|
မြစ်ကြီးနားတွင်
မူးယစ်တိုက်ဖျက်ရေးလှုပ်ရှားမှု
ကချင်ကျောင်းသားများ ပြုလုပ်၊
မူးယစ်ဆေးဝါးသုံးစွဲမှု
များပြားလာနေ
သတင်းနှင့် မီဒီယာ ကွန်ယက်။
ဇွန်လ ၂၇ ရက်၊
၂၀၀၈ ခုနှစ်။
ယမန်နေ့
ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့တွင်
ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့က
မြစ်ကြီး
နားမြို့ပေါ်တွင်
ပိုစတာများကပ်ကာ လှုပ်ရှားမှုတခုပြုလုပ်ခဲ့ပြီး
ဒေသခံအာဏာပိုင်များက ပိုစတာများကို ခွာယူ
သွားသည်။
အေဖိုးဆိုဒ်အရွယ် စက္ကူပေါ်တွင်
မူးယစ်ဆေးဝါး လုံးဝ အလိုမရှိ။ အင်္ဂလိပ်လို No Drug
ဟုရေးပြီး
လူစည်းကား ရာနေရာတွင် ကပ်ခဲ့ရာတွင် အာဏာပိုင်များဖြုတ်ယူသွားသည်ဟု
လှုပ်ရှားမှုတွင်
ကိုယ်တိုင်ပါဝင်ခဲ့သည့် ကျောင်း
သားတဦးက
အခုလို ပြောသည်။
“အဓိကရေးထားတာက
မူးယစ်ဆေးဝါးကို လုံးဝ အလိုမရှိ၊
အင်္ဂလိပ်လို No Drug
အဲဒါပါဘဲ။
အဲဒီမှာ ကျနော်တို့အဖွဲ့စည်းနာမည်ရေးလိုက်တာလေ။
ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသား သမဂ္ဂပေါ့။
အဲလို ရေးတဲ့ အတွက်ကြောင့်
ဖြုတ်တာထင်တာဘဲ။ မြို့တွင်း
ရပ်ကွက်တွေ အားလုံး၊ အထူးသဖြင့် လူစည်
ကားတဲ့ နေရာတွေ ဈေးနံရံတွေ၊
ဓာတ်တိုင်တွေ၊ လူအများ မြင်သာတဲ့နေရာမှာ ကပ်တာ။
ကျနော် တို့ကပ်ပြီးရင်
သူတို့ပြန်ခွာတာဘဲလေ။ ရယကတွေ၊
ကောင်စီဥက္ကဌတွေ၊
အဖွဲ့ဝင်တွေ၊ ကြံ့ဖွတ်တွေ
လေ။ သူတို့က
ပိုစတာတွေ မြင်ရင်ဖြုတ် တာဘဲ။”
မြစ်ကြီးနားအပါအ၀င်
ကချင်ပြည်နယ်အတွင်း ကျောင်းသားများ၊
လူငယ်များကြားတွင် မူးယစ်ဆေးဝါးများသုံးစွဲမှု
များပြားနေပြီး
မူးယစ်ဆေးဝါးများဖြစ်သည့် ဘိန်းမဲ၊ ဘိန်းဖြူ၊
ရာဘခေါ် စိတ်ကြွဆေးပြားများကို အလွယ်တကူ ၀ယ်ယူနိုင်သည်ဟု
အဆိုပါ ကျောင်းသားက ပြောသည်။
ကျောင်းသားထုအတွင်းတွင်မူ
ဘိန်းနှင့်အခြားဆေးများရောစပ်ထားသောမူးယစ်ဆေးဝါးအသစ်တမျိုးမှာ လူကြိုက်
များနေသည်ဟု
၎င်းက ဆက်ပြောသည်။
“ဘိန်းမဲကို
အရည်ဖျော်ပြီးမှ
ဖေါ်မြူလာဆိုပြီး ခေါ်တာလေ။
ကျောင်းသားထု အကြိုက်ဆုံး
က အဲဒီ
ဖေါ်မြူလာဘဲ။
ဖေါ်မြူလာစွဲသွားရင် ဈေးကြီးတဲ့ခါကျတော့
ပိုက်ဆံမရှိတဲ့ခါ ကျတော့ ဘိန်းဖြူဘက် လိုင်းကူးသွားတာ။
ဘိန်းမဲအရည်ကို ချောင်းဆိုးပျောက်ဆေးတို့ ဘာတို့နဲ့
ရောပြီး ပုလင်းလိုက် ရောင်းတာ။
တပုလင်းကို ရှစ်ထောင် လောက်ရှိတယ်။ ရှစ်ထောင်၊
တစ်သောင်းအထိရှိတယ်။ ပျစ်ရင် ပျစ်သလိုပေါ့။
ကျောင်းသားတွေက တယောက် နှစ်ထောင်စီစု၊ တပုလင်းကို
သုံးယောက်၊ လေး ယောက်
ဝိုင်းသောက်တာပေါ့။”
မူးယစ်ဆေးဝါးလုပ်ငန်းများတွင် အာဏာပိုင်များကိုယ်တိုင်
ပါဝင်ပတ်သက်မှု
ရှိနေသည်ဟု
ကချင်ပြည်ဖွံ့ဖြိုးရေး
ကွန်ယက်မှ ဥက္ကဌ ကိုအောင်ဝါက ပြောသည်။
“မူးယစ်ဆေးဝါး
သယ်တာတို့၊
ပြုတာတို့မှာ သူတို့က မသိကျိုးကျွံပြုနေတာ။
ဥပမာ ဖားကန့်နေရာ မှာဆိုရင်
ဌာနပေါင်းစုံကနေ သူတို့ရောင်းတဲ့ဟာကို အကောက်ခွန်ယူပြီးမှ
ပေါ်ပေါ်ထင်ထင်ရောင်း ခွင့်ပြုနေတာကို တွေ့နေရတယ်။
ရဲတို့၊ မူးယစ်ဌာနတို့၊ ဌာန
ဆိုင်ရာအသီးသီးဆိုတာ အကုန်လုံး ပါတာပေါ့။
ဆိုတော့ အဲဒီမှာ သူတို့ပါဝင်ပတ်သက် နေတာ။”
မြစ်ကြီးနားမြို့တွင်
အသုံးပြုသော ဘိန်းများကို ဟူးကောင်းချိမ့်ဝှမ်းဒေသ၊
ချီဘွေဒေသနှင့် ရှမ်းပြည်နယ်တို့မှ
သယ်ဆောင်လာခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
|