|
ရေနံနှင့်
သဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်း များ ရပ်တန့်ရန်ဆန္ဒပြ တောင်းဆို
သတင်းနှင့် မီဒီယာကွန်ယက်။ နွယ်လေး ။
အောက်တိုဘာလ ၂၇ ရက် ၊၂၀၀၉ ခုနှစ်။
မြန်မာနိုင်ငံနှင့်
တရုတ်ပြည်သို့ သွယ်တန်းဖောက်လုပ်မည့် ရေနံနှင့်
သဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းများ ရပ်
တန့်ရန်
ထိုင်းနိုင်ငံ
မြောက်ပိုင်း ချင်းမိုင်မြို့ရှိ
တရုတ် ကောင်စစ်ဝင်ရုံးရှေ့တွင် ရွှေဂက်စ်လှုပ်ရှားမှုအဖွဲ့က ယနေ့ ဆန္ဒပြ
တောင်းဆိုသည်။
ရွှေဂတ်စ်
လှုပ်ရှားမှုအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုဝင်းအောင်က
“စီမံကိန်းကြောင့်
ဖြစ်လာမယ့် ဆိုးကျိုး
တွေက
ဒေသခံ ပြည်သူလူထုနဲ့
နိုင်ငံခြားကုမ္ပဏီတွေကြား
ဆက်ဆံရေးတွေမှာ မလိုလားတဲ့ ပြဿနာ
တွေ
ဖြစ်မလာဖို့၊ တိုင်းရေးပြည်ရေး ပိုပြီးတည်ငြိမ်အေးချမ်းဖို့
ဒီ(တရုတ်)
အစိုးရကနေ ရပ်တန့်ပေး
ဖို့
တောင်းဆိုတာ
”ဟုပြောသည်။
မြန်မာစစ်အစိုးရ၏
ဖွံ့ဖြိုးတိုးတက်ရေး
စီမံကိန်းအောက်ရှိ
လုပ်ငန်းများသည် လူအခွင့်အရေး
ချိုးဖောက်မှုနှင့်
သ ဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုကို
ထိခိုက်သည့်အပြင်
ဒေသခံများသည် တစ်စုံတစ်ရာ အကျိုခံစားခွင့်
မရရှိသဖြင့် ယခုကဲ့သို့
တောင်းဆိုရခြင်းဖြစ်သည်ဟု ၄င်းက ဆက်ပြောသည်။
နိုင်ငံပေါင်း(၂၀)
မှ
လူထုအခြေပြု အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီ
(၁၁၅)ခုတို့
ထောက်ခံ လက်မှတ်ရေးထိုး
ထားသည့်
ယခုစီမံကိန်းများ ရပ်တန့်ရန်
တောင်းဆိုထားသည့် အိတ်ဖွင့်ပေးစာ တစ်စောင်ကို
တရုတ်ကောင်စစ်
ဝန်ရုံးမှတဆင့်
တရုတ်သမ္မတထံ ယနေ့ပေးပို့ခဲ့
သည်။
“အဲဒါကြောင့်
ယူအဲန်နဲ့ အာစီယံတို့ တွန်းအားပေးနေတဲ့
သုံးပွင့်ဆိုင်ဆွေးနွေးရေး ဒီမိုကရေစီ
လမ်း စဉ်ကို
နိုင်ငံရေး
ဖိအားပေးမှုအနေနဲ့ သူတို့လုပ်ဆောင်နိုင်တဲ့အပြင် ဒီမိုကရေစီ ပေါ်ထွန်း မှပဲ
နှစ်နိုင်
ငံ
နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့် ဒေသတွင်းမှာ အချင်းချင်း
ညီတူမျှ
မျှဝေခံစားရမယ့် စီးပွားရေးမျိုးကို လုပ်သင့်တာပေါ့လို့
ကျနော်တို့
အဲဒီစာထဲမှာ တိုက်တွန်းထားတာ ရှိတာပေါ့နော်။”
ဟု ကိုဝင်းအောင်
က
ပြောသည်။
လူ့အခွင့်အရေး ချိုးဖောက်မှု
ကြောင့်တိုင်းပြည်
မငြိမ်သက်ဖြစ်ခြင်း၊
ကုမ္ပဏီများ
အနေနှင့် ကုမ္ပဏီ ပြဌာန်းချက်
နှင့်အညီ
ပြုလုပ်သင့်ပြီး
ရပ်တန့်ရန်
ဖြေရှင်းစဉ်းစားနိုင်သည့်
အနေအထားတခုကို
တောင်းဆိုထားခြင်း
ဖြစ်သည်
ဟု ကိုဝင်းအောင်က ယခု လိုဆက်ပြော သည်။
“နအဖအစိုးရ
ကမ္ဘာမှာခြအစားဆုံး
အစိုးရဖြစ်တဲ့တွက် ပိုက်ဆံ ပါဝင်ထည့်တဲ့
အစုရှယ်ယာ
ကိုလည်း စဉ်းစားဖို့လိုတယ်။ အစုရှယ်ယာတွေလဲ
စည်းမျဉ်းစည်းကမ်းချက်ကိုမလိုက်နာရင် အစုရှယ်ယာ အချိန်
မရွေးထုတ်သွားနိုင်တော့
သူတို့ အလေးအနက်ထားစဉ်းစားသင့်တယ်”
စွမ်းအင်လုံခြုံမှုသည်
တိုင်းပြည်တိုင်းအတွက် အရေးကြီးသော်လည်း
မြန်မာနှင့် တရုတ်
နှစ်နိုင်ငံ
အရေးကြီးသည့် စီးပွားရေး ဆောင်ရွက်မှုတွင်
အထောက်အကူပြုပြီး ဒေသခံ အပြင် ပြည်သူလူထုများအတွက်ပါ အရေးကြီးသဖြင့်
နောင်ပေါ်ပေါက်လာမည့် ဒီမိုကရေစီစနစ် အစိုးရလက်ထက်မှသာ အကောင်အထည်ဖော်ရန်
ကြိုးစားသင့်သည်
ဟု
၎င်းက
ဆက်ပြောသည်။
“အိမ်နီးချင်း
ပတ်ဝန်းကျင်နိုင်ငံတွေကို စွမ်းအင်လုံခြုံရေးထုတ်ပေးနေတာမြန်မာနိုင်ငံ
လူထုက အရင်း
အမြစ်အပေါ် အကျိုးအမြတ်
ခံစားခွင့်
မရတာ
ရင်နာစရာကောင်းတယ်”
တရုတ်အစိုးရပိုင်
ရေနံကုမ္ပဏီ (CNPC)
သည်
အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ
ရေနံနှင့်
မြန်မာနိုင်ငံ အနောက်
ပိုင်း
ရွှေသဘာဝဓာတ်ငွေ့
စီမံကိန်းမှရရှိမည့် သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံယူနန်ဒေသသို့
ပို့ဆောင်ရန် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများကို တည်ဆောက်ရာနှိုက်
အဓိက
ရင်းနှီးမြှပ်နှံဖြစ်မည့် မြန်မာစစ်အစိုးရ
သည်
ဤစီမံကိန်းမှ
နှစ်ပေါင်း
သုံးဆယ်အတွင်း အနည်းဆုံး အမေရိကန် ဒေါ်လာ ၂၉
ဘီလီယံရရှိမည်ဖြစ်သည်
ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
ယနေ့လှုပ်ရှားမှုသည့် ထိုင်းနိုင်ငံရှိ တရုတ်ကောင်စစ်ဝန်ရုံးအတွင် အိန္ဒိယ၊
ဂျပန်၊
တောင်ကိုးရီးယား၊ ဖိလစ်ပိုင်၊ မ
လေးရှား၊
သြစတေးလျ၊ ဆွီဒင်၊
နော်ဝေး၊
နယ်သာလန် နှင့် ယူကေရှိ တရုတ်သံရုံးရှေ့တွင်
တောင်းဆိုဆန္ဒပြ
ခဲ့ကြသည်။
ရွှေဂက်စ်လှုပ်ရှားမှုသည် ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်ရှိ
မြန်မာနိုင်ငံအခြေစိုက် မြန်မာ့အဖွဲ့အစည်းများနှင့် ဖွဲ့
စည်းထားသည့်
ညွှန့်ပေါင်းအဖွဲ့ဖြစ်သည်။
|