|
မဲဆောက်-
မြ၀တီဂိတ်ပိတ်၍ နယ်စပ်ကုန်သွယ်မှု ရပ်တန့်နေ
မတ်လ ၂၈ ရက်၊ ၂၀၀၇ ခုနှစ်။
မြန်မာအာဏာပိုင်များက
ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြ၀တီ တံတားဂိတ်ကို ပိတ်လိုက်သဖြင့် နယ်စပ် ကုန်
သွယ်မှုများ ရပ်တန့်နေသည်။
နှစ်နိုင်ငံ
နယ်စပ်ကုန်သွယ်မှု၏ အဓိက လမ်းကြောင်းဖြစ်သော မဲဆောက်- မြ၀တီဂိတ်ကို
ယမန်နေ့ညနေမှစ၍ ပိတ်လိုက်သဖြင့် နယ်စပ်ကုန်သွယ်မှုများ အခက်အခဲတွေ့နေရကြောင်း
တာ့ခ်ခရိုင် ကုန်သည်ကြီးများအသင်း၏ ဥက္ကဌ အမ်ဖွန် ချတ်ချိုင်ယာလိတ်(Amphon
Chatcai yalerk)
က ထိုင်းဘာသာဖြင့် ယခုလို ပြောသည်။
“အခုလောဆယ်တော့ နယ်စပ်ကုန်သည်သမားတွေက နည်းနည်းကျဉ်းကျပ်နေတယ်။ ကုန်ပစ္စည်း တွေ
ကို ဖြတ်သွား ဖြတ်လာလို့ မရဘူး။ နှစ်ဖက် ပြည်သူလူထုတွေလည်း သွားလာဖြတ်သန်းလို့
မရဘူး ခင်ဗျား။ ”
နယ်စပ်ဂိတ်အား
ပိတ်ထားသည့်အတွက် ကုန်သည်များအနေဖြင့် ဆုံးရှုံးမှုများရှိနေကြောင်း တာ့ခ်ခရိုင်
ကုန်သည် ကြီးများအသင်း၏ ဥက္ကဌက ဆက်လက်ပြောသည်။
“ထိုင်းအာဏာပိုင်ကနေ မြန်မာအာဏာပိုင်ကို ဆက်သွယ်ပြီးတော့ အရင်ဆုံး နားလည်မှု
ရှိအောင် ပြန် လုပ်ရအုံးမယ်။ တရက်ထဲပိတ်တာလား ဒါမှမဟုတ် ဘာပြဿနာတွေ
ဖြစ်ပွားနေကြတာလဲ။ အဲဒါ ကြောင့် ထိုင်းကနေ မြန်မာနဲ့ အဆက်အသွယ်လုပ်ပြီးတော့
ဆွေးနွေးကြမယ်။ ဘာဖြစ်တာလဲဆိုတာ။ အခုတော့ နယ်စပ်ကုန်သည်တွေကတော့ ဆုံးရှုံးမှုတွေ
ဖြစ်နိုင်တယ်။ ရက်ရှည်ပိတ်မယ်ဆိုရင်ပေါ့။ ဒီဂိတ်ကနေ ကုန်တန်ဖိုးက တလကို
သန်းကိုးရာလောက် ထွက်တယ်လေ။ အခုတော့ အရင်စောင့် ကြည့်ရအုံးမှာပဲ အစိုးရကို။ ”
မြန်မာအာဏာပိုင်များက
နယ်စပ်ဂိတ်ပိတ်လိုက်သည့်အကြောင်းကို အတိအကျမသိရ သော်လည်း မကြာမီ ရက် များက
ထိုင်းနယ်ခြားစောင့်ရဲ နှစ်ဦးကို ကရင်ဗုဒ္ဓဘာသာတပ်ဖွဲ့ (ဒီကေဘီအေ)က
ဖမ်းဆီးမှုနှင့် သက်ဆိုင် နိုင် ကြောင်း ၄င်းက သုံးသပ်သည်။
“အခုက စီးပွားနဲ့
သက်ဆိုင်တဲ့ ပြဿနာ မဟုတ်ဘူးလို့ ထင်တယ်ဗျ။ ပြဿနာက မြန်မာအာဏာပိုင်တို့နဲ့
တိုက်ရိုက်သက်ဆိုင်နေတာလားဆိုတာ။ ဘာဖြစ်လို့လဲဆိုတော့ အရင်တလောက
ပြဿနာဖြစ်ခဲ့တဲ့ ကရင် (ဒီကေဘီအေ)ဖက်က နယ်ခြားစောင့်ရဲ နှစ်ယောက်ကို
ဖမ်းသွားခဲ့တယ်။ အဲဒီအတွက် ထိုင်းဖက်က နယ်စပ် ဂိတ်ကို ပိတ်လိုက်တယ်။
ကန်ချနဘူရီခရိုင်မှာ၊ ဘုရားသုံးဆူဂိတ်နဲ့ စင်ခေါန်ကို ပိတ်လိုက်တယ်။
အဲဒါကြောင့် မြန်မာအစိုးရနဲ့ ဘယ်လို နားလည်မှုတွေ လွဲမှားနေတယ်ဆိုတာ
မသိသေးဘူးဖြစ်နေတယ်။ ကျနော်တို့ လှမ်းစုံ စမ်းမေးကြည့်တော့ အထက်အမိန့်အရနဲ့
ပိတ်လိုက်ရတာဖြစ်တယ် တဲ့ခင်ဗျား။ ”
ဂိတ်အား
အမြန်ဆုံးပြန်ဖွင့်နိုင်ရန်အတွက် ထိုင်းအာဏာပိုင်များက မြန်မာအာဏာပိုင်နှင့်
ညှိနှိုင်းဆွေးနွေးလျှက်ရှိ သည်။ ထိုင်းဖက်မှ မဲဆောက် ဂိတ်ကို ဆက်လက်
ဖွင့်လှစ်ထားခဲ့ သည်။
ယခုလ ၂၂ရက်နေ့က
ထိုင်းနယ်ခြားစောင့်ရဲနှစ်ဦးကို ဒီကေဘီအေက ဖမ်းဆီးခဲ့ပြီးနောက်
ထိုင်းအာဏာပိုင် များက ထိုင်းနိုင်ငံတောင်ပိုင်း ကန်ချနဘူရီနယ်စပ်ဂိတ်။
ဘုရားသုံးဆူ ဂိတ်များကို ယာယီပိတ်ခဲ့ပြီးနောက် ယမန် နေ့က ပြန်လည်
ဖွင့်လှစ်ခဲ့သည်။ သို့သော် ယင်းဂိတ်များကို မြန်မာဖက်က ဆက်လက်
ပိတ်ထားဆဲဖြစ်သည်။
|