွင့်
အရေးချိုးဖောက်မှု တွေ အများကြီးဖြစ်နေတယ်၊ အဲ့ဒါကိုဒီတရုတ်တွေ လစ်လျူရှုထားတဲ့
အတွက်ကြောင့် ကျမတို့က လည်း ဒီတတ်နိုင်တဲ့ဘက်ကနေပြီးမှသူတို့ကို အဲ့ဒီမှာ
ဘာဖြစ်နေ တယ်ဆိုတာ သိခိုင်းစေချင်လို့ ဖိအား ပေးတယ်။ ရေကာတာကို ဆောက်လုပ်ခြင်းက
ရပ်တန့်ပေးဖို့အတွက် သူတို့ကိုစာပို့ထားတယ်။”
စီမံကိန်းကြောင့်
ဒေသခံပြည်သူလူထုများ အိုးအိမ်ရွှေ့ပြောင်းခံရပြီး လူမှုဒုက္ခအမျိုးမျိုးခံစား
နေရပုံကို တရုတ်လူ မျိုးများအနေနှင့် သိရှိစာနာနားလည်ပေးနိုင်ရန် အဓိက ရည်ရွယ်၍
ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြော သည်။
“ကျမတို့အနေနဲ့
ဒီစာကိုပေးပို့ရခြင်းရဲ့ အဓိကအကြောင်းအရင်းက ကျမတို့ဒီပြည်တွင်း မှာရှိတဲ့လူတွေ
ဒီအခက်ခဲကနေ အန္တရာယ်ရှိတဲ့ကြားကနေ အဖမ်းခံရမှာစိုးရိမ်ရတဲ့ကြား ကနေပြီးတော့
သူတို့လည်း မရွှေ့ပြောင်းဖို့ ဒီမြစ်ဆုံရေကာတာမတည်ဆောက်ဖို့ဆိုပြီးမှ
အမျိုးမျိုးအနေနဲ့တွန်းလှန်နေကြတယ်ပေါ့၊ အဲ့ဒါကို ဒီကျမတို့ KDNG အနေနဲ့
တတ်နိုင်တဲ့ ဘက်ကနေကူညီတဲ့အနေနဲ့ ဒီတရုတ်တွေကို ပြည်တွင်းက
ဖိနှိပ်ခံရတဲ့သူတွေအနေနဲ့ ဆိုးကျိုးတွေဖြစ်နေတယ် ဆိုတဲ့ဟာကိုသိခိုင်း
စေချင်လို့ပေါ့ နော်။”
ယင်းမေတ္တာရပ်ခံလွှာအား
တရုတ်နိုင်ငံ၏ နိုင်ငံခြားဆက်ဆံရေးရုံးနှင့် CPI တရုတ်စွမ်းအင်
ရင်းနှီးမြှုပ်နှံမှုကော်ပို ရေးရှင်းထံသို့ မိတ္တူများပေးပို့ခဲ့သည်။
မြစ်ဆုံရေကာတာတည်ဆောက်ရေးစီမံကိန်းအား တရုတ်အစိုးရပိုင်
စွမ်းအင်ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်းနှင့် မြန် မာနိုင်ငံမှ
အေးရှားဝေါလ်ကုမ္ပဏီတို့က လွန်ခဲ့သည့်နှစ်မှစ၍ အကောင်ထည်ဖေါ်
ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
|