|
အစစ်အဆေးတင်းကျပ်မှုကြောင့်
ခရီးသွားများအခက်အခဲဖြစ်
သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။
မေလ ၂၇ ရက်၊ ၂၀၁၀ ခုနှစ်။
ကချင်ပြည်နယ်အတွင်း အာဏာပိုင်အဖွဲ့အစည်းများက တင်းတင်းကျပ်ကျပ် စစ်ဆေးနေသဖြင့်
ခရီးသွားပြည်သူ
များသွားလာရေးအခက်တွေ့နေရသည်။
မြစ်ဆုံရေကာတာစီမံကိန်း
ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်း ပြည်နယ်အတွင်း လုံခြုံရေး တင်းကျပ်ထားပြီး
ရထား
လမ်းနှင့် ကားလမ်းများတွင်
ကျပ်တည်းစွာစစ်ဆေးနေသဖြင့် ပြည်သူလူထုအခက်အခဲ ဖြစ်နေရသည်ဟု ဒေသခံ
ခရီးသွားတစ်ဦးက ယခုလိုပြောသည်။
“အခုလက်ရှိကျနော်တို့
ရထားပေါ်မှာရော၊
ကားပေါ်မှာရော
သူတို့ ပြည်သူ့ရဲတွေက အုပ်စု ဖွဲ့ပြီးတော့ ရှာဖွေရေးလုပ်နေတာတွေရှိတယ်။
အခုမိုင်းကွဲတဲ့အပေါ်မှာ အခွင့်ကောင်းယူပြီး သူတို့ရှာဖွေရေး
လုပ်
တာတွေက
ကြိုကြိုကြားကြားနိုက်တဲ့အထိပေါ့ဗျာ။ မရှက်မကြောက်နဲ့ လုပ်တဲ့အခါကျတော့
ခရီးသွား
တွေအတွက် တော်တော်လေး
အနှောင့်အယှက်ဖြစ်တယ်။”
အာဏာပိုင်တို့က ဖောက်ခွဲရေးပစ္စည်း၊ မူးယစ်ဆေးဝါးနှင့်
တရားမ၀င်မှောင်ခိုပစ္စည်းများကို စစ်ဆေးရန်
အ
ကြောင်းပြပြီး
လူထုထံငွေညှစ်နေခြင်းသာ ဖြစ်သည်ဟု ၎င်းကဆက်ပြော သည်။
“အ၀တ်အစားခပ်ညံ့ညံ့ဝတ်တယ်။
လက်ထဲမှာငွေက သိန်းဂဏန်း အထက်ဆိုရင်ဘယ်ကရလဲ၊ ဘာလုပ်
လဲ
ဘာညာပေါ့ဗျာ
အတင်းမေးတော့တာ။ ဒီထက်များတဲ့သူတွေဆိုရင် သီးသန့်ခေါ်ပြီးတော့ကို သီး
ခြားစစ်ဆေးတာတွေဗျ။စစ်ဆေးတယ်ဆိုတာကလည်းအမှန်ကငွေညှစ်တဲ့သဘောပါပဲ။
ဘာအထောက်
အထားမှ မတွေ့ရင်လည်း ငွေထုတ်
နည်းနည်းကြီးလို့ရှိရင် ခေါ်ယူစစ်ဆေးတော့တာပဲ။”
ထို့အပြင် မြစ်ကြီးနားမှ
တရုတ်ပြည်နယ်စပ် လိုင်ဇာမြို့၊ ဗန်းမော်မြို့နှင့် ပူတာအိုဒေသ သို့သွားသည့်
ကားလမ်း
များတွင်လည်း
တင်းကျပ်သည့်စစ်ဆေးမှုကြောင့်
ကားသမားနှင့် ကုန်သည်များ အခက်အခဲဖြစ်ယုံသာမက ကုန်
ဈေးနှုန်းပါမြှင့်တက်လာခဲ့သည်ဟု
ကုန်သည်များကပြောကြောင်း ဆက်ပြောသည်။
“ပစ္စည်းတွေချခိုင်းတယ်။
စစ်ဆေးတယ်ဆိုတဲ့ခါကျတော့ ယာဉ်မောင်းနဲ့ စပယ်ယာတွေက တင်လိုက်ချ
လိုက်လုပ်ရတဲ့ခါကျတော့
ပင်ပန်းတာပေါ့ဗျာ။ တချို့ငှားချရတာတွေ၊ ဘာတွေ ရှိတော့ ငွေကမလိုအပ်
ပဲနဲ့ ကုန်ရတဲ့ခါကျတော့ အဲဒီမှာကုန်ဈေးနှုန်းတန်ဖိုးတွေက
စားသုံးသူတွေလက်ထဲရောက်ရင် မတရား
မြှင့်တက်လာတာမျိုးပေါ့။”
လွန်ခဲ့သည့်
ဧပြီလ(၁၇) ရက်နေ့က မြစ်ဆုံရေကာတာတည်ဆောက်ရေးစီမံကိန်းတွင်
ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး
နောက်ပိုင်း လုံခြုံရေးများတင်းကျပ်စွာချထားခဲ့သည်။
ဗုံးပေါက်ကွဲမှုများနှင့်ပတ်သက်၍ မသင်္ကာသူများကို စစ်အစိုးရက ဖမ်းဆီးစစ်ဆေး
နေသော်လည်း တရားခံကို
ဖော်ထုတ်နိုင်ခြင်းမရှိသေးပါ။
ယမန်နေ့နေ့လည်က မြစ်ကြီးနားမှ
မန္တလေးမြို့သို့သွားသည့် ရထားလမ်းကြောင်းပေါ်ရှိ နန်ကွေ့ဘူတာအနီး ထောင်ထားသည့်
ဖောက်ခွဲရေးပစ္စည်းများတွေ့ရှိခဲ့သည်ဟု
ယနေ့ထုတ် စစ်အစိုးရ သတင်းစာ၌ ဖော်ပြထား
သည်။
|