|
ရွေ့ပြောင်းအလုပ်သမားများရပိုင်ခွင့်
အယူခံ ဗဟိုတရားရုံးသို့ တင်သွင်း
နွယ်လေး။
မေလ ၂၉ ရက်၊၂၀၀၈ခုနှစ်။
မသန်းမစွမ်းအလုပ်သမား နစ်နာကြေးအတွက်
ထိုင်းအစိုးရထံမှ ရရှိနိုင်ရန် ရွေ့ပြောင်း
မြန်မာအလုပ်သမား သုံးဦး က
ချင်းမိုင် ဗဟိုတရားရုံးငြင်းဆိုချက်ကို ပြန်လည်ပြင်ဆင်ရန် ဘန်ကောက်
ဗဟိုတရားရုံးသို့ ယမန်နေ့က အယူ
ခံလွှာ
လျှောက်တင်ခဲ့သည်။
ထိုင်း အလုပ်သမားရုံးများ၏
ဆုံးဖြတ်ချက်ကို ဖွဲ့စည်းပုံနှင့် ညီညွတ်ခြင်းရှိမရှိ
စီစစ်ရန် ချင်းမိုင်စီမံခန့်ခွဲမှု
တရားရုံး သို့
ဦးတိုက်လျောက်ထားခဲ့ခြင်းကို ပယ်ချခဲ့၍ ဘန်ကောက်
ဗဟိုတရားရုံးသို့ အယူခံတင်သွင်း
ခြင်းဖြစ် သည်။
အလုပ်ခွင်တွင်း မသန်မစွမ်းဖြစ်သွားသော ရွေ့ပြောင်းအလုပ်သမားများ
အနေဖြင့် တရားဝင် နိုင်ငံကူးလက် မှတ်ဖြင့် မှတ်ပုံတင်ကာ
လုပ်ကိုင်ခြင်းမရှိပါက အစိုးရ၏ မသန်မစွမ်းထောက်ပံ့ကြေးခံစားခွင့်မရှိဟူသော
ထိုင်း အလုပ်သမားရုံးများ၏ ဆုံးဖြတ်ချက် သည် ဖွဲ့စည်းပုံပါ
လူ့အခွင့်အရေး ပြဌာန်းချက်များနှင့် ကိုက်ညီခြင်းမရှိ
ဆိုကာ သုံးသပ် စီစစ်၍ မူဝါဒများ ပြုပြင်ရန် အမိန့်ချမှတ်ရန်အတွက်
မသန်မစွမ်းဖြစ်သွားသော မြန်မာအလုပ် သမားများက တရားရုံးတွင်
လျောက်ထားခဲ့ခြင်းဖြစ်သည်။
အမှုလျောက်ထားလွှာကို
ဘန်ကောက်ဗဟိုတရားရုံးသို့
ယမန်နေ့ နေ့လည်တစ်နာရီတွင် လျှောက်တင်ခဲ့သည်
ဟု အလုပ်သမားများအား အကူအညီပေးနေသော ဘန်ကောက် အခြေစိုက် လူ့အခွင့်ရေးနှင့်
ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့
(အိတ်ခ်ျအာရ်ဒီအက်ဖ်) ၏ ပြောရေးဆိုခွင့်ရှိသူ
စိုင်းဖူးမိုင်းက ယခုလိုပြောသည်။
“ချင်းမိုင်
ဗဟိုတရားရုံးကနေ ဘန်ကောက်ဗဟိုတရားရုံးကို လွှဲပေးပြီးပြန်ကြားချက်ကို
နောက်ထပ် (၁၅)ရက် လောက်မှ သိရမယ်။ ဘန်ကောက်တရားရုံးက
ကျနော်တို့ အယူခံဝင်ခွင့်လျှောက်လွှာကို
လက်ခံပြီဆိုရင် ရုံးချိန်းရက်ကို အလုပ်သမားရုံးအဖွဲ့ဝင်နဲ့
အတူတရားရင်ဆိုင်ရမှာဖြစ်တယ်။ ဗဟိုတ
ရားရုံးက ဒီအယူခံတင်ခွင့်လျှောက်လွှာကို
ထပ်ပယ်ချပြီး အလုပ်သမားတရားရုံးကို လွှဲပေးမယ်ဆိုရင်လဲ
အလုပ်သမားတရားရုံးမှာ ဆက်ပြီးတရား ရင်ဆိုင်သွား မှာဖြစ်တယ်။”
ရှမ်းအမျိုးသမီးအလုပ်သမား နန်းနွမ်သည် ချင်းမိုင်မြို့
ရှန်ဂရီလာဟော်တယ် ဆောက်လုပ် ရေး လုပ်ငန်းခွင်တွင်း မတော်တဆ ထိခိုက်မှုဖြစ်ခဲ့ပြီး
ခန္ဓာကိုယ်အောက်ပိုင်း မလှုပ်ရှား
နိုင်တော့ပဲ ချင်းမိုင်မြို့ရှိ မဟာရတ်ဆေးရုံတွင် ၁၁လ
ကြာ ဆေးကုသမှု
ခံယူခဲ့သည်။
ဆေးရုံဆင်းပြီးနောက် အလုပ်သမားတရားရုံး အဆင့်ဆင့်တက်ပြီး
အစိုးရထံမှ နစ်နာကြေး ရရန် တောင်းဆိုခဲ့
သော်လည်း တရားဝင်နိုင်ငံကူးလက်မှတ်မရှိသဖြင့်
အလုပ်သမားရုံးများ က အစိုးရ၏ ထောက်ပံ့ကြေးရယူနိုင်ခွင့်
မရှိပဲ အလုပ်ရှင်ထံမှ လျော်ကြေးငွေသာ ရယူခွင့်ရှိ ကြောင်း
ဆုံးဖြတ်ပေးခဲ့သည်။
အဆိုပါ အလုပ်သမားရုံး၏
ဆုံးဖြတ်ချက်သည် ထိုင်းနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေတွင်
ပြဌာန်းထားသည့် လူ့အခွင့်
အရေးနှင့် ကိုက်ညီမျှမရှိဟုဆိုကာ အလုပ်သမားရုံး၏
ဆုံးဖြတ် ချက်များကို စီစစ်ပေးရန် နန်းနွမ်နှင့် မြန်မာ
အလုပ်သမားများက အဲန်ဂျီအိုအဖွဲ့များ အကူအညီဖြင့်
စီမံခန့်ခွဲမှု
တရားရုံးတွင်
ဦးတိုက်လျှောက်ထားခဲ့ခြင်း
ဖြစ်သည်။
|