|
မဲဆောက်အာဏာပိုင်များက တရားမ၀င်
မြန်မာအလုပ်သမားများကို ဖမ်းဆီးနေ
ဇော်ကြီး။
ဧပြီလ ၂၉ ရက်၊ ၂၀၀၉ ခုနှစ်။
ထိုင်းမြန်မာနယ်စပ်
မဲဆောက်မြို့တွင် တရားမ၀င်မြန်မာ လုပ်သမားများအား
ထိုင်းအာဏာပိုင်များက
အရပ်ဝတ် ၀တ်ဆင်၍ ဖမ်းဆီးမှုများ ပြုလုပ်နေသည်။
မဲဆောက် လ၀က၊ ရဲ နှင့်
နယ်ခြားစောင့်တပ်ဖွဲ့ဝင်များသည် ယမန်နေ့ကစတင်၍
မြန်မာရွှေ့ပြောင်း
အလုပ်သမား
နေအိမ်များ၌
ရှာဖွေဖမ်းဆီးနေပြီး ယခုတကြိမ်သည်
ယခင်အကြိမ်များနှင့်မတူပဲ ပစ္စည်းများပါ သိမ်းယူသည်ဟု မဲဆောက်ရှိ မြန်မာပြည်သား
အရေးလှုပ်ရှားနေသူ ကိုမိုးကြိုးက ယခုလို ပြောသည်။
“နည်းနည်းပိုပြီးတော့
ကြမ်းလာတယ်။ အရင်တုန်းကတော့ လူဖမ်းပွဲပဲလုပ်တာလေ။
အခုဟာက စက်ဘီးရော၊
ပစ္စည်းပစ္စယတွေရော သိမ်းတယ်။ အရင့်အရင်ကတော့ ယူနီဖောင်းပြည့်ပြည့်စုံစုံနဲ့
ဖမ်းတာဖြစ်တယ်လေ။ အခုဟာကအရပ်ဝတ်ကြီးနဲ့ဖမ်းတာ။ အခုဟာကြီးကမသိသာဘူးဗျ။
လျှပ်တပျက်ဗျာ
ကားထိုးရပ်တယ်
လူဖမ်းတင်လိုက်တယ်။ တချို့လူတွေ
ထင်တာက
ရေခ၊မီးခလာ
တောင်းတယ်ထင်တာ။
ဒီအချိန်တွေက ရေခ၊မီးခ တောင်းတဲ့အချိန်လေ။ လကုန်ခါနီးဆိုတော့”
ရပ်ကွက်ကျေးရွာများအတွင်း
ဝင်ရောက်ဖမ်းဆီးရာ၌ နယ်ခြားစောင့်တပ်ဖွဲ့ကသာ
ယူနီဖောင်းဝတ်ဆင်ထားပြီုး ရဲ နှင့် လ၀က တပ်ဖွဲ့တို့သည်အရပ်ဝတ်များဝတ်ဆင်၍
အရပ်ကားများဖြင့် ဖမ်းဆီးခြင်းဖြစ်သည်ဟု ၎င်းမြင်တွေ့ခဲ့
ပုံကို
ယခုလိုဆက်ပြောသည်။
“အမှိုက်ကောက်နေတဲ့သူတွေကအစ
ကျနော့ရှေ့မှာ ဘာလုပ်ပါလိမ့်လို့ ကြည့်လိုက်တာ
ပေါ့။ သြော်
မသိပါဘူး
ဆောက်လုပ်ရေး
အလုပ်သမားများခေါ်လားလို့ကျနော် ထင်နေတာ။
ဘယ်ဟုတ်မလဲ အဲဒီ
အမှိုက်ကောက်
နေတဲ့လူကိုလည်း
ကားပေါ်ဆွဲခေါ်သွားတယ်။
အရပ်ကားပဲ၊ ရဲကားတွေလည်း
ပတ်နေတာ
အများကြီးပဲ။ အဲဒီ
ရဲကားတွေပေါ်မှာလည်း
တင်သွားတာအများကြီးပဲ။”
တရားမ၀င်မြန်မာအလုပ်သမားများအား စီမံချက်အရ ၃ ရက်ဖမ်းဆီးရန်ရှိပြီး
လောလောဆယ်အဖမ်းခံရသူ ၅၀၀ခန့်ရှိ၍
မဲဆောက်မြို့နေရာအနှံ့ဖမ်းဆီးနေခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
ထိုင်းနိုင်ငံ၌ လာရောက်အလုပ်လုပ်ကိုင်နေသည့် တရားမ၀င် မြန်မာအလုပ်သမားများသည်
ယခုလို အထူးစီမံချက်များ၌် မကြာခဏအဖမ်းခံနေရပြီးမဲဆောက်မြို့တွင် ယခုနှစ်အတွင်း
တတိယအကြိမ်မြောက် ဖမ်းဆီးခြင်းဖြစ်သည်။
လွန်ခဲ့သည့် ၂ ရက်မှစ၍
မဟာချိုင်ဒေသ၌ အလားတူဖမ်းဆီးမှုမျိုးဖြစ်ပေါ် နေပြီး
၎င်း၏သူငယ်ချင်းများလည်း
အဖမ်းခံခဲ့ရသည်ဟု
မဟာချိုင်ရှိ အလုပ်သမားတဦးက
ယခုလို ပြောသည်။
“စီမံကိန်းချပြီးတော့မှကိုဖမ်းတယ်။
တကယ်လည်း တရားဝင်
ကျေညာပြီးတော့ကို
တခါတည်း ဒီလို ဌာနဆိုင်ရာ
တွေက
ဖမ်းတယ်
လုပ်ရဲတဲ့ကောင်လုပ်ကြည့် ဆိုပြီးတော့မှလေ။ စီဒီတို့ ဗမာရုပ်ရှင်ဇာတ်ကားလေးတွေ
ငှားတဲ့ဈေးဆိုင်သေးသေးလေးတွေ အဲတာတွေ အကုန်လိုက်ဖမ်းနေတယ် အခုက
အသည်းအသန်ကို
ဖမ်းနေတယ်။ တရားဝင်ပြောပြီးမှကို ဖမ်းနေတယ်။အခုတလောနည်းနည်းလေးဆိုးနေတယ်။”
ထိုင်းနိုင်ငံအတွင်း
လာရောက်အလုပ်လုပ်ကိုင်သူ မြန်မာရွှေ့ပြောင်း အလုပ်သမား
နှစ်သန်းကျော်ရှိရာ တရားဝင်မှတ်ပုံတင်ထားသူ ငါးသိန်းခန့်သာရှိသည်ဟု
အလုပ်သမားအရေး
ဆောင်ရွက်နေသူများက
ပြောသည်။
|