|
ပဲခူးတိုင်းအတွင်း UMFNP ပါတီဝင်များ အနှောင့်အယှက်ပေးခံရ
သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။
သြဂုတ်လ ၂၇ ရက်၊ ၂၀၁၀ ခုနှစ်။
ပဲခူးတိုင်းအနောက်ခြမ်း ရွှေတောင်မြို့နယ်၊ ပေါင်းကျိုးကျေးရွာတွင် ပြည်ထောင်စု
မြန်မာ နိုင်ငံအမျိုးသားနိုင်ငံရေး အဖွဲ့ချုပ် (UMFNP)ပါတီမှ ပါတီလုပ်ငန်းများ
ဆောင်ရွက်နေစဉ် အနှောင့်အယှက်ပေးခံခဲ့ရသည်။
ဦးကျော်ကျော်လွင်ဦးဆောင်သည့် ပါတီစည်းရုံးရေးအဖွဲ့မှ ယမန်နေ့ညတွင်
ကျေးရွာအတွင်း ပါတီဝင်များအား ပါတီဝင်ကဒ်များ ထုတ်ပေးနေစဉ်
စွမ်းအားရှင်အဖွဲ့ဝင်တစ်ဦးက အနှောင့်အယှက် ပေးခဲ့သည်ဟု ပါတီဥက္ကဌ ဦး အေးလွင်က
ယခုလိုပြောသည်။
“သူက
ပါတီဝင်ကဒ်ပြားတွေကို နောက်ကနေ၀င်နိုက်တော့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက
ပြောတာပေါ့ ဗျာ။ ဒီလိုလုပ်လို့မရဘူး။ ပါတီဝင်မယ်ဆိုလည်းဝင်ပေါ့။ အဲဒီမှာ
မခြေမငံတွေနဲ့ မင်းတို့ စည်းရုံးရေး လည်းလုပ်လို့မရဘူး။ အစည်းအဝေးလည်း
လုပ်လို့မရဘူးပေါ့။ အဲတာပြန်ပြောတော့ ကျနော်တို့ စည်း ရုံးရေးလည်း
လုပ်တာမဟုတ်ဖူး။ အစည်းအဝေး လည်း လုပ်တာမဟုတ်ဖူးပေါ့။ စည်းရုံးပြီးသားလူတွေ ကို
ကဒ်လာထုတ်ပေးတာပေါ့။ ဒီကဒ်တွေကို ပြန်တောင်းတော့ မင်းတို့ကဒ်ကို
ပြန်လည်းမပေးနိုင်ဘူး၊ ဖြဲပစ်လို့လည်း ရတယ်ဆိုပြီးတော့ ကဒ်ကိုဖြဲတယ်။
ကဒ်ဖြဲလို့မရတော့ အဲဒီမှာ လုံးခြေပြီးလွင့်ပစ်တယ် တဲ့။”
၎င်းကျေးရွာနေ
ကိုအုန်းသိန်းဆိုသူက ယခုလိုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြစ်မှုမျိုးစုံဖြင့်
ထောင်ကျဖူးကာ ကျေးရွာအ တွင်းစွမ်းအားရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သည်ဟု သိရကြောင်း
ဦးအေးလွင် က ဆက်ပြောသည်။
နှစ်ဖက်အခြေအတင်ဖြစ်နေစဉ်တွင် ကိုအုန်းသိန်းမှ လေးဂွဖြင့် စတင်ပစ်ခတ်ခဲ့သဖြင့်
တစ်ရွာတည်းနေ UMFNP ပါတီအဖွဲ့ဝင် ကိုအောင်လှိုင်ဝင်း၊ အဖွဲ့ခေါင်းဆောင်
ဦးကျော်ကျော်လွင် တို့နှစ်ဦးနှင့်အတူ တခြားရွာသားများ ထိ ခိုက်ဒဏ်ရာရခဲ့သည်ဟု
ပြောသည်။
“ဦးကျော်ကျော်လွင်ကတော့ နံရိုးတော်တော်နာသွားတယ်ပေါ့နော်။
အဲလိုလေးဂွနဲ့ပစ်တော့ ကာတဲ့အ နေနဲ့သူက ၀င်လုံးတော့ အဲဒီမှာ သူ့နံရိုးတော့
တော်တော်နာသွားတယ်တဲ့။ ကျန်တဲ့ရွာခံလူတွေလည်း ၀ိုင်းကာကြတော့
ရွာခံလူတွေလည်းထိတယ်တဲ့။”
UMFNP ပါတီမှ
ဦးကျော်ကျော်လွင်နှင့်အတူ ပါတီဝင်များဖြစ်သည့် ဦးသိန်း၊ ဦးဟန်ကြည်၊
ကိုစန်းကို၊ ကို တင်ကိုလတ်တို့ ငါးဦးတို့သည် ဒေသတွင်း
စည်းရုံးရေးလုပ်ငန်းများနှင့် ပါတီလုပ်ငန်းများကို ဆောင်ရွက်နေစဉ် ယခုလို
ကြုံတွေ့ရခြင်းဖြစ်သည်။
ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ သက်ဆိုင်ရာအာဏာပိုင်များတွင် တာဝန်ရှိသည်ဟု
“ကျနော်တို့ နိုင်ငံရေးလုပ်တဲ့ လူတွေမှာ
ဒီလိုအကြမ်းဖက်ခံရတယ်ဆိုတာတော့မဖြစ်သင့်ဘူးပေါ့။အခုက ရဲတွေကလိုက်စောင့်ရှောက်
ပြန်တော့လည်းပဲ ပြည်သူလူထုက အနားမကပ်ရဲဘူးလေ။ ရဲတွေမပါတော့လည်း
အဲလိုမျိုးဆိုတော့ နိုင် ငံရေးကိစ္စ တော်တော်ကို စွန့်လွတ်စွန့်စားပြီးတော့
လုပ်နေရတဲ့ အခြေအနေမျိုးတော့ ရောက်တာပေါ့ ဗျာ။ ရွေးကောက်ပွဲလည်း
လုပ်တော့မယ်ဆိုတော့ အဲလိုအခြေအနေတွေ မရှိအောင် ထိန်းထိန်းသိမ်း သိမ်းလုပ်ဖို့
အာဏာပိုင်တွေမှာ တာဝန်ရှိတာပေါ့ဗျာ။ အဲလိုလုပ်ဖို့လည်း ကျနော်တို့အနေနဲ့
တိုက်တွန်း ချင်ပါတယ်။” ဦးအေးလွင်က ပြောသည်။
ပါတီအဖွဲ့ဝင်များ
အနှောင့်အယှက်ပေးခံခဲ့ရမှုသည် သြဂုတ်လ ၂၆ ရက်နေ့ည ကိုး နာရီကျော်အချိန်က ဖြစ်
ပွားခဲ့ခြင်းဖြစ်ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ရွှေတောင်မြို့နယ် ရဲစခန်းတွင်
အမှုဖွင့်တိုင်ကြားထားသည်ဟု သိရ သည်။
ပြည်ထောင်စု
မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ် ပါတီအား ရွေးကောက်ပွဲ ကော်မရှင်က
ဧပြီလ ၂၂ ရက် နေ့တွင် မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး မြန်မာဒီမိုကရေစီ
ကွန်ဂရက်ပါတီ၊ ၈၈ မျိုးဆက်ကျောင်းသား လူငယ်များအဖွဲ့
(ပြည်ထောင်စုမြန်မာနိုင်ငံ) တို့နှင့် ယခုလ ၂၁ ရက်နေ့က
မဟာမိတ်ပါတီဖွဲ့ထားခဲ့သည်။
|