ဒေါ်စုမွေးနေ့ပွဲ၌ ဖမ်းဆီးခံရသူများကို  မလေးရှားက ရုံးတင်စစ်ဆေးမည်

ဇော်ကြီး။
ဇွန်လ ၂၇ ရက်၊ ၂၀၀၉ ခုနှစ်။

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ၌ ဖမ်းဆီးခံခဲ့ရသည့် မြန်မာနိုင်ငံသား ၉ ဦးကို မလေးရှား အာဏာပိုင်များက ရုံး တင်စစ်ဆေးမည်ဟု သိရကြောင်း မလေးရှား NLD(LA) ဥက္ကဋ္ဌ က  ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်မြောက်မွေးနေ့ အခမ်းအနားတွင်မြန်မာနိုင်ငံသား ၁၆ ဦးဖမ်းဆီးခံခဲ့ရကာ အ လုပ်သမားလက်မှတ်ကိုင်ဆောင်သူ ၂ ဦးနှင့် UNHCR လက်မှတ်ကိုင်ဆောင်သူ ၅ ဦးပြန်လွှတ်ပေးခဲ့ပြီးနောက် ကျန်သူ  ၉ ဦးအား ရုံးတင်စစ်ဆေး ခံရမည်ဟု မလေးရှား NLD(LA) ဥက္ကဋ္ဌ ကိုကျော်ကျော် ကယခုလို ပြော သည်။

မနေ့ကညနေ ၆ နာရီခွဲမှာ ၅ယောက်ပြန်လွတ်တယ်။ ကျန်တဲ့ ၉ယောက်ကတော့ ဂျူလိုင်လ ၂ ရက် နေ့မှာ ရုံးတင်မယ်လို့ပြောတယ်။ ရုံးတင်ဖို့ကိစ္စကို မတင်ဖို့ ကျနော်တို့က ညှိတယ်။ ဒါပေမယ့်မရဘူး။ ဒါဟာ အထောက်အထားတစုံတရာမရှိဘူး။ လ၀က အမှုနဲ့ တရားစွဲမယ် ဆိုပြီး သူတို့(အာဏာပိုင်)က လုပ်လိုက်တယ်။

ဆက်လက်ထိမ်းသိမ်းခံထားရသူ ၉ ဦးမှာ ကိုထင်ကျော်၊ ကိုသန်းဦး၊ကိုငြိမ်းချမ်း၊ ကိုလွင်ဦး၊ ကိုအောင်ကျော်သူ၊ ကိုအောင်သူရ၊ကျော်ကိုကိုကျော်၊ ပြည့်ဖြိုးနိုင်နှင့် ကျော်ကျော် တို့ဖြစ်ကြပြီးတရားမ၀င်အလုပ်သမားဥပဒေအရ တ ရားစွဲဆိုခံရပါက ထောင်ဒဏ် ၆ လနှင့် ကြိမ်ဒဏ်တစ်ချက် အပြစ်ပေးခံရနိုင်သည်။

ထိမ်းသိမ်းခံထားရဆဲ ၉ ဦး အာမခံရရှိရေးအတွက် UNHCR နှင့် မလေးရှားနိုင်ငံ ရှေ့နေများကောင်စီသို့ အကူညီ တောင်းခံစာများပေးပို့ထားသည်ဟု သိရသည်။

၎င်းတို့သည် မလေးရှားအာဏာပိုင်တို့၏ တရားဝင်ခွင့်ပြုချက်မရဘဲ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲကို ကျင်း ခဲ့သောကြောင့်အဖမ်းခံခဲ့ရခြင်းဖြစ်သည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။