|
မွန်အမျိုးသားဒီမိုကရေစီအဖွဲ့
လွတ်မြောက်နယ်မြေတွင် ဖွဲ့စည်း
နွယ်လေး။
စက်တင်ဘာလ ၂၉ ရက်၊ ၂၀၀၈ ခုနှစ်။
မြန်မာစစ်အစိုးရက တရားဝင်ပါတီအဖြစ်မှ
၁၆ နှစ်ကြာ ဖျက်သိမ်းခြင်းခံခဲ့ရသည့်
မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့
အား
စစ်အစိုးရပြုတ်ကျရေးအတွက် မွန်လူထုတရပ်လုံးကို အခြေခံပြီး
ဦးဆောင်တိုက်ပွဲဝင်သွားနိုင်ရေးအတွက် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ကို
လွတ်မြောက်နယ်မြေတွင် ပြန်လည်ဖွဲ့စည်းလိုက်သည်။
ထိုင်း-မြန်မာ နယ်စပ်တွင် မွန်အမျိုးသားလူထုမှ ဦးဆောင်၍ မွန်အမျိုးသား
ဒီမိုကရေစီအဖွဲ့
(လွတ်မြောက်
နယ်မြေ) ကို မွန်အမျိုးသား
လွတ်တော်အမတ်ဟောင်းနှင့် မွန်အမျိုးသား ဒီမိုကရေစီ
အဖွဲ့ဝင်ဟောင်းများ
ဦး
ဆောင်ပြီး
၂၀၀၈ ခုနှစ် စက်တင်ဘာ (၂၈) ရက်နေ့တွင်
ဖွဲ့စည်းလိုက်ခြင်း
ဖြစ်သည်။
မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့
(လွတ်မြောက်နယ်မြေ)ကို
ဖွဲ့စည်းရခြင်း
ရည်ရွယ်ချက်နှင့် ပတ်သက်၍ အထွေ
ထွေ
အတွင်းရေးမှူး နိုင်ဥဿာ က ယခုလို ပြောသည်။
"လောလောဆယ်
အာရုံစူးစိုက်တာတော့ ဘုံရန်သူဖြစ်တဲ့
စစ်အစိုးရကို ဖယ်ရှားနိုင်ရေးပဲ။
စီးပွားရေး၊ လူမှုရေး၊
နိုင်ငံရေး၊ စည်းရုံးရေးကိုလည်း တပြေးညီတည်း တိုးတက်အောင် လုပ်နေပါတယ်။
ဒီမိုကရေ
စီအတွက်
စစ်မှန်ထိရောက်တဲ့ ဦးတည်ချက်တွေနဲ့ ကျနော်တို့ ဆက်သွယ်ကြရမယ့် အင်အားစုအားလုံးကို
ကျနော်တို့ တူညီတာကနေစပြီး
ပေါင်းစည်းဖို့
လုပ်ဖို့
ရည်ရွယ်ချက်ရှိပါတယ်။"
စစ်အစိုးရမှ
၎င်းတို့ စိတ်ကြိုက်
ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံ
ဥပဒေကို အတည်ပြုခဲ့ပြီး
လာမည့် ၂၀၁၀ ခုနှစ်တွင်
ရွေးကောက်ပွဲ အောင်မြင်သွားပါက မွန်အမျိုးသားများ
အပါအ၀င် တခြားတိုင်းရင်းသားများ မုချမျိုးပြုတ်ရန်သာရှိမည်။
ပြည်သူတစ်ရပ်လုံးလည်း စစ်ကျွန်ဘ၀သို့ ရာသက်ပန် ကျရောက်ပေမည်ဖြစ်သဖြင့်
စစ်အစိုးရ ပြုတ်ကျရန်
အခြား လူမျိုးများနှင့် အတူ မွန်လူထုတရပ်လုံးကို အခြေခံပြီး ဦးဆောင်တိုက်ပွဲ
ဝင်သွားနိုင်
ရေး
အတွက် လိုအပ်ပါသဖြင့်
မွန်အမျိုးသား ဒီမိုကရေစီ (လွတ်မြောက်နယ် မြေ) အဖွဲ့ကို
ဖွဲ့စည်းရခြင်းဖြစ်သည်
ဟု ကြေငြာချက်တွင် ပါရှိသည်။
မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ကို
၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် စတင်
ဖွဲ့စည်းခဲ့ပြီး
၁၉၉၀ ရွေးကောက်ပွဲတွင်
မွန်အမျိုးသားဒီမိုကရေစီအဖွဲ့မှ
လွတ်တော် ကိုယ်စားလှယ် ၅ နေရာ အနိုင်ရရှိခဲ့သည်။ ရွေးကောက်ပွဲပြီးနောက်
စစ်အစိုးရ ထုတ်ပြန်သော ၁/၉၀ ကို ကန့်ကွက်ခဲ့သောကြောင့် ၁၉၉၂ ခုနှစ်တွင်
မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ကို
တရားဝင်ပါတီအဖြစ်မှ
ဖျက်သိမ်းခဲ့ပြီး
ပါတီခေါင်းဆောင်များမှာ နှစ်ရှည်
ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်။
|