|
မြန်မာ့အရေး
ထိုင်းနိုင်ငံသားများ ပါဝင် ဆန္ဒပြ
အောင်မိုးမြင့်။
စက်တင်ဘာလ ၂၇ ရက်၊
၂၀၀၇ ခုနှစ်။
မြန်မာနိုင်ငံ၌
မေတ္တာပို့
လမ်းလျှောက်ဆန္ဒပြနေသော
ရဟန်းသံဃာများကို မြန်မာစစ်အစိုးရကအကြမ်းဖက်ဖြိုခွဲ
နှိမ်နင်းမှုကို ကန့်ကွက်သည့်အနေဖြင့်
ထိုင်းနိုင်ငံသားများ နှင့် မြန်မာနိုင်ငံသားများ ပူပေါင်း၍
ဘန်ကောက်မြို့
မြန်မာသံရုံးရှေ့
တွင်
ယနေ့
ဆန္ဒပြခဲ့သည်။
ထိုင်းနိုင်ငံသား ၁၅၀ ခန့်မှဦးဆောင်ပြီး
ယနေ့
နံနက် ၁၀ နာရီက ဘန်ကောက်မြို့ရောက်
မြန်မာနိုင်ငံသားများ
နှင့် ပူးပေါင်းကာ လူအင်အား
၂၀၀ကျော် နှစ်နာရီခန့်
ဆန္ဒပြခဲ့ကြောင်း
ကိုယ်တိုင်ပါဝင်ခဲ့သည့် ရောင်ခြည်ဦး
အလုပ်သမားသမဂ္ဂမှ
ကိုမင်းမင်းက ပြောသည်။
သပ်သပ်ရပ်ရပ်နဲ့
အသက်ကြီးကြီး
အဘိုးကြီးတွေလည်းလာကြတယ်၊
သူတို့တွေလည်း
ထိုင်းဘာသာ
တွေနဲ့
ပြောတယ်။
မြန်မာနဲ့ထိုင်းနဲ့က
ညီအကိုတွေပေါ့၊
ညီအကိုတွေပဲ မြန်မာတွေ ဒီလိုလုပ်နေတာ ထိုင်းတွေအနေနဲ့
လက်မခံဘူး၊
တစ်ယောက်နဲ့တစ်ယောက်
အပြန်အလှန်ကူညီကြဖို့၊
ထိုင်းဖြစ်ရင်
လည်း ဗမာကလက်ခံဘူး၊
ဗမာဖြစ်ရင်လည်း ထိုင်းကလက်မခံဘူးဆိုပြီးတော့
အဲ့ဒါတွေ ပြောကြဆို
ကြတယ်
သူတို့၊
အမျိုးသမီးတွေလည်း ပြောတာရှိတယ် အဖိုးကြီးတွေလည်း
ပြောကြတယ်။
နောက်
ပြီးတော့
ထိုင်းဘာသာနဲ့
ကျနော်တို့
ဒီမိုကရေစီပေါ့ သီချင်းတွေ ထိုင်းတွေကဆိုကြတယ်။
ဗမာတွေ
ကလည်း နိုင်ငံတော်သီချင်းတို့
ပြီးတော့အရေးကြီးပြီ
တို့
သီချင်းတွေဆိုကြတယ်။
မြန်မာသံရုံးရှေ့တွင်
လာရောက်ဆန္ဒပြသူများသည်
သန်းရွှေထွက်သွား၊
မြန်မာပြည် ငြိမ်ချမ်းပါစေ
အစရှိသည့်
ဆိုင်းပုဒ်များကို
ကိုင်ဆောင်ထားပြီး
ခွပ်ဒေါင်းပုံပါရှိသည့် ခေါင်းစည်းများ စည်းထားကြကာ
ဗိုလ်ချူပ်မှူးကြီး
သန်းရွှေ၏
ဓါတ်ပုံကို မီးရှို့ခဲ့ကြသည်။
ဆန္ဒပြရခြင်းနှင့်ပတ်သက်၍
ဘန်ကောက် ရောင်ခြည်ဦး အလုပ်သမားသမဂ္ဂမှ
ကိုမင်းမင်းက ယခုလိုပြောသည်။
ကျနော်တို့သွားလုပ်တာက
လက်ရှိ မြန်မာပြည်မှာ စစ်အစိုးရက ပြည်သူလူထုတွေနဲ့
ဘုန်းကြီးတွေကို
အင်အားသုံးပြီးတော့
ပစ်တယ်၊
ရိုက်တယ်၊ ဖြိုခွဲမယ်
အဲ့ဒါကို ကန့်ကွက်တဲ့အနေနဲ့
သွားကြတာပေါ့၊
ကြွေးကြော်သံတွေကတော့
သန်းရွှေဂတ်အောက်၊
ဖရီးဘားမား
ထိုင်းလူမျိုးတွေကလည်းပဲ တခါတ
လေ အဲ့လိုကြွေးကြော်သံတွေကိုတိုင်ပေးတာလည်းရှိတယ်ပေါ့နော်၊
ထိုင်းတွေဦးဆောင်ပါတယ် ဒီနေ့။
ဆန္ဒပြပွဲကို
ထိုင်းနိုင်ငံမှ အစိုးရမဟုတ်သော အဖွဲ့အစည်းတခုဖြစ်သည့်
Fouram Asia မှ
ဦးဆောင်ပြုလုပ်ခဲ့ပြီး
ရောင်ခြည်ဦးအလုပ်သမားသမဂ္ဂ၊
ရခိုင်ဝံသာနုအသင်း နှင့် မြန်မာအလုပ်သမားများ ပူးပေါင်းပါဝင်ခဲ့ခြင်း
ဖြစ်သည်။
ဆန္ဒပြမှုကို
ထိုင်းရဲများက ဟန့်တားနှောက်ယှက်ခြင်းမရှိခဲ့ဘဲ
ငြိမ်းငြိမ်းချမ်းချမ်းနှင့်
ပြီးဆုံးခဲ့သည်။
ယနေ့နံနက်
၁၀း၃၀ တွင် မလေးရှားနိုင်ငံရောက် မြန်မာပြည်သား ၅၀ ခန့်ကလည်း
မြန်မာသံရုံးရှေ့နှင့်
တရုတ်
သံရုံးရှေ့များတွင်
တစ်နာရီခန့်ကြာ
ဆန္ဒပြခဲ့ပြီး
မလေးရှားအာဏာပိုင်များက
တားဆီးပိတ်ပင်ခြင်းမရှိဟု မလေး
ရှားနိုင်ငံရောက်
မြန်မာအလုပ်သမားရေးရာကော်မတီ မှ ကိုလတ်က ပြောသည်။
မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့အခြေအနေတွေကို ကျနော်တို့က
သူတို့နဲ့
ထပ်တူ ခံစားရတယ် ဆိုတဲ့
အကြောင်း၊
သူတို့ကို
အင်အားဖြည့်ပေးတဲ့အနေနဲ့
သူတို့
ဆန္ဒပြသလို
ကျနော်တို့လည်း
ဒီမှာရှိနေ
တဲ့ မြန်မာသံရုံးကို
ကျနော်တို့
သွားရောက်ဆန္ဒပြတယ်။
မလေးရှားနိုင်ငံတွင် ဆန္ဒပြခဲ့ကြသည့်
မြန်မာနိုင်ငံသားများက သံဃာအစစ် သတ်ဖြတ် စစ်အစိုးရ အလိုမရှိ၊
လက်နက်အားကိုးစစ်အစိုးရအလိုမရှိ၊
သာသနာ့အရေး
တို့အရေး၊
ပြည့်သူ့အရေးတို့အရေး
အရေးတော်ပုံ အောင်ရမည်။
စသည့် ကြွေးကြော်သံများ
ဟစ်ကြွေးခဲ့ကြသည်။
|