|
မြစ်ကြီးနား အမျိုးသားညီလာခံ ထောက်ခံပွဲ လူထုက ဆန့်ကျင်ဘက် ကြွေးကြော်
ခွန်အောင်မြတ်။
စက်တင်ဘာလ ၂၉ ရက်၊ ၂၀၀၇ ခုနှစ်။
ကချင်ပြည်နယ်မြို့တော်
မြစ်ကြီးနားတွင် ယနေ့မနက်ပိုင်းက အမျိုးသားညီလာခံထောက်ခံပွဲ ကျင်းပရာမှာ လူထု
တွေက ကြွေးကြော်သံတွေကို ပြောင်းပြန်အော်ဟစ်ကြကြောင်း မြစ်ကြီးနား မြိုခံများက
ပြောသည်။
အမျိုးသားညီလာခံ
ထောက်ခံပွဲကို မြစ်ကြီးနား၊ ပူတာအို၊ မိုးညှင်း၊ ဗန်းမော် စသည့် မြို့နယ်များမှ
ကျောင်းဆရာ၊ ဆရာမများ၊ ၀န်ထမ်းများနှင့် ရပ်ကွက်များမှ ပြည်သူလူထုကို
အာဏာပိုင်များက မတက်မနေရ ခြိမ်းခြောက် သဖြင့်လူထု ၂ သောင်းကျော် တက်ရောက်
ခဲ့ကြရသည်ဟု ကိုယ်တိုင်တက်ရောက်ခဲ့သည့် မြစ်ကြီးနားမှ ကချင် လူငယ်တဦးက
ပြောသည်။
“တအိမ်ထောင်ကို
သုံးယောက် မတက်မနေရ။ တချို့ရပ်ကွက်တွေက လော်စပီကာနဲ့ လိုက်ကြေညာ တယ်ဗျ။
တချို့ရပ်ကွက်က လက်မှတ်ထိုးပြီးမှ မတက်မနေရ တက်ခိုင်း တယ်ခင်ဗျ။ လူထုအနေနဲ့က
ဘာမှမတတ်နိုင်ဘူးဗျာ။ သူတို့တတ်နိုင်တဲ့ဘက်က သူတို့ကတော့ ဆန့်ကျင်တာပဲဗျ။
များတယ်ဗျ၊ အကုန်လုံးလိုလိုပဲဗျ။ အဲဒါ အဲဒီ အော်ပြီးတာနဲ့ကို တိုင်းမှူးကလည်း
ဆင်းသွားတာပဲဗျ။ စင်ပေါ်က နေလေ။”
မြစ်ကြီးနားမြို့
ဘောလုံးကွင်းတွင်ကျင်းပသည့် အမျိုးသားညီလာခံ ထောက်ခံပွဲတွင် လူထုများက ၀န်ကြီး
ဗိုလ်မှူး ချုပ် သိန်းဇော်တိုင်ပေးသည့်အတိုင်း လိုက်မအော်ပဲ
ကြွေးကြော်သံများကို ဆန့်ကျင်ဖက် အော်ခဲ့ကြောင်း ယင်း လူငယ်က ပြောသည်။
“ပေါ်လစီ စာသားတွေကို ဖတ်တာ။ ပြည်ပနိုင်ငံတွေကို ဘာညာပေါ့ အဲဒါ ဖတ်တဲ့ဟာကို
ဆန့်ကျင်ကြ၊ ဆန့်ကျင် ကြ အော်ခိုင်းတဲ့ဟာကို လူထုအနေနဲ့ကော ကျောင်းသားတွေကော
အားလုံးက တို့အရေး၊ တို့အရေးလို့ အော် တာကတော့ ထူးခြားတယ်ဗျ။”
“တခုက ပြည်ပအားကိုး ပုဆိန်ရိုး အဆိုးမြင်ဝါဒီများအား ဆိုတဲ့ဟာကို
ဗိုလ်ချုပ်သိန်းဇော်က တိုင်ပေး လိုက်တဲ့ခါကျတော့ လူထုက တို့အရေး၊ တို့အရေးလို့
အော်တယ်ဗျ။ နောက်ပြီးမှ နိုင်ငံတော်တည် ငြိမ်ရေးနှင့် နိုင်ငံတော်
တိုးတက်ရေးကို နှောက်ယှက်ဖျက်ဆီးသူများအား ဆိုတဲ့ခါကျမှ လူထုက တို့ အရေး၊
တို့အရေးလို အော်တာ။ နောက်ပြီးမှ နိုင်ငံတော်၏ ပြည်တွင်းရေးကို ၀င်ရောက်စွပ်ဖက်
နှောက်ယှက်သော ပြည်ပနိုင်ငံများအားဆိုတဲ့အခါမှာ တို့အရေး၊ တို့အရေးလို့
အော်တယ်။ နောက်တ ချက်က ပြည်တွင်းပြည်ပ အဖျက်သမားများအား ဘုံရန်ကူအဖြစ်
သတ်မှတ်ချေမှုန်းကြ ဆိုတဲ့အခါမှာ လည်း တို့အရေး၊ တို့အရေးလို့ အော်တာ။”
ထို့ကဲ့သို့
ဆန့်ကျင်ဟစ်အော်သည့်အပြင် ထောက်ခံပွဲအခမ်းအနား မပြီးဆုံးမီမှာပင်
လူအုပ်ကြီးများက ဘောလုံး ကွင်းတံခါး ဖွင့်ပေးပါ၊ ဖွင့်ပေးပါဟု ဟစ်အော်ကြပြီး
အခမ်းအနား ပြီးလျှင်ပြီးချင်း တိုးဝှေ့ထွက်သွားကြသည်။
ယမန်နေ့ညပိုင်းတွင်လည်း မြစ်ကြီးနားမြို့တွင်းတွင် အမျိုးသားညီလာခံကို
အလိုမရှိ၊ ရန်ကုန်၊ မန္တလေးက ဆန္ဒပြ သူများအား အကြမ်းဖက်နှိမ်နင်းခြင်းကို
ဆန့်ကျင်သည် ဆိုသည့် စစ်အစိုးရကို ဆန့်ကျင်သည့် စာရွက်များကို ကျောင်းသားများက
လိုက်လံဖြန့်ဝေခဲ့သည်။
ယမန်နေ့က မန္တလေးတိုင်း
မြင်းခြံ၊ ကျောက်ပန်းတောင်း၊ ညောင်ဦးတို့တွင်လည်း စစ်အစိုးရက အမျိုးသားညီ လာခံ
ထောက်ခံပွဲများကို ပြုလုပ်ခဲ့သည်။
လက်ရှိဖြစ်ပေါ်နေသည့်
အရေးအခင်းကို ညှိနှိုင်းဖြေရှင်းပေးရန်အတွက် ကုလသမဂ္ဂ ကိုယ်စားလှယ် မစ္စတာ
အီဗရာဟင် ဂန်ဘာရီ ရန်ကုန်မြို့သို့ ရောက်ရှိလာမည့်အချိန်တွင် စစ်အစိုးရက
အမျိုးသားညီလာခံ ထောက်ခံပွဲ များကို ဆောင်ရွက်နေခြင်းဖြစ်သည်။
|