ကေအဲန်ယူခွဲထွက်အဖွဲ့ခေါင်းဆောင်တဦး ပေါက်ကွဲမှုတွင်သေဆုံး

ခွန်အောင်မြတ်။
ဇန်န၀ါရီလ ၃၀ ရက်
၂၀၀၈ ခုနှစ်

ကရင် အမျိုးသားအစည်းအရုံးမှ ခွဲထွက်ခဲ့သည့် ဗိုလ်ချုပ်ထိန်မောင် သမက်ဖြစ်သူ ဗိုလ်မှူး စောလယ်မှူး သည် ယမန်နေညဦးပိုင်းက ၄င်းနေထိုင်ရာအိမ်တွင် ဗုံးပေါက်ကွဲ သေဆုံးသွားသည်ဟု ၄င်းနှင့် နီးစပ်သည့် အသိုင်း အ၀ိုင်းက ပြောသည်

ဟုတ်တယ် မနေ ၁၂ နာရီ မိနစ် လေးဆယ်ကျော်ကျော်ကနေပီးတော့ သူတို ထူးကော်ကူး ဆက် ဆံရေးရုံးနားမှာပဲ အဲဒီမှာ သူနေတဲ့နေရာမှာပဲ ညက အချိန်ပေါ့ ခုနက ကျနော်ပြောတဲ့ ၁၂ နာရီကျော် အချိန်မှာ ဗုံးပေါက်တယ်လေ ဗုံးပေါက်တော့ သူ့ခန္ဓာကိုယ်က တစစီဖြစ်ကုန်တယ်။” ဟု အမည်မဖော် လိုသည့် ဒီကေဘီအေ အရာရှိတဦးကပြောသည်

ဗိုလ်မှူး စောလယ်မှူးသည် ၄င်းတို့အဖွဲ့ဝင်များနှင့် ပြေလည်မှုမရှိကြောင်းနှင့် ယင်းသည်  လုပ်ကံသတ်ဖြတ်ခြင်း ဖြစ်နိုင်ကောင်း ၄င်း က ဆက်လက် ပြောသည်

ဗိုလ်မှူးစောလယ်မှူး လုပ်ကံရမနှင့်ပတ်သက် မည်သူလက်ချက်ဖြစ်သည်ကို စွပ်စွဲ ပြောဆိုခြင်း မရှိသေးပေ

ဗုံးပေါက်ကွဲမဖြစ်ပွားရာနေရာတွင် ဗိုလ်မှူးစောလယ်မှူးတဦးသာရှို အခြားလူများ ထိခိုက်ဒ်ရာရှိခြင်းမရှိဟု သိ ရသည်

နောက်ဆုံးအခြေအနေနှင့်ပတ်သက် ယင်း အမည်မဖော်လိုသူ အရာရှိက-

နောက်ဆုံး အခြေအနေကတော့ သူတို အဲဒီမှာ လုံခုံရေးကတော့ နည်းနည်းပိုချ ထားတယ် အခု ထောက်လှမ်းရေးတွေကတော့ လွတ်တယ် ဒါပေမယ့် အရင်ခါတိုင်း ထူးကော်ကူးနဲ ဒီမယ်လစခန်းကို သွားသွားလာလာ လုပ်နေတဲ့နေရာကို ခုလောလောဆယ် ခေတ ဟိုးမနက်အစောကီး ကတည်းက နေပီးတော့ ခုအချိန်ထိပေါ့ ဆက်သွယ်ရေး လမ်းကောင်းတွေ ဖြတ်ထားတယ် ပိတ်ထားတယ်။” ဟု ဆက်ပြောသည်

ဗိုလ်ချုပ်ထိန်မောင် ထိန်းချုပ်သည့် နယ်မြေဖြစ်သည့် ထူးကော်ကူးတွင် ယခုလို အဖြစ်အပျက်မျိုး မရှိခဲ့ဖူးဟု ၄င်း နှင့် နီးစပ်သည် အသိုင်းအ၀ိုင်းးက ပြောသည်

ဗိုလ်ချုပ်ထိန်မောင်ကို ဆက်သွယ်မေးမြန်းရာတွင် ယင်းအဖြစ်အပျက်သည် မဟုတ်မှန်ကောင်း ငြင်းဆိုသည်

မဟုတ်ဘူး မဟုတ်ဘူး၊ အခု ဒီမှာသူ ဒီမှာလေ မြေသစ်ထိုးဖိုအတွက်ဟာ ဘူဒိုဇာတစီးနဲ လမ်းထိုး ဖိုနေရာ သွားလိုက်ပြနေတယ် မဟုတ်ဘူး မဟုတ်ဘူး ရှိတယ်နော်။”

ထူးကော်ကူးဒေသတွင် ကေအဲန်ယူခွဲထွက်အဖွဲဖြစ်သည့် ဗိုလ်ချုပ်ထိန်မောင်အဖွဲ့၊ ဒီကေဘီအေနှင့် မြန်မာစစ် တပ်တို အခြေချနေထိုင်နေပီး ဗိုလ်ချုပ်ထိန်မောင်နှင့် အဖွဲသည် သစ်ခုတ်လုပ်ငန်းကို အဓိက လုပ်ကကာ ထိုင်း ဖက်မှ မှောင်ခိုပစည်းများကို ဘားအံ မော်လမိုင် ပဲခူး ရန်ကုန်စသည့် မြို့ကြီးများဆီသို အခကေးငွေယူ သယ်ယူပိုဆောင်မများ ပြုလုပ်နေသည်

ဗိုလ်ချုပ်ထိန်မောင်နှင့် အဖွဲ့သည် ယမန်နှစ် ဖေဖော်ဝါရီလ အတွင်းက ကေအဲန်ယူမှ ခွဲထွက် မြန်မာစစ်အစိုးရ နှင့် သီးခြားအပစ်ခတ်ရပ်စဲပြုလုပ်ခဲ့ပီး ကေအဲန်ယူ တပ်မဟာ (၇) နယ်မြေ အတွင်းရှိ ထူးကော်ကူးဒေသတွင် ပြန်လည် အခြေချ နေထိုင်နေသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။