မြန်မာကလေးများ ကိုယ်တိုင်ရေး ကလေးကူးသန်းရောင်းဝယ်မှုတားဆီးရေး
ပညာပေးပြဇာတ် ဖျော်ဖြေကပြ

သတင်းနှင့်မီဒီယာကွန်ယက်။ ဇော်ကြီး။
အောက်တိုဘာလ ၂၈ ရက်၊ ၂၀၀၉ ခုနှစ်။

ထိုင်းမြန်မာနယ်စပ် ဖုတ်ဖရမြို့နယ်အတွင်းရှိ ဂျယ်ဒီခို့ကျေးရွာ ဘုန်းကြီကျောင်း၌ ကျင်းပမည့် ဘုံကထိန်ပွဲတွင် မြန်မာနိုင်ငံသားကလေးငယ်များက ၎င်းတို့ကိုယ်တိုင် ရေးစပ်ထားသည့် ကလေးကူးသန်းရောင်းဝယ်မှု တားဆီး ရေးပညာပေး သရုပ်ဖော်ဇာတ်လမ်း ကို ကပြဖျော်ဖြေခဲ့သည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများပြုလုပ်သည့် ဘုံကထိန်ပွဲ၌ ကံကြမ္မာမုန်တိုင်း အမည် ရှိ အဆိုပါသရုပ်ဖော် ဇာတ်လမ်းအား ယမန်နေ့ည ၆ နာရီကျော်တွင် ကျောင်းသူ၊ ကျောင်းသားများမှ ဦးဆောင်၍ ကပြဖျော်ဖြေသည် ဟု ကလေးကူးသန်းရောင်းဝယ်မှု တားဆီးရေးအဖွဲ့ ဒု-တာဝန်ခံ ဆရာစောနေဦးကယခုလိုပြောသည်။

ကျောင်းငါးကျောင်း၊ ခြောက်ကျောင်းပေါင်းပြီးတော့မှ ကလေးတွေတီထွင်ထားတဲ့ ဒီကလေးကူးသန်း ရောင်းဝယ်မှုတားဆီးရေး ပညာပေးပြဇာတ်တွေရယ်၊နောက်ပြီး ကလေးတွေကိုယ်တိုင် စပ်ထားတဲ့ သီ ချင်းတွေနဲ့ သွားဖျော်ဖြေမှာပေါ့နော်။ အဲ့မှာကျောင်းသား တွေကိုယ်တိုင်ပဲ သူတို့ဦးဆောင်တယ်လေ။ ကျနော်တို့လူကြီးတွေကျတော့ ဘေးကနေပြီး သူတို့လိုအပ်မယ့်ပစ္စည်းတွေကို ပံ့ပိုးပေးတာပေါ့နော်။

ပြပွဲ၌ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့သည့် န၀မတန်း ကျောင်းသူ မရိုစီကပြဇာတ်ကပြရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်၍ ယခုလိုပြောသည်။

သမီးတို့ ဒီလိုမျိုးပြဇာတ်တွေကို လာပြရခြင်းအတွက်ပေါ့နော် ဒီကလေးကူးသန်းရောင်းဝယ်ရေးကို ကာကွယ်ပေးတယ်။ ပြီးတော့လည်း ဒီမိဘပြည်သူတွေကြားမှာပေါ့နော် ကလေး ကူးသန်းရောင်းဝယ် ရေးကိုဘယ်လိုတားဆီးကာကွယ်ရမလဲဆိုတာ သူတို့သိရှိလာစေဖို့ အဲတာကိုကျမတို့ရည်ရွယ်ပါတယ်။

ထို့အပြင်ကလေးကူးသန်းရောင်းဝယ်မှု ပပျောက်စေရန် ကလေးများကိုယ်တိုင် စိတ်ပါဝင်စားစွာ ဆောင်ရွက်လာ ခြင်းက ပြည်သူလူထုများအား စိတ်ဝင်စားမှုပိုဖြစ်စေသည်ဟု အဖွဲ့ဝင်တဦးဖြစ်သူ ဆရာမနဲမူက ယခုလို ပြော သည်။

သူတို့ကိုယ်တိုင် Script တွေရေးတယ်။ ကိုယ်တိုင်သီချင်းတွေရေးတယ်။ သီချင်းတွေ ဆိုတယ်။ သူတို့ ကိုယ်ပိုင်သံစဉ် နဲ့ပဲသူတို့လုပ်တယ်။ နောက်ပညာပေးပြဇာတ်လည်း ပါတဲ့အခါကျတော့ လူထုတွေက ပိုပြီးတော့စိတ်ဝင်စားတဲ့ဟာတွေတော့ ရှိလာတာ ပေါ့နော်။

အဆိုပါ ကျောင်းသူ၊ ကျောင်းသားများသည် ထိုင်းမြန်မာနယ်စပ်မဲဆောက်မြိုBurma Anti Child Trafficking (Burma ACT) ကလေးကူးသန်းရောင်းဝယ်မှုတားဆီးရေးအဖွဲ့မှ ဖွင့်လှစ်ထားသည့် စာသင်ကျောင်းများ၌ ပညာ သင်ကြားနေသူများဖြစ်သည်။

အဆိုပါအဖွဲ့အား ၂၀၀၆ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့ပြီး မဲဆောက်၊ ဖုတ်ဖရနှင့်မယ်လမ နယ်မြေဒေသသုံးခုတွင် က လေးကူးသန်း ရောင်းဝယ်မှုနှင့်ပတ်သက်သည့် သင်တန်းများ ပို့ချဆောင်ရွက်ခဲ့သည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။