|
ဓါတ်ငွေ့ပိုက်လိုင်း
လူ့အခွင့်အရေး ချိုးဖောက်မှုများ
ချက်ဗလွန် ကုမ္ပဏီတွင် တာဝန်ရှိသည်ဟု
သဘာဝပတ်ဝန်းကျင်အဖွဲ့
သတင်းထုတ်ပြန်
နွယ်လေး။
ဧပြီလ
၂၉ ရက်၊ ၂၀၀၈ ခုနှစ်။
မွန်ပြည်နယ် ကမ်းလွန်ပင်လယ်ရှိ ရတနာဓါတ်ငွေ့ပိုက်လိုင်း
စီမံကိန်းတလျှောက် လူ့အခွင့်ရေးချိုးဖောက်မှုများ
နှင့်
ပတ်သက်ပြီး
ချက်ဗလွန်ကုမ္ပဏီမှ တာဝန်ယူပြီး
ဒေသခံပြည်သူများအား အကာအကွယ်ပေးရန် လူ့အခွင့်
ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး (Earth Rights
International)
အဖွဲ့
ယမန်နေ့က တောင်းဆို လိုက်သည်။
ယင်းစီမံကိန်းသည် မြန်မာပြည်သူတို့၏
လူမှုရေးနှင့်
စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု
တွက်ဟု အကျယ်တ၀င့် ဖော်ပြထားသော်လည်း လက်တွေ့တွင်မူ
ဒေသခံပြည်သူများ စီးပွားရေး၊ ကျန်းမာရေး၊
ပညာရေး အတွက် ထိ ရောက်မှုများမရှိခဲ့ကြောင်း
ယင်းအဖွဲ့က
ထောက်ပြထားသည်။
ဓာတ်ငွေ့ပိုက်လိုင်းလုံခြုံရေးအတွက်
တာဝန်ယူသည့် စစ်တပ်များတွက် ပေါ်တာလိုက်ပေးရခြင်း၊
လုပ်အားပေးရ ခြင်း အပြင် အချို့နေရာတွင်
လူသတ်မှုနှင့် မုဒိမ်းကျင့်မှုများ
ဖြစ်ပေါ် သည်ကိုလည်းတွေ့ရှိရပြီး
လူမှုအခြေနေ
တိုးတက်လာခြင်းမရှိပဲ လူ့အခွင့်ရေးချိုးဖောက်မှုများ
ဆက်ခံနေရသည်ဟု (Earth Rights International)
အဖွဲ့က
ယနေ့ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။
“လုပ်အားပေးတာ
တခုတည်းမဟုတ်ဘူး။
လုံခြုံရေးတပ်အတွက် ပေးစရာတွေလဲ အများကြီး။
စစ်တပ် ကို သစ်ပေး၊ ၀ါးပေး၊
လယ်လုပ်ပေးနဲ့ လှည့်ပတ်နေတာ
သူတို့ဘ၀မှာ ဘာမှတိုးတက်မှုမရှိဘူးပေါ့။
ဒါ ကြောင့်
ချက်ဗလွန်ကို လူမှုရေးချိုးဖောက်မှု
အဖြစ်ပျက်
တွေကို ကာကွယ်ဖို့
ပိုက်လိုင်းဒေသ တခု တည်း သာမက
မြန်မာပြည်တွင်းရှိ အခြေနေ အရပ်ရပ် တိုးတက်မှုရှိအောင်
တောင်းဆိုတာ။”
ဟု (Earth
Rights International)
အဖွဲ့မှ
ကိုနိုင်ထူးကပြောသည်။
ယခုတောင်းဆိုမှုတွက်
ချက်ဗလွန်ဘက်မှ တုန့်ပြန်မှုကို
မသိရသေးသော်လည်း ပြီးခဲ့သည့် စက်တင်ဘာ အရေး
ခင်းအတွင်း
စစ်အစိုးရက လမ်းလျှောက်ဆန္ဒပြသည့်
ရဟန်းတော်များ နှင့် ပြည်သူကို အကြမ်းဖက် နှိမ်နှင်းမှုနှင့်
ပတ်သက်၍ ချက်ဗလွန်မှ ကူညီရန် တောင်းဆိုခဲ့ရာတွင်
မကူညီသည့်အပြင် ၄င်းတို့၏ စီမံကိန်းမည်မျှ
ကောင်း ကြောင်းကိုသာ
ရေးသားဖော်ပြခဲ့သည်။
လာမည့်မေလတွင် ကျင်းပမည့် ချက်ဗလွန် အစုရှယ်ယာဝင်ပိုင်ရှင်များ
အစည်းဝေးပွဲတွင် တောင်းဆိုမှုများကို
တင်ပြသွားမည်ဖြစ်ပြီး ရှယ်ယာရှင်များ အနေနှင့် တခုခုဆုံးဖြတ်ပေး
နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း
ကိုနိုင်ထူး က ဆက်ပြောသည်။
ရတနာသဘာဝဓါတ်ငွေ့
ပိုက်လိုင်းစီမံကိန်းကို ၁၉၉၂ တွင်စတင်ခဲ့ပြီး ချက်ဗလွန် ကုမ္ပဏီက
၂၀၀၅ နောက်ပိုင်း မှ စပြီး ယူနိုကယ်ကုမ္ပဏီထံမှ
ဝယ်ယူခဲ့သည်။
|