|
“၀” ခေါင်းဆောင် တစ်ဦးကွယ်လွန်
အောင်မိုးမြင့်။
အောက်တိုဘာလ ၂၉ ရက်၊ ၂၀၀၇ ခုနှစ်။
“၀” အမျိုးးသားအဖွဲ့ချူပ် ခေါင်းဆောင်တစ်ဦးဖြစ်သူ
တာ့မဟာဆန်း သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ နခွန်းဖင်း ဆေးရုံတွင်
ယမန်နေ့ညက ကွယ်လွန်ခဲ့သည်။
ယမန်နေ့ည
သန်းခေါင်ကျော်အချိန်တွင် ပန်းနာရင်ကြပ်ရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး
ကွယ်လွန်ချိန်တွင် အ သက် ၆၁ နှစ်ရှိပြီဖြစ်သည်။
ဈာပန အခန်းအနားကို ယခုလတွင် တရုတ်ထုံးစံအရ
မြေမြုပ်ခြင်း မပြုလုပ်သောကြောင့် လာမည့် နိုဝင်ဘာလ ၂၀ ရက်နေ့တွင်
ပြုလုပ်မည်ဟု သမီးဖြစ်သူကပြောသည်။
ပြီးခဲ့သည့် ၁၇ ရက်နေ့မှစ၍ ချင်းမိုင်
ထောင်ကြီးမှတဆင့် နခွန်းဖင်း ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့သည်။
ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ နန်းကြာနုနှင့် သားသမီး
လေးဦး ကျန်ရစ်ခဲ့သည်။
တာ့မဟာဆန်းသည် ၁၉၄၅ ခုနှစ်တွင် ပန်ဆန်းမြို့မြောက်ဘက်
ဝိန်းငင်းမြို့၌ မွေးဖွားပြီး စော်ဘွား အဖ တာ့ ဖောင်း နှင့် အမိ နန်းလူ တို့၏
သားဦးဖြစ်သည်။
တာ့မဟာဆန်းသည် လွန်ခဲ့သည့် အနှစ် (၂၀) ခန့်မှစ၍
ထိုင်းမြန်မာနယ်စပ်တွင် အခြေစိုက်၍ “၀” ပြည်လွတ် မြောက်ရေး အတွက်
တိုက်ပွဲဝင်နေသူ တစ်ဦးဖြစ်သည်။
၁၉၉၅ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု၏
ဒုတိယ ဥက္ကဌ အဖြစ်တာဝန်ယူခဲ့သည်။
၁၉၉၆ ခုနှစ် ခန့်မှစ၍ အဆုတ်နှင့် လေပြွန်ယောင်
ရောဂါကို စတင်ခံစားခဲ့ရသည်။
၂၀၀၃ ခုနှစ်မှစ၍ အသက်ရှူကြပ်သော ရောဂါကြောင့် မကြာခဏ
အောက်ဆီဂျင်ပေးနေရသည်။
၂၀၀၅ ခုနှစ်
ဖေဖေါ်ဝါရီလတွင် တာ့မဟာဆန်းအား ဘိန်းဘုရင် ဝေရှောက်ခမ်နှင့် ဆက်နွယ်နေမှု၊
မက်သာအက် ဖက်တမင်း စိတ်ကြွဆေးပြား သန်းနှင့်ချီ၍ ထိုင်းနိုင်ငံအတွင်း မှောင်ခိုတင်သွင်းမှုတို့ဖြင့် ထိုင်းနိုင်ငံ မယ်ဟောင် ဆောင် တရားရုံးက ဖမ်းဝရမ်း
ထုတ်ခဲ့သည်။
၂၀၀၅ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် ၄င်း၏နေအိမ်တွင်
ဖမ်းဆီးခံရပြီးနောက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ အကျဉ်း ထောင်တွင်
ကွယ်လွန်ချိန်အထိ အကျဉ်းကျခံနေရသည်။
တာ့မဟာဆန်း ဖမ်းဆီးခံရပြီးနောက်ပိုင်း
“၀”အမျိုးသားတပ်မတော်ကို ဗိုလ်မှူးကြီး တာ့မိန်းမှ ဆက်လက်တာဝန် ယူထားသည်။ |