|
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များအတွက်
ရိက္ခာ ထက်ဝက်လျော့ဖွယ်ရှိ
သီတာထွန်း။
မေလ ၂၉
ရက်၊
၂၀၀၈ ခုနှစ်။
နိုင်ငံတကာမှ အလှုငွေများ ဆက်လက်ရရှိနိုင်ရန် ခက်ခဲနေမှုကြောင့်
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ
အတွက်
ထောက်ပံ့ပေးနေသည့် ရိက္ခာကို
လာမည့် သြဂုတ်လမှစ၍
ထက်ဝက်ခန့်လျော့ချဖွယ်ရှိသည်ဟု
ဒုက္ခ
သည်များအား
ရိက္ခာထောက်ပံ့မှုပေးနေသည့်
အဖွဲ့စည်းက
ပြောသည်။
ဒုက္ခသည်များအတွက်
ပုံမှန်ရရှိနေကျ အလှုငွေများ မရရှိမှုကြောင့်
ဒုက္ခသည်
စခန်းအတွင်း အစားအသောက် ရိက္ခာများကို
လျော့ချရန် အစီအစဉ်ရှိကြောင်း
ထိုင်း-မြန်မာ နယ်စပ် ကူညီစောင့်ရှောက်ရေး ညွှန့်ပေါင်းအသင်း
(TBBC)
၏ တာဝန်ခံ
ဆယ်လီ သောမ်ဆင် ကပြောသည်။
“အခု
ဆန်ပြဿနာ
ဖြစ်လာတဲ့အတွက် နောက်ထပ်ငွေကြေးတောင်းခံ
ရှာဖွေလို့မရခဲ့ဘူး
ဆိုရင် ကျမ
တို့
အနေနဲ့
ပေးနေတဲ့ရိက္ခာကို
တ၀က်အထိလျော့ချရမှာ ဖြစ်ပါတယ်။ ဒုက္ခသည်တွေ
အနေနဲ့
သူတို့
နေ့စဉ်
လိုအပ်တဲ့ အစားအစာရဲ့ တ၀က်ပဲ ရတော့မှာ ဖြစ်တယ်။”
ယခုနှစ်အတွင်းတွင်လည်း ငွေကြေးအခက်အခဲများကြောင့်
ခြင်ထောင်၊
စောင်နှင့် အိမ်ဆောက်ပစ္စည်းအချို့ကို
ထုတ်ပေးခြင်းများ ဖြတ်တောက်ခဲ့ရသည်ဟု ၄င်းက ပြောသည်။
ရိက္ခာလျော့ချမှုနှင့်
ပတ်သက်၍
မဲဆောက်မြို့အနီးရှိ
မယ်လဒုက္ခသည်စခန်းကော်မတီဝင်
တဦးက “
ကျနော်
တို့
လူတွေက
တကယ်တမ်း ရိက္ခာအပြည့်မရဘူး၊
ရိက္ခာလျော့မယ်၊
ဒီ တလ နှစ်လတော့ ချိုးခြံပြီး
တော့
စားလို့ရတာပေါ့၊
ဒါပေမဲ့ ရေရှည်ဆိုလို့ရှိရင်တော့
ဒုက္ခသည်တွေကလည်း
အလုပ်လက်မဲ့ ဖြစ်
နေတာကိုး။
အဲဒီ အလုပ်လက်မဲ့ ဖြစ်နေတာကို သွားမတတ်၊
လာမတတ်နဲ့၊
သွားတော့လည်း အလုပ်
သွားလုပ်တော့လည်း ခွင့်ပြုချက်မှ မရပဲ အခက်အခဲတော့ ရှိတာပေါ့။”
ဟု ပြောသည်။
မည်သည့်
ပစ္စည်းများကို
မည်သို့လျော့ချမည်ဆိုသည်ကို
တရားဝင် စာဖြန့်ထားသည်ဟု
လည်း
၎င်းက ပြော
သည်။
ထိုသို့
ငွေကြေးအခက်အခဲများကြောင့်
ရိက္ခာများ
လျော့ချပါက “ဒုက္ခသည်တွေ
စခန်းအပြင်ထွက်ပြီး အစား
အစာ
ရှာဖွေတာတွေ၊
အလုပ်ရှာဖွေတာတွေ တွေ့လာရနိုင်
ပါတယ်။
ပြဿနာကတော့
လတ်တလော ထိုင်းနိုင်ငံရဲ့
မူဝါဒအရ ဒုက္ခသည်တွေကို
အလုပ်လုပ်ခွင့် မပြုထားပါဘူး။ စခန်းအပြင်မှာတွေ့တဲ့
ဒုက္ခသည်တွေကို
တရားမ၀င် အလုပ်သမားတွေအဖြစ် သတ်မှတ်ခံရနိုင်ပါတယ်။
စခန်းထဲမှာတော့ အဟာရချို့တဲ့သူတွေ
တိုးပွားလာတာ တွေ့လာရပါလိမ့်မယ်။
အထူးသဖြင့်တော့ ကလေးတွေ၊
ကိုယ်ဝန်ဆောင် မိခင်တွေ၊
နို့တိုက်မိခင်တွေနဲ့
သက်ကြီးရွယ်အိုတွေဟာ
အဟာရချို့တဲ့မှုနဲ့
ကြုံ
လာနိုင် ပါတယ်။
ကျန်းမာရေး
အခြေအနေတွေလည်း နိမ့်ကျလာပါလိမ့်မယ်။”
ဟု ဒုက္ခစခန်းများ
တွင်
နောက်ဆက်တွဲကြုံလာနိုင်သည့်
အခက်အခဲများကို
ဆယ်လီသောမ်ဆင် က ထောက်ပြသည်။
ဒုက္ခသည်များ
စခန်းပြင်ပထွက်ပြီး
သွားရောက်အလုပ်လုပ်ကိုင်စဉ် အဖမ်းခံရပါက ချုပ်နှောင်ခံရခြင်း၊
မြန်မာ
နိုင်ငံသို့
ပြန်ပို့ခြင်း၊
အလုပ်အကိုင်နှင့်ပါတ်သက်ပြီး ခေါင်းပုံဖြတ် ခံရခြင်းများလည်း
ကြုံရနိုင်သည်ဟု
သူမက
ပြောသည်။
ထိုင်း-မြန်မာနယ်စပ် တလျှောက်တွင်
ဒုက္ခသည်
စခန်း (၉)ခုရှိပြီး မြန်မာနိုင်ငံမှ အကြောင်းအမျိုးမျိုးဖြင့်
ထွက်ခွာ
လာကြသောဒုက္ခသည်ပေါင်း
တသိန်းလေးသောင်းကျော် နေထိုင်ခိုလှုံနေကြသည်။
|