|
သမိုင်းဝင် စစ်တွေမြို့တွင်
သံဃာတော်များ ဆန္ဒပြ
သတင်းနှင့်
မီဒီယာ ကွန်ယက်။
သြဂုတ်လ
၂၈ ရက်၊
၂၀၀၇ ခုနှစ်။
ယနေ့နေ့လည်ပိုင်းက
ရခိုင်ပြည်နယ် စစ်တွေမြို့တွင်
သံဃာတော်များ၊ကိုရင်များအပါး
၂၀၀ လောက်က စီတန်း
လှည့်လည်ပြီး
လောင်စာဆီဈေးနှုန်းနှင့်
ကုန်ဈေးနှုန်း
တိုးမြင့်မှုများကို
ဆန့်ကျင်
ဆန္ဒပြခဲ့ကြသည်။
စစ်တွေမြို့မှ
သံဃာတော် တပါးက ဆန္ဒပြမှုနှင့်
ပတ်သက်၍အခုလို
မိန့်ခဲ့သည်။
သံဃာ အပါး
နှစ်ရာလောက် ကုန်ဈေးနှုန်း
ကျဆင်းရေးအတွက် ဆန္ဒပြတယ်။လူကတော့
တယောက်
နှစ်ယောက်ပဲပါတယ်။
အများဆုံးကတော့ သံဃာတွေပဲ။
ဦးပဥဇင်းတွေလည်းပါတယ်။
ကိုရင်တွေ
လည်းပါတယ်။
စစ်တွေမြို့က
မျက်မြင်သက်သေတဦးကတော့ ၄င်းတို့၏
ရုံးရှေ့မှ
သံဃာတော်များ ကြွချီသွားသည်ကို
မြင်လိုက်
ရသည်ဟု ပြောသည်။
ကျွန်တော်တို့
ရုံးရှေ့ကနေ
ဖြတ်သွားတာပဲတွေ့ပါတယ်ခင်ဗျ။
ကျွန်တော်တို့
ရုံးရှေ့ကနေတော့
၂ နာရီ ၄၅ လောက်ကနေဖြတ်သွားတာခင်ဗျ။
ယခုအချိန်အထိတော့ အာဏာပိုင်များက
စောင့်ကြည့်ခြင်းသာ
ရှိပြီး
တစုံတရာ အရေးယူဆောင်ရွက်ခြင်းမရှိဟု သံဃာတော်တပါးက မိန့်ကြားသည်။
မြန်မာအစိုးရက ယခုလလယ်ပိုင်းတွင် လောင်စာဆီဈေးနှုန်းများကို
၁ ဆနီးပါးမှ ၅ ဆ အထိ တိုးမြှင့်လိုက်ရာ ကုန်ဈေးနှုန်းများ၊
ဘတ်စ်ကားခများ တိုးမြင့်လာခြင်းကြောင့်
ရန်ကုန်ရှိ ၈၈ မျိုးဆက်ကျောင်းသားများက ဦး
ဆောင်၍
စတင်ဆန္ဒပြခဲ့သည်။
၈၈
မျိုးဆက်ကျောင်းသားခေါင်းဆောင်များအား အာဏာပိုင်များက
ဖမ်းဆီး ထိန်းသိမ်းခဲ့သော်လည်း ဆန္ဒပြမှုများ
ဆက်လက်ဖြစ်ပွားနေခဲ့သည်။
လွန်ခဲ့သည့် ၃-၄ ရက်မှစ၍
နယ်မြို့များသို့
ဆန္ဒပြမှုများ
ပြန့်နှံ့သွားခဲ့ပြီး
ယနေ့ တွင်
စစ်တွေမြို့၌
သံဃာတော်များက
ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
စစ်တွေမြို့သည်
လွန်ခဲ့သည့် နှစ်ပေါင်းလေးဆယ်က ဆန်ရှားပါးမှုပြဿနာတွင်
အသေခံ
တိုက်ပွဲဝင်ခဲ့သော သမိုင်းဝင်မြို့လည်း
ဖြစ်သည်။
|