|
လူ ၅၄ ဦးသေဆုံးခဲ့သည့်
တရားမ၀င်လူသယ်မှု တရားခံများ ထောင်ဒဏ်များ ချမှတ်
နွယ်လေး။
အောက်တိုဘာလ ၂၉ ရက်၊ ၂၀၀၈ ခုနှစ်။
ထိုင်းနိုင်ငံတောင်ပိုင်း ငါးသယ်သည့် ရေခဲကားတွင်း မြန်မာအလုပ်သမား ၅၄ဦး
အသက်ရှူမွန်းကျပ်ပြီး သေဆုံး သည့် တရားမ၀င်လူသယ်ယူမှုနှင့် ပတ်သက်သူ တရားခံ
နှစ်ဦးအား မြန်မာနိုင်ငံ ကော့သောင်း တရားရုံးမှ ပြီးခဲ့ သည့်
စက်တင်ဘာ၂၇ရက်နေ့တွင် ထောင်ဒဏ် ၃ နှစ်နှင့် ၂ နှစ် တရားစီရင် ချက်ချလိုက်သည်ဟု
ကော့သောင်းဒေသခံ တစ်ဦးက ပြောသည်။
“
ဦးဝင်းနိုင်က သုံးနှစ် သူ့အမျိုးသမီးက ခြောက်လ ထောင်ကျတယ် ။ လူတွေက
အမှန်တိုင်း ခန့်မှန်းကြတာ က လူသေတဲ့ ကိစ္စဆိုတော့ အနည်းဆုံး ဆယ်နှစ်၊
ကြိုးမိန့်၊ တစ်သက်တစ်ကျွန်းလို့ အများကြီး ထင်ကြတာပေါ့ ။ လူတွေ
ဒီလောက်သေတာတောင် သုံးနှစ်ပဲကျတယ်။ မတန်ဘူးပေါ့ ။”
အဆိုပါ တရားမ၀င်
လူသယ်ယူမှုတွင် ပါဝင်သူ ကားမောင်းသမားအား ထိုင်းတရားရုံးက ထောင်ဒဏ် ၁၂ နှစ်
ချမှတ်ခဲ့သည်။ တရားခံကားမောင်းသူမှ အပြစ်ရှိကြောင်း ၀န်ခံသဖြင့် တရားရုံးမှ
ထောင်ဒဏ် ၆နှစ် သို့လျှော့ ချခဲ့သည် ။
၎င်း လူကုန်ကူးမှုတွင်
ပါဝင်သည့် အခြားတရားခံ ၅ ယောက် ကို ထိုင်းရှေ့နေများ ကောင်စီမှ တရားစွဲ
ဆိုထားဆဲ ဖြစ်သည် ။
“ရုံးချိန်းတက်နေတယ်။ ပြသာနာက မြန်မာဘက်က အမှုလာရင်ဆိုင်တဲ့လူက
နေ့ချင်းပြန်ဖြစ်နေတော့ ဒီဘက်က လုပ်ရကိုင်ရတာ အခက်ခဲဖြစ်နေတယ်။
ရနှောင်းမြို့ပိုင်ရုံး တာဝန်ရှိသူက ဒီအမှုပြီးတဲ့ ထိ ဒီဘက်ခြမ်းမှာ နေပေး ဖို့
ပြောပါတယ် ။မြန်မာဘက်ခြမ်းက ခွင့်မပြုဘူး။ မနက်လာ ညနေပြန်ဆိုတော့ အခက်ခဲရှိတယ်။
လူကုန်ကူးမှုက ဒေသခံ ရာဇ၀တ်ဂိုဏ်းနဲ့ ပတ်သက်တော့ သူတို့ အသက်အန္တရာယ်လဲ
စိုးရိမ်ရတယ်။ ဒါကြောင့် ကျနော်တို့ သွားတဲ့ချိန်ဆို ထိုင်းစစ်တပ်က လုံခြုံရေး
တာဝန်ယူပေးရတယ်။”
ကားအာမခံကုမ္ပဏီမှ
သေဆုံးသူများအား တစ်ဦးလျှင် ဘတ်တစ်သိန်း လျော်ကြေးငွေပေးမည် ဆိုသော်လည်း
ယခုချိန်ထိ ကြန့်ကြာနေခြင်းမှာ စာရွက်စာတမ်းများ ပြည့်စုံခြင်းမရှိပဲ
မြန်မာအစိုးရဘက်မှ ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်း ကြောင့်ဖြစ်သည်ဟု
၎င်းအမှုတွင် လိုက်ပါဆောင်ရွက်သူ အခြေခံလူထု လူ့အခွင့်အရေးပညာပေး (GHRE)
အဖွဲ့မှ ကိုထူးချစ်ကပြောသည်။
|