|
အပစ်ရပ်အဖွဲ့များ
လက်နက်ကိုင် တိုက်ပွဲ ပြန်ဝင်ရန် အက်စ်အက်စ်အေ
တိုက်တွန်း
ခွန်အောင်မြတ်။
မတ်လ ၂၈ ရက်၊
၂၀၀၈ ခုနှစ်။
လူထုဆန္ဒခံယူပွဲကို
အပစ်ရပ်အဖွဲ့များက ထောက်ခံလျှင်
လက်နက်ချရမည့် အခြေအနေ နှင့် မလွဲမသွေ ကြုံကြ
ရမည်ဖြစ်၍ မြန်မာနိုင်ငံရေးပြဿနာများကို
လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး စုပေါင်း
တိုက်ပွဲဝင် ဖြေရှင်း ရန် ရှမ်းပြည်ပြန်လည်ထူထောင်ရေး
ကောင်စီက တိုက်တွန်းလိုက်သည်။
ယင်းသို့
တိုက်တွန်းရခြင်းနှင့် ပတ်သက်၍
ရှမ်းပြည်ပြန်လည်ထူတောင်ရေးကောင်စီ၏
ပြောရေးဆိုခွင့်ရှိသူ ဗိုလ် မှူး
စိုင်းလောင်ဝ်စိုင်းက ယခုလိုပြောသည်။
“အခုကာလမှာဆိုရင်
သူတို့အတွက်ဟာ
အချိန်သိပ်မရှိသလိုဖြစ်နေပါတယ်။ ဥပမာ ဒီရွေးကောက်ပွဲ
ပြီးသွားပြီဆိုရင် ဒီ ငြိမ်းအဖွဲ့တွေဖြစ်တဲ့
အပစ်ခတ်ရပ်စဲရေးတွေဖြစ်တဲ့ သူတို့ အခန်းကဏ္ဍဟာ
သူတို့ ပြန်လည်သုံးသပ်ဖို့
လိုအပ်ပါပြီ။ ဥပဒေဘောင်အတွင်း
ဝင်ရောက်မယ်ဆိုရင် သူတို့ပြဌာန်းလာမယ့် ဥပဒေကတော့
မြန်မာပြည်မှာ တပ်မတော် တခုထဲသာ ရှိရမှာပါ။ ဒီလိုဆိုရင်
လက်နက်ကိုင်ဆောင်ချင် တယ်ဆိုရင် တပ်မတော်တွင်းကို
ဝင်ရောက်ရမှာဖြစ်ပါတယ်။ဒါမှမဟုတ်လို့ရှိရင်
ရဲတပ်ဖွဲ့မှာ ၀င်ရောက်
ရမှာဖြစ်ပါတယ်။ သူတို့တပ်နာမည်ကိုလည်း
ဖျောက်ပစ်ရမှာဖြစ်ပါတယ်။ အဲဒီတော့ ဒီလို အဖြစ်ခံမှာ
လား၊ ကိုယ်ကလက်နက်ကိုင်ဆောင်ပြီးတော့
ကိုယ်ရယူလိုတဲ့ ကိုယ့်အခွင့်အရေးကို ပြန်ပြီးတော့ တိုက်
ယူမှာလား အဲဒီ လမ်းနှစ်လမ်းကို သူတို့ရွေးချယ်ရတော့မှာ
ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့က
သူတို့ကို အဲဒီလို ပုံစံမျိုးနဲ့
တိုက်တွန်းထားတာပါ ခင်ဗျား။ ”
မြန်မာစစ်အစိုးရ၏
အခြေခံဥပဒေသည် ဒီမိုကရေစီနည်းကျ ပြည်သူ့ဆန္ဒနှင့်
အညီ ရေးဆွဲထားခြင်း မဟုတ်သလို ၁၉၉၀ပြည့် ရွေးကောက်ပွဲတွင် အနိုင်ရသည့်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့်
ရှမ်းတိုင်းရင်းသားများ ဒီမိုက ရေစီအဖွဲ့ချုပ်တို့
ပါဝင်ရေးဆွဲခြင်း မရှိဘဲ စစ်အာဏာရှင်စနစ်
သက်ဆိုးရှည်ရေး အတွက်သာ ရည်ရွယ် ရေးဆွဲ ထားခြင်း
ဖြစ်သည်ဟု ရှမ်းပြည်ပြန်လည်ထူတောင်ရေးကောင်စီက သုံးသပ်သည်။
စစ်အစိုးရကအတည်ပြုရန် ပြင်ဆင်နေသော ယင်းအခြေခံဥပဒေသည် တိုင်းရင်းသားများ အတွက်
အာမခံချက် မရှိသောကြောင့်
ရှမ်းပြည်ပြန်လည်ထူတောင်ရေးကောင်စီနှင့် ယင်း၏
လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သော ရှမ်းပြည်
တပ်မတော် (တောင်ပိုင်း) အနေဖြင့် လက်နက်ကိုင်လမ်းစဉ်မှတပါး
အခြားရွေးစရာ မရှိဟု ဗိုလ်မှူးစိုင်းလောင်ဝ် စိုင်းက
ပြောသည်။
“ကျနော်တို့
ဥက္ကဌကြီး
ပြောထားတာကတော့ ကျနော်တို့
နိုင်ငံရေးပုံသဏ္ဍာန်နဲ့
ရွေးကောက်ပွဲ ၀င် မယ်ဆိုရင်လည်း လွတ်တော်မှာ ကျနော်တို့
နေရာ ဘယ်လောက်ပဲ ရနိုင်မလဲ။ ဒီတော့
နိုင်ငံရေး ပုံသဏ္ဍာန်နဲ့
လွတ်တော် အတွင်းမှာ တိုက်ပွဲဝင်မယ်ဆိုရင်လည်း အဲဒီနည်းက ကျနော်တို့အတွက်
အကျိုးအမြတ် မဖြစ်နိုင်ပါဘူး။ ကျနော်တို့မှာ
ရွေးစရာလမ်းဆိုတာ လက်နက်ကိုင်ဆောင်ပြီးတော့
တော်လှန်တိုက်ခိုက်တဲ့ နည်းလမ်းတလမ်းသာ ကျနော်တို့အတွက်
အသင့်တော်ဆုံးလို့ ကျနော်တို့
ဥက္ကဌကြီးက
ညွှန်ပြထားပါတယ်ခင်ဗျား။”
၁၉၄၈ ခုနှစ်တွင် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ပါသဘောတူညီချက်များကို
မြန်မာစစ်အစိုးရ က အကောင်အထည် ဖော်ခြင်းမရှိ၍
နိုင်ငံရေးပါတီနှင့် လက်နက်ကိုင်အဖွဲ့များကို ဒုတိယအကြိမ်
ထပ်မံ အလိမ်မခံကြရန်
၎င်းတို့၏ ကြေညာချက်တွင်
ထောက်ပြသည်။
မြန်မာနိုင်ငံအရေး ဖြေရှင်းရန်အတွက် နိုင်ငံရေးပါတီအဖွဲ့အစည်းများနှင့်
ရဟန်းရှင်လူ ပြည်သူလူထုတရပ်လုံးက စစ်အာဏာရှင်စနစ်အား
ဖြိုဖျက်ရန် အခြေခံဥပဒေအား ဆန့်ကျင်ဆန္ဒပြရန်
လိုအပ်ကြောင်း ရှမ်းပြည်ပြန်လည်
ထူတောင်ရေးကောင်စီက တိုက်တွန်းထားသည်။
ရှမ်းပြည်ပြန်လည်ထူတောင်ရေးကောင်စီသည် မြန်မာပြည်ရှိ နိုင်ငံရေးပြဿနာများကို
နိုင်ငံရေးနည်းဖြင့် တွေ့ဆုံ
ဆွေးနွေးအဖြေရှာရန် အစဉ်တစိုက်တောင်းဆိုခဲ့ပြီး
ယမန်နှစ် အတွင်းက တွေ့ဆုံဆွေးနွေးရန် ပြင်ဆင်ခဲ့သော်
လည်း မြန်မာစစ်အစိုးရ ကိုယ်စားလှယ် မရောက်လာ၍
မအောင်မြင်ခဲ့ပေ။
|