|
နအဖနှင့် ဆွေးနွေးသူ ကရင်တပ်မှုးအလောင်း
သေနတ်ဒဏ်ရာများနှင့်
ပြန်လည်တွေ့ရှိ
အောင်မိုးမြင့်။
သြဂုတ်လ
၂၈ ရက်၊
၂၀၀၇ ခုနှစ်။
ယခု
လဆန်းပိုင်းက ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၌
စစ်အစိုးရနှင့် ငြိမ်းချမ်းရေး
ဆွေးနွေးရန် သွားခဲ့ပြီး
အပြန်တွင် ရေနစ်
သေဆုံးခဲ့သည်ဆိုသည့်
ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ)မှ တပ်ရင်းမှူး၏
အ လောင်းကို
သေနတ် ဒဏ်ရာများနှင့်
ပြန်လည် တွေ့ရှိသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)
တပ်မဟာ(၆) လက်အောက်ခံ တပ်ရင်း
၁၈ မှ တပ်ရင်း
မှုး ဒုဗိုလ်မှူးကြီး
ကြည်လင်း၏
အလောင်းကို
ကော့ကရိတ်မြို့နယ်
ဟောင်သရောမြစ်ထဲတွင် ရွာသားတဦး
ထောင်ထားသည့်
ကျားပါးစပ်ငါးဖမ်းပိုက်ထဲ၌
ယခုလ ၂၀ရက်နေ့က
သေနတ်ဒဏ်ရာများနှင့်
ပြန်လည်တွေ့ရှိ
ခဲ့ခြင်းဖြစ်သည်။
အဆိုပါ
တပ်ရင်းမှူးပျောက်ဆုံးသွားစဉ်က ဟောင်သရောမြစ်အတွင်း ရေနစ်သေဆုံးခြင်းဖြစ်ကြောင်း
ကေအဲန်ယူ
မှ သတင်းမီဒီယာများအား ပြောကြားခဲ့သည်။
ယခုအခါ
ဒုဗိုလ်မှူးကြီး
ကြည်လင်း၏
ဓါတ်ပုံနှင့်တကွ
သေနတ်ဒဏ်ရာကြောင့်
သေဆုံးခြင်းဖြစ်ကြောင်း
ရေးသား
ထားသော စာရွက်စာတမ်းများ
ထိုင်းနယ်စပ် မဲဆောက်မြို့၌
ပျံနှံ့နေသည်။
ဒု-ဗိုလ်မှုးကြီး
ကြည်လင်းကို
ကေအဲန်ယူမှ သတ်ဖြတ်ခြင်းမဟုတ်ကြောင်း
ကေအဲန်ယူ သတင်းနှင့်ပြန်ကြားရေး
ဌာနမှ
အတွင်းရေးမှူး ဗိုလ်မှူး လှငွေက ငြင်းဆိုသည်။
“ကျနော်တို့မလုပ်ဘူး။
ဒါဟာပေါ်လစီလည်းဖြစ်တယ်။ဒီလိုအရေးယူစရာရှိရင်တော့ကျနော်တို့
ဥပဒေ
အရပဲ အရေးယူပြီးတော့မှ
ခုံရုံးတင်ပြီးတော့
စီရင်ရင်တော့ စီရင်မယ် ။
အဲ့လို
အပြင်အနေနဲ့ကတော့
ကျနော်သဘောထားမရှိတာကတော့ ကျနော်တို့ဖက်က
တော့ ဒါ ညွန်ကြားဖို့
အကြောင်းမရှိဘူး။”
မဲဆောက်မြို့တွင်
ပျံ့နှံ့နေသော
စာများတွင် ဗိုလ်မှုး ကြည်လင်း
၏အလောင်းတွင်
ဦးခေါင်း၌
သေနတ်ဒဏ်
ရာတချက်နှင့် ရင်အုပ်ဘယ်ဖက်နှင့် ညာဖက်တွင် တချက်စီ တွေ့ရှိကြောင်း
ရေးသားထားပြီး
မည်သူက ထုတ်ပြန်
သည်ကို ဖော်ပြမထားပေ။
ယခုလို
ဖြစ်ရပ်မျိုးသည် ကရင်တိုင်းရင်းသားများအတွင်း အမြင်ရှုတ်ထွေးမှု
ဖြစ်စေသည်ဟု
ဗိုလ်မှူးလှငွေက ပြောသည်။
“ဒီလိုညစ်ပတ်စုတ်ပဲ့တဲ့ပေါ့လေ အချင်းချင်း တိုက်ပွဲ ရိုက်ပွဲတွေနဲ့
အမြင်မရှင်းအောင် လုပ်ပြီးတော့
ဒီလိုမျိုး လုပ်ကြံသတ်ဖြတ်မှုပုံစံမျိုးတွေ
ပေါ်အောင်လုပ်တာဆို ဘယ်သူကပဲ လုပ်လုပ်ပေါ့ဗျာ ။ ဒီလို လုပ်တဲ့ဟာမျိုး ကတော့
မလုပ်သင့်ဘူး။
ရှင်းရှင်းလင်းလင်းပေါ့ဗျာ။
ဥပဒေဘောင်တွေ အတွင်းကနေ ပြီးတော့ပဲ
ဒါမှမဟုတ်လို့ရှိရင်လည်း
Publicly (လူသိရှင်ကြား)ပေါ့ဗျာ။
အဲ့လိုအနေအထားမျိုးတွေက
နေပြီး
တော့ပဲ ကျနော်က လုပ်သင့်တယ်လို့
ထင်တယ်။”
ကေအဲန်ယူ-ဗဟိုက ဒု ဗိုလ်မှုးကြီး
ကြည်လင်းသေဆုံးမှုနှင့်
ပတ်သက်၍
တပ်မဟာ ၆ ထံမှ အစီရင်ခံစာ တောင်း
ဆိုထားပြီး
ယင်းနှင့်ပတ်သက်၍
တိကျသော သတင်း အချက်အလက် မရရှိသေးဟု ဗိုလ်မှုးလှငွေက
ဆက်လက်
ပြောသည်။
ယခုလ
(၁၁)ရက်နေ့တွင်
ဒု- ဗိုလ်မှူးကြီး
ကြည်လင်း
ခေါင်းဆောင်သည့်အဖွဲ့သည်
အရှေ့တောင်တိုင်း
ဌာန
ချူပ် စစ်ဦးစီးမှုး ပထမတန်း
ဗိုလ်မှူးကြီး
မင်းချစ်ဦး နှင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့၌
တွေ့ဆုံခဲ့ကြသည်။
|