|
ဗုံးခွဲသူ ဒီကေဘီအေ အရာရှိကို ဖမ်းဆီးရမိ
သတင်းနှင့်မီဒီယာ ကွန်ယက်။ ခွန်အောင်မြတ်။
အောက်တိုဘာလ ၂၈ ရက်၊ ၂၀၀၉ ခုနှစ်။
ထိုင်းမြန်မာ နယ်စပ် မြ၀တီမြို့တွင် လက်ပစ်ဗုံးခွဲပြီး ထွက်ပြေးတိမ်း
ရှောင်နေသည့် တိုးတက်သော ကရင်ဗုဒ္ဓဘာ သာ တပ်မတော် (ဒီကေဘီအေ) အရာရှိအား
ရဲတပ်ဖွဲ့နှင့် ဒီကေဘီအေတို့က ပူးပေါင်း ဖမ်းဆီးလိုက်သည်။
ဒီကေဘီအေ
အရာရှိတဦးက “၂၆ ရက်နေ့တုန်းက ပြန်ဖမ်းမိထားတယ်။ ဒီကေဘီအေနဲ့ ရဲနဲ့
ဝိုင်းပြီး တော့ ဖမ်းတာ။ စစ်ဆေးနေတုန်းပဲ မြ၀တီမြို့ထဲမှာပဲ။” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၄ ရက် စနေနေ့၌ မြ၀တီမြို့ ရပ်ကွက်(၃)ရှိ နေအိမ်တအိမ်တွင် ဒီကေဘီအေ
အရာရှိတဦးဖြစ်သည့် ဗိုလ်တင့်လွင်သည် ၎င်း၏ အဆက်အမျိုးသမီးထံသို့ သွားလည်စဉ်
လက်ပစ်ဗုံးစနစ်တံဖြုတ်ရာမှ ပေါက်ကွဲမှုဖြစ် ပွားခဲ့သည်။
ဖြစ်ပွားပုံနှင့်ပတ်သက်ပြီး အမည်မဖော်လိုသူ ဒီကေဘီအေ အရာရှိတဦးက
ယခုလိုပြောသည်။
“သူက ဒီကေဘီအေ (၉၀၇)ကတဲ့။ ဟိုးဝေါလေခီးမှာနေတဲ့
ကားပြင်ကားဝပ်ရှော့တယောက်ပါပဲ။ သူ က သူ့မယားငယ်အိမ်ကိုလာတယ်ဆိုပဲ။
မယားငယ်အိမ်ကိုလာပြီးတော့ သူ့လက်ပစ်ဗုံးပင်ကို ဖြုတ်ပြီး တော့ ရော်ဘာကွင်းနဲ့
ပြန်တပ်တာပေါ့။ ရော်ဘာကွင်းနဲ့ ပြန်တပ်တော့ ရော်ဘာကွင်း က ပြတ်ထွက် သွားတယ်။
ပေါက်သွားတော့ ဒီလူက ပစ်မယ့်နေရာမရှိတော့ အဲဒီ သူသွားလည်တဲ့ မြ၀တီမြို့
ထဲမှာရှိ တဲ့ တိုက်ခန်း တန်းလျားလေးတွေရှိတယ်လေ၊ အဲဒီတန်းလျားထဲမှာ
သူပစ်သွားတော့ အဲဒီတန်းလျား ထဲမှာ ထိုင်နေတဲ့ လင်မယားနှစ်ယောက်က လင်ကတော့
ပွဲချင်း ပြီးသွားတယ်။ မယားကတော့ အပြင်း အထန်ဒဏ်ရာရသွားတယ်။”
ဗုံးပေါက်ကွဲပြီးနောက် ဗိုလ်တင့်လွင်က ၎င်းစီးလာသည့်ကားဖြင့် မောင်းပြေးသွားသည်။
ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူမှာ ကိုရခိုင်ခေါ် အောင်စိုး (၄၄) နှစ်ဖြစ်ပြီး
ဇနီးဖြစ်သူ မအုန်းနှင့် တခြားအမျိုး သမီး တစ်ဦးတို့သည် ဒဏ်ရာပြင်းထန်စွာရရှိကာ
ယခု မြ၀တီဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်။
ယခု
ဗိုလ်တင့်လွင်အား ဒီကေဘီအေက မြ၀တီရဲစခန်းသို့ လွဲအပ်ထားပြီး စစ်ဆေးမှုပြုလုပ်
နေသည်ဟု ယင်းအ ရာရှိက ပြောသည်။
“လူသေတဲ့အထိဆိုတော့ ထောင်ကတော့အနည်းဆုံး
(၇)နှစ်၊ ၈နှစ်လောက်ကျမယ်။ ပုဒ် ၃၂၀ လူ သတ်မှု မဟုတ်ပေမယ့်လို့ လက်နက်ကို
မရိုမသေ ကိုင်တွယ်မှု၊ နောက်ပြီး တာဝန်မဲ့ လက်နက်ကိုင် တွယ်မှု ဥဒေတော့
ရှိတာပေါ့။ ဒီကေဘီအေကနေပြီးတော့ ရဲဘက်ကို အပ်ပေးလိုက်ပြီလေ။ အဲဒီကိစ္စ က။”
ယခင်က
ဒီကေဘီအေ ရဲဘော်၊ အရာရှိများက မူးယစ်ပြီး သေနတ်ပစ်ဖောက်သဖြင့်
သာမန်အရပ်သားများကို ထိ ခိုက်ဒဏ်ရာရှိမှု ရှိခဲ့ဖူးသော်လည်း အရေးယူမှု
မရှိခဲ့ကြောင်း၊ ယခု ဖမ်းဆီးအရေးယူမှုသည် ပထမဆုံး အကြိမ်ဖြစ် ကြောင်း ၎င်းက
ပြောသည်။
|