|
ဝေါ်လေခီးစခန်းကို ဒီကေဘီအေနှင့် မြန်မာတပ်ဖွဲ့က
သိမ်းပိုက်
ခွန်အောင်မြတ်။
ဧပြီလ ၂၉
ရက်၊ ၂၀၀၉ ခုနှစ်။
ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) တပ်မဟာ ၆ နယ်မြေအတွင်းရှိ ဝေါ်လေခီး
တပ်စခန်းကို ယမန်နေ့
ညက
မြန်မာစစ်အစိုးရ နှင့် ဒီကေဘီအေ ပူးပေါင်းတပ်တို့ သိမ်းပိုက်လိုက်သည်။
ကေအဲန်ယူ၏
အဓိကစခန်းတခုဖြစ်သည့် ဝေါ်လေခီးအား မြန်မာစစ်အစိုးရ နှင့် ဒီကေဘီအေ ပူးပေါင်းတပ်
အင်အား ၄၀၀ ကျော်က တလနီးပါးကြာ လက်နက်ကြီးဖြင့် ထိုင်းစစ်ဆင်
တိုက်ခိုက်ခဲ့ပြီးနောက် ယမန်နေ့ည ၁၀ နာရီတွင် တပ်ရင်း ၂၀၁ စခန်းကို
စွန့်လွှတ်လိုက်ရသည်ဟု တပ်ရင်း ၂၀၁ ဒု တပ်ရင်းမှူး ဗိုလ်ကြီး စောဘူးဖော
က
ပြောသည်။
“အခုနောက်ဆုံးအခြေအနေတော့
ပြီးသွားပါပြီ ကျနော်တို့ နေရာကနေပြီးတော့ ရှောင်ပေးလိုက်ပြီ။ ည ၁၀
နာရီလောက်မှာ အဆုံးသတ်လိုက်တာ။ အဲဒီနေရာတ၀ှိုက်ကိုတော့ ယူထားလိုက်ပြီ။
ကျနော်တို့
နေတဲ့ နေရာ စခန်းတည့်တည့်လောက်တော့ သူတို့မ၀င်သေးပါဘူး။ ဒါပေမယ့် အနီးအနားမှာ
သူတို့နေတယ်။ အခြေအနေကတော့ ကျနော် မပြောတတ်ဘူးလေ။ သူတို့ တခုခု စိုးရိမ်စရာတွေ
ရှိအုံးမှာပေါ့။”
ဝေါ်လေခီး
တပ်စခန်း နေရာတွင် ကရင်ခေါင်းဆောင်ကြီးများ၏ ဂူသချုင်္ီင်းများတည်ရှိသဖြင့်
ကေအဲန်ယူဘက်မှ ကာလကြာမြင့်စွာ ခုခံကာကွယ်ခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်ယူ၏
အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလှငွေက ယခုလို ပြောသည်။
“အဓိကပြောရမယ်ဆိုရင်တော့
ကျနော်တို့ ခေါင်းဆောင်ရဲဘော်တွေ သုဿန်ရှိတယ်။ သချုင်္ီင်းလေး
ပေါ့ဗျာ။ ကျနော်တို့
တောက်လျှောက် ကပ်ထားရတာဟာ အမှန်အတိုင်း ပြောရမယ်ဆိုရင်တော့ အဲဒီ
ဟာပေါ့။
ကျနော်တို့ရဲ့ ရဲဘော်တွေ ခေါင်းဆောင်တွေ မြုပ်ထားတဲ့ သုဿန် အဲဒါကို ရှင်းရှင်း
ပြောရရင်
သိပ်မလွှတ်ချင်ဘူး။ နဂိုကတည်းကိုက
အဲဒါက ရှိနေတာ။ အဆောက်အဦး
တွေကတော့ မက်မောလောက်အောင်တော့
ဘာမှသိပ်မရှိပါဘူး။”
သုံးပတ်ကျော်ကြာ
စခန်းသိမ်းတိုက်ပွဲတွင် မြန်မာစစ်အစိုးရနှင့် ဒီအေဘီကေ ပူးပေါင်းတပ်က အယောက်
၅၀ ကျော် ထိခိုက်ကျဆုံးပြီး ကေအဲန်ယူဘက်မှ ၂ ဦးကျဆုံးပြီး ၃ ဦး ဒဏ်ရာရှိကာ
ထိုင်းစစ်တပ် ၂ ဦးနှင့် ထိုင်းရွာသား
တဦး
ဒဏ်ရာရရှိသည်ဟု ကေအဲန်ယူက ပြောသည်။
ယခုနှစ် မတ်လအတွင်းတွင်
မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ထိုင်းနိုင်ငံခြားရေး ၀န်ကြီးကို
မြန်မာစစ်အစိုးရ ၀န်ကြီး ဗိုလ်ချုပ်ကြီးသိန်းစိန်က ကေအဲန်ယူနှင့်
ငြိမ်းချမ်းရေး ဆွေးနွေးဖို့
နားချပေးရန် အကူအညီ
တောင်းခံပြီးနောက်
ကေအဲန်ယူ၏
တပ်မဟာ အသီးအသီးတွင် တိုက်ပွဲများ ပိုမိုဖြစ်ပွားသည်ဟု ဗိုလ်မှူး
စောလှငွေက
ပြောသည်။
ယမန်နှစ်
ဇွန်လကုန်ပိုင်းက စစ်အစိုးရတပ်နှင့် ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့တို့ ယခု
ကျဆုံးသွားသည့် ဝေါ်လေခီး
တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ပြီး ၂ ရက်ကြာ သိမ်းပိုက် ထားခဲ့သည်ကို
ကေအဲန်ယူက ပြန်လည် ရယူနိုင်ခဲ့သည်။
|