|
မြန်မာအစိုးရကို နိုင်ငံတကာတရားရုံးတင်ရန် ကုလအား ရှေ့နေအဖွဲ့
တောင်းဆို
ခွန်အောင်မြတ်။
မေလ ၂၉ ရက်၊
၂၀၀၈ ခုနှစ်။
မြန်မာ စစ်အစိုးရသည် နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်နေသည်ဖြစ်၍
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေ
ဖြင့် နိုင်ငံတကာ ပြစ်မှုဆိုင်ရာ
တရားရုံးသို့
လွှဲပြောင်း
အရေးယူရန် မြန်မာနိုင်ငံ ရှေ့နေများကောင်စီက
တောင်း
ဆိုလိုက်သည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို
အကျယ်ချုပ်သက်တမ်း ထပ်မံတိုးမြင့်လိုက်ခြင်းအပေါ် ယခုကဲ့သို့
တောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ ရှေ့နေများကောင်စီ၏
အထွေထွေအတွင်းရေးမှူး ဦး အောင်ထူးက ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်ကို
ချုပ်နှောင်တာဟာ ပုဂ္ဂိုလ်တစ်ယောက်ထဲကို
ချုပ်နှောင်တယ်လို့ ပြောလို့
မရတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့
ကမ္ဘာသိခေါင်းဆောင်ဖြစ်တယ်။
သူလိုမျိုး ခေါင်းဆောင်တစ် ယောက်ကို လက်ရှိ
တည်ဆဲဥပဒေအားလုံးကို ဆန့်ကျင်ပြီးတော့
ချုပ်ထားလိုက်တဲ့ ကိစ္စဟာ ဒေါ်
အောင်ဆန်းစုကြည်တစ်ယောက်ထဲ သာမကပဲနဲ့
တပြည်လုံး မှာရှိတဲ့ လူထုတရပ်လုံးကို ထိပ်လှန့်
ခြောက်ခြားသွားစေတယ်။ ဒါကြောင့်
ဒီပြစ်မှုဟာ
နိုင်ငံတကာ ပြစ်မှုဆိုင်ရာတရားရုံး
ဥပဒေမှာ လုံးဝ အကြုံးဝင်တယ်။
ဒါကြောင့် ဒီလို အကြုံးဝင်တဲ့
ကိစ္စကို
ကုလသမဂ္ဂလုံခြုံရေးကောင်စီက
ထိထိရောက် ရောက် အရေးယူဖို့
အချိန်တန်ပြီ။ ဒါကြောင့် ကုလသမဂ္ဂလုံခြုံရေး
ကောင်စီမှာရှိတဲ့ အာဏာကို သုံး ပြီးတော့
နိုင်ငံတကာပြစ်မှုဆိုင်ရာ တရားရုံးဘက်က အပြစ်ယူသင့်ပြီလို့
ကျနော်တို့က အဓိက ထောက်ပြခြင်းဖြစ်တယ်။”
ဒေါ်အောင်ဆန်းစုကြည်ကို
ဆက်လက် ဖမ်းဆီးထားခြင်းသည် ကုလသမဂ္ဂလုံခြုံရေး
ကောင်စီ ဆုံးဖြတ်ချက် ၁၃၂၅ တွင် ပါရှိသော အမျိုးသမီးများ၏
အခွင့်အရေး ထိရောက်စွာ အကာအကွယ်ရခွင့်ကိုလည်း ချိုးဖောက်ခံရ
ခြင်းလည်း ဖြစ်သည်ဟု ကြေညာချက်တွင်
ထောက်ပြထားသည်။
ဥပဒေအရ ငါးနှစ် ချုပ်နှောင်ထားပြီးလျှင်
လွှတ်ရမည် ဖြစ်ကြောင်း ယခုလို
ဆက်လက် ဖမ်းဆီးထားခြင်းသည် နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံးဥပဒေ
ပုဒ်မ (၇) လူသားဖြစ်မှုကို
ဆန့်ကျင်ကျူးလွန်သည့်ပြစ်မှု
အပိုဒ်(၁)
ပုဒ်မ
ခွဲ(င) အရ
ဖမ်းဆီးချုပ်နှောင်ခြင်း (သို့)
နိုင်ငံတကာဥပဒေအခြေခံများကို ချိုးဖောက်၍ လူတစ်ယောက်၏
ကိုယ် ပိုင်လွတ်လပ်ခွင့် များကို ပြင်းထန်စွာ ဆုံးရှုံးခြင်း
ဥပဒေကို ချိုးဖောက်ရာရောက်သည် ရှေ့နေအဖွဲ့က
ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အား
ဒီပဲယင်းလုပ်ကြံမှုကြီးဖြစ်ပွားပြီးနောက်
နေအိမ်အကျယ်ချုပ် ဖြင့် ထိန်းသိမ်းထား သည်မှာ
ငါးနှစ်ပြည့်ပြီဖြစ်၍
နိုင်ငံတော်အား နှောက်ယှက်သူများ၏ အန္တရာယ်မှကာကွယ်သည့်
ဥပဒေအရ ဆက်လက် အရေးယူခွင့်မရှိကြောင်း မြန်မာနိုင်ငံ
ရှေ့နေများကောင်စီမှ ယနေ့ကျရောက်သည့်
ဒီပဲယင်းလုပ်ကြံမှု
(၅)နှစ်မြောက်
နှစ်ပတ်လည်နေ့
အထူးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီက
ထိရောက်စွာ အရေးယူဆောင်ရွက်မှု
မပြုလုပ်လျှင်
မြန်မာအစိုးရက ဥပဒေ ချိုး
ဖောက်မှုများကို
ဆက်လက်ကျူးလွန်နေဦးမည်ဖြစ်သည်ဟု ဦးအောင်ထူးက သုံးသပ်သည်။
“နအဖက
အခု သွားပြောလို့
အခု ဒေါ်အောင်ဆန်းစုကြည်ကို ထပ်လွှတ်ပေးလိုက်အုံးတော့
နောက် နှစ်လ၊ သုံးလနေကြာ
ပြန်ဖမ်းရင် ဘယ်လိုလုပ် သွားအကာကွယ်ရှိမှာလဲ၊ အဲတော့
ဒေါ်အောင်ဆန်း စုကြည်ကို
ကျူးလွန်တဲ့ ကိစ္စဟာ နိုင်ငံတကာပြစ်မှုဆိုင်ရာ
တရားရုံး ဥပဒေကို လုံးဝ ချိုးဖောက်လိုက်
တာဖြစ်တယ်။
အဲဒီလို ချိုးဖောက်လိုက်တဲ့ အပေါ်မှာ ကုသလဂ္ဂလုံခြုံရေးကောင်စီရဲ့
အာဏာကို ယူပြီးတော့
ထိထိရောက်ရောက် အရေးကိုယူမှရတော့မယ်။ နောင်ကို
လွတ်လိုက်ဖမ်းလိုက် ဒါကို ဖြစ်မ နေအောင်
နိုင်ငံတကာပြစ်မှုဆိုင်ရာ
တရားရုံးအဆင့်က အရေးယူပြီဆိုတဲ့
ဓားကြီးကို
မိုးထားဖို့
လို တယ်၊ အဲဒီလိုမိုးထားပြီးတော့
ဒီဥပဒေအရ ကာကွယ်စောင့်ရှောက်နိုင်တော့မှသာလျှင်
နောင်ကို ဒါမျိုး တွေ ထပ်မလုပ်ရဲအောင် အပြီးအပိုင်
ကာကွယ်ပေးရာ ရောက်မယ်လို့ ကျနော်ယူဆတယ်။”
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏
အထွေထွေအတွင်းရေးမှူး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည် သည်
ပြီးခဲ့သည် မေလ ၂၄ ရက်၊ ၂၀၀၈
ခုနှစ်တွင် နေအိမ်အကျယ်ချုပ် သက်တမ်း ငါးနှစ်ပြည့်ခဲ့ပြီ
ဖြစ်ပြီး လွန်ခဲ့သည့် ၁၈ နှစ်အတွင်း နေအိမ်အကျယ်ချုပ်
၁၂ နှစ်ကျော် ကျခံခဲ့ရသည်။
|