|
မန္တလေးတွင်
အကြမ်းဖက်
ရိုက်နှက် ဖမ်းဆီးမှုများ
စတင်
အောင်မိုးမြင့်။
စက်တင်ဘာလ ၂၈ ရက်၊
၂၀၀၇ ခုနှစ်။
မန္တလေးမြို့တွင်
ဆန္ဒပြခဲ့သော
ရဟန်းသံဃာများနှင့် ပြည်သူလူထုများကို စစ်တပ်နှင့် လုံထိန်းများက မျက်ရည်ယို
ဗုံး၊
သေနတ်များဖြင့် ပစ်ခတ်ဖြိုခွဲကာ
ယနေ့
ဖမ်းဆီးမှုများ စတင် ခဲ့သည်။
ယနေ့
နေ့လည်
၁၂နာရီမှ စတင်လမ်းလျှောက်
ဆန္ဒပြခဲ့ကြသော
ရဟန်းသံဃာများနှင့် ပြည်သူလူထု တစ်သိန်း
ခန့်ကို
မန္တလေးတွင်
လုံခြုံရေးယူထားသော
စစ်တပ်၊
ရဲ၊
လုံထိန်း၊
ကြံ့ဖွံ့များက
၂ နာရီခွဲခန့်တွင်
စတင် ပစ်ခတ် ဖြိုခွဲခဲ့ခြင်းဖြစ်သည်ဟု
မန္တလေးမြို့ခံ
တစ်ဦးက
ပြောသည်။
ကျနော် ဒီ
သံဃာအပါးနှစ်ရာလောက် ဒီမျက်ရည်ယိုဗုံးတွေပစ်၊
သေနတ်တွေနဲ့ပစ်
အဖမ်းခံရတယ်။
နောက်ပြီးတော့
အခုလောလောဆယ်မှာ ကျနော်တို့
ဒီ ရှစ်လေး၊
ရှစ်ငါး၊
ရှစ်ခြောက်။
သုံးသုံး၊
သုံး
လေးရဲ့
အဲ့ဒီ ထိပ်တွေထဲမှာ ပြည်သူလူထုနဲ့
ဒီကျနော်တို့
စစ်တပ်နဲ့
လိုက်တမ်းပြေးတမ်း ကစားနေ
တယ်။
အခုနောက်ဆုံးအခြေအနေကတော့ လိုက်တမ်းပြေးတမ်းပဲ လိုက်တမ်းပြေးတမ်းပဲဗျ။
စစ်တပ်
က လိုက်လိုက် ပြည်သူက
ပြေးလိုက်ပေါ့၊
အဲ့လိုမျိုး အဲ့လိုပုံစံပေါ့။
လမ်းလျှောက်ဆန္ဒပြလာသည့်
သံဃာများ ၃၃ လမ်းနှင့် ၂၁ လမ်းအရောက်တွင် မျက်ရည်ယိုဗုံးများ သေနတ်များ
ဖြင့် ပစ်ခတ်ခံခဲ့ရပြီး
သံဃာတစ်ချို့ကို
လက်ကိုင်တုတ်များဖြင့် ရိုက်နှက်ခဲ့ပြီးနောက်
ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း
ဖြစ်သည်ဟု
ဆက်လက်ပြောသည်။
မန္တလေးမြို့တွင်
လမ်းလျှောက်ဆန္ဒပြသူများကို
နှိမ်နှင်းရန်အတွက် ယခင်နေ့များထက်
လုံခြုံရေးပိုမို
တိုးမြှင့်
ချထားကြောင်းလည်း
မန္တလေး
မြို့ခံ
တစ်ဦးက ဆက်လက်ပြောသည်။
မန္တလေးမြို့ထဲမှာက
ခါတိုင်းထက် ငါးဆလောက် ပြည့်သိပ်အောင်ချထားတာ စစ်သားလည်းပါတယ်၊
ရဲလည်းပါတယ်၊
လုံထိန်းလည်းပါတယ်၊
စွမ်းအားရှင်လည်းပါတယ်၊
ကြံ့ခိုင်ရေးလည်းပါတယ်။
တစ်ချို့ နေရာတွေ
ဆိုရင် ခင်ဗျား ထောင်သားတွေပါ ပါတယ်။
ယမန်နေ့ည
၇ နာရီခန့်က
မန္တလေးမြို့ရှိ
ပေါက်မြိုင်ဘုန်းကြီးကျောင်းတိုက်တွင်
သံဃာတော်များ ဘုရားဝတ်ပြု နေစဉ် စစ်တပ်၊
ရဲ၊
လုံထိန်း၊
ကြံ့ဖွံ့များရောက်ရှိလာပြီး
သံဃာများကို ရိုက်နှက်ကာ အပါး ၄၀ ဖမ်းဆီးခေါ်
ဆောင်သွားကြောင်း
သိရသည်။
|